[Zawgyi]

ဒီလအေစာပိုင္းက အိႏၵိယကေန ေနာက္ထြက္မယ့္ Huawei MediaPad M7 Tablet ရဲ႕ ဓါတ္ပံုေတြ ထြက္လာပါတယ္။ Punch-hole Display ပါတဲ့ ပထမဆံုး Tablet ျဖစ္လာမွာပါ။ အဲဒီေနာက္မွာ နာမည္ေက်ာ္ Tipster ျဖစ္သူ Evan Blass က အဲဒီ တက္ဘလက္ကို MatePad Pro လို႔ နာမည္ေပးထားမယ္လို႔ ေျပာပါတယ္။ ႏုိင္ငံမ်ားစြာမွာ မတူညီတဲ့ နာမည္ေတြနဲ႔ ေရာင္းမယ္ထင္ပါတယ္။ အခုေတာ့ Blass က အဲဒီ တက္ဘလက္ရဲ႕ ဓါတ္ပံု အသစ္ ၁ ပံုကို မွ်ေ၀လိုက္ပါတယ္။

ဓါတ္ပံုအရ Huawei MediaPad M7 (MatePad Pro) ရဲ႕ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာတဲ့အတြက္ Screen-to-body Ratio က အရမ္းျမင့္ပါတယ္။ Punch-hole မွာ အေရွ႕ကင္မရာ တပ္ဆင္ထားပါတယ္။ Huawei ရဲ႕ Magic Keyboard နဲ႔ M-Pen Stylus ေတြ ေထာက္ပံ့ထားမွာပါ။ ဒီလအေစာပိုုင္းက 91mobiles က မွ်ေ၀ထားတဲ့ ဓါတ္ပံုေတြကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

MediaPad M6 10.8 Edition ကို ဒီႏွစ္ ဇြန္လမွာ ေၾကညာခဲ့ၿပီး Home Button ရဲ႕ ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာျမွပ္ႏွံထားပါတယ္။ MediaPad M7 မွာေတာ့ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းပါးတဲ့အတြက္ Home Button မပါလာႏုိင္ပါဘူး။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ပါလာႏုိင္ပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၂ လံုးနဲ႔ LED Flash ၁ လံုးကို ေဒါင္လိုက္တပ္ဆင္ထားပါတယ္။ ေအာက္ေျခက စပီကာ အေပါက္ ၂ ခုၾကားမွာ USB-C Port ထည့္သြင္းထားႏုိင္ပါတယ္။ 3.5mm Audio Jack ပါလာမလားဆိုတာ မသိရေသးပါဘူး။ M-Pen Stylus ကို Tablet ရဲ႕ ေဘးဘက္မွာ စိုက္ထားလို႔ ရမလားဆိုတာလည္း မသိရေသးပါဘူး။ Kirin 990 Chipset , 8GB RAM နဲ႔ 256GB Storage ပါတဲ့ စြမ္းရည္ျမင့္ ေမာ္ဒယ္ ျဖစ္ႏုိင္ပါတယ္။ ေစ်းႏႈန္းနဲ႔ ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : gizmochina

[Unicode]

Huawei MediaPad M7 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

ဒီလအစောပိုင်းက အိန္ဒိယကနေ နောက်ထွက်မယ့် Huawei MediaPad M7 Tablet ရဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။ Punch-hole Display ပါတဲ့ ပထမဆုံး Tablet ဖြစ်လာမှာပါ။ အဲဒီနောက်မှာ နာမည်ကျော် Tipster ဖြစ်သူ Evan Blass က အဲဒီ တက်ဘလက်ကို MatePad Pro လို့ နာမည်ပေးထားမယ်လို့ ပြောပါတယ်။ နိုင်ငံများစွာမှာ မတူညီတဲ့ နာမည်တွေနဲ့ ရောင်းမယ်ထင်ပါတယ်။ အခုတော့ Blass က အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံ အသစ် ၁ ပုံကို မျှဝေလိုက်ပါတယ်။

ဓါတ်ပုံအရ Huawei MediaPad M7 (MatePad Pro) ရဲ့ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာတဲ့အတွက် Screen-to-body Ratio က အရမ်းမြင့်ပါတယ်။ Punch-hole မှာ အရှေ့ကင်မရာ တပ်ဆင်ထားပါတယ်။ Huawei ရဲ့ Magic Keyboard နဲ့ M-Pen Stylus တွေ ထောက်ပံ့ထားမှာပါ။ ဒီလအစောပိုင်းက 91mobiles က မျှဝေထားတဲ့ ဓါတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

MediaPad M6 10.8 Edition ကို ဒီနှစ် ဇွန်လမှာ ကြေညာခဲ့ပြီး Home Button ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာမြှပ်နှံထားပါတယ်။ MediaPad M7 မှာတော့ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းပါးတဲ့အတွက် Home Button မပါလာနိုင်ပါဘူး။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ အောက်ခြေက စပီကာ အပေါက် ၂ ခုကြားမှာ USB-C Port ထည့်သွင်းထားနိုင်ပါတယ်။ 3.5mm Audio Jack ပါလာမလားဆိုတာ မသိရသေးပါဘူး။ M-Pen Stylus ကို Tablet ရဲ့ ဘေးဘက်မှာ စိုက်ထားလို့ ရမလားဆိုတာလည်း မသိရသေးပါဘူး။ Kirin 990 Chipset , 8GB RAM နဲ့ 256GB Storage ပါတဲ့ စွမ်းရည်မြင့် မော်ဒယ် ဖြစ်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina