Huawei ကုမ္ပဏီဟာ ပြီးခဲ့တဲ့မေလကမှ Enjoy Z 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဗားရှင်းအသစ်ကို အချိန်တိုအတွင်း ထပ်မံမိတ်ဆက်ဦးမယ့်ပုံပါပဲ။

Huawei Enjoy 20 Plus လို့အမည်ပေးထားတဲ့ စမတ်ဖုန်းသစ်ကို လာမယ့်ဇွန်လ ၂၄ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး Dimensity 800 ချစ်ပ်ဆက် အသုံးပြုလာမယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အခြား Specs တွေတော့ သိပ်မသိရသေးပေမယ့် Enjoy 20 Plus မှာ 48MP + 8MP + 2MP ကင်မရာသုံးလုံးတွဲ ပါဝင်လာမှာဖြစ်ပြီး 90Hz Refresh Rate နဲ့ Display တစ်ခုလည်း မြင်ရမှာပါ။ ဒီအချက်အလက်တွေက Enjoy Z 5G နဲ့ ကိုက်ညီနေပါတယ်။

Huawei ဟာ 5G Midrange စီးရီးအတွက် အတွင်းပိုင်းသိပ်မကွာခြားဘဲ ဒီဇိုင်းပိုင်းကွဲပြားတဲ့ အဖွဲ့ဝင်သစ်ကို မိတ်ဆက်ပြီး ဈေးကွက်ချဲ့ထွင်တာလည်း ဖြစ်နိုင်ပါတယ်။ Enjoy Z 5G ဖုန်းမှာ ဆဲလ်ဖီးကင်မရာအတွက် Waterdrop Notch ဒီဇိုင်း အသုံးပြုထားတာကြောင့် Enjoy 20 Plus မှာတော့ Enjoy 10 Plus ရဲ့ Pop-up ဆဲလ်ဖီးကင်မရာကို ဆက်လက်သုံးစွဲလာနိုင်ပါတယ်။

Ref – GSMArena