Huawei ရဲ့ MediaPad Tablet Series ဟာ လက်ရှိအချိန်အထိ Android Tablet တွေထဲမှာ ရေပန်းစားနေတုန်းပဲဖြစ်ပါတယ်။ မကြာခင်မှာ Mobile World Congress 2018 လည်း ကျင်းပတော့မှာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Huawei ကနေ စမတ်ဖုန်းတွေထုတ်ပြသွားမှာမဟုတ်ပေမယ့် MWC မှာ MediaPad Tablet အသစ်တွေပြသသွားမယ့်ပုံပါပဲ။

အခု Huawei ရဲ့ MediaPad တွေကို MediaPad M5 လို့ ခေါ်ဆိုမှာဖြစ်ပြီးတော့ ၈ လက်မအရွယ် နဲ့ ၁၀ လက်မအရွယ်ဆိုပြီး ၂ မျိုးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ရဲ့ MediaPad M5 8 နဲ့ MediaPad M5 10 လို့ နာမည်ပေးထားတဲ့ Tablet ၂ ခုရဲ့ သတင်းအပြည့်အစုံထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

Huawei MediaPad M5 8 Tablet ဟာ RAM 4GB နဲ့ Internal Storage 32GB ပါဝင်မှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ယူရို ၃၈၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး Huawei MediaPad M5 10 ကလည်း Screensize ကလွဲပြီး ကျန်တဲ့ Specifications တွေတူညီမှာဖြစ်ပေမယ့် ဈေးနှုန်းအနေနဲ့ ယူရို ၄၂၀ ခန့်နဲ့ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Huawei က အဆင့်မြင့် MediaPad M5 10 Pro Tablet ကိုပါ မိတ်ဆက်သွားဖို့ ရှိနေပြီးတော့ အဆိုပါ Tablet ဟာ RAM 4GB နဲ့ 64GB Storage ပါဝင်ပြီးတော့ ယူရို ၅၂၀ ခန့်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ အဆိုပါ Tablet ဟာ LTE ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။

Android Tablet တွေကို Huawei က ပြန်ပြီး ဦးဆောင်နိုင်ဦးမလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။