[Zawgyi]

Samsung က သူတို႔ရဲ႕ High-end Galaxy Tab S6 ကို မိတ္ဆက္ခဲ့တာ သိပ္အၾကာႀကီးမဟုတ္ေသးသလို၊ Apple ကလည္း သူတို႔ရဲ႕ iPad Pro ကို Update လုပ္ၿပီး ေဈးကြက္ထဲပို႔ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာပဲ တ႐ုတ္အေျခစိုက္ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei ကလည္း High-end တက္ဘလက္သစ္ကို ေဈးကြက္ထဲပို႔ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

91Mobiles ကေန ထြက္လာတဲ့သတင္းအရ Huawei ရဲ႕ တက္ဘလက္အသစ္ဟာ လာမယ့္ႏွစ္ အေစာပိုင္းမွာ ျဖန႔္ခ်ိဖြယ္ရွိတယ္လို႔ သိရပါတယ္။ ေပါက္ၾကားထားတဲ့ Render ပုံရိပ္ေတြအရဆိုရင္ေတာ့ Huawei ရဲ႕ တက္ဘလက္အသစ္ဟာ လုံးဝန္းတဲ့သ႑ာန္ရွိတဲ့ ေထာင့္ခ်ိဳးေတြနဲ႔ျဖစ္သလို Bezel ေတြကလည္း ေတာ္ေတာ္ေလးကို ပါးလ်ပါတယ္။

႐ုတ္တရက္ၾကည့္ရင္ Huawei ရဲ႕ တက္ဘက္သစ္ဟာ Apple ရဲ႕ iPad Pro နဲ႔ ဆင္တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ သိသိသာသာ ျခားနားသြားတာက Huawei ကေတာ့ အေရွ႕ဘက္ကင္မရာအတြက္ အေပၚဘက္ Bezel ထူသြားတာကို ေရွာင္ရွားဖို႔ Punch-hole ဒီဇိုင္းကို ေ႐ြးခ်ယ္လိုက္တာပဲ ျဖစ္ပါတယ္။

Huawei ရဲ႕ မ်ိဳးဆက္သစ္ တက္ဘလက္ေက်ာဘက္ဟာ အလူမီနီယံကိုယ္ထည္နဲ႔ျဖစ္ၿပီး ဘယ္ဘက္အေပၚေထာင့္မွာ ကင္မရာေတြကို ေထာင္လိုက္ တပ္ဆင္ေပးထားတာကို Render ပုံရိပ္မွာ ေတြ႕ျမင္ရပါတယ္။ အခုေပါက္ၾကားလာတဲ့ Render က အရည္အေသြးနိမ့္တာေၾကာင့္ ကင္မရာေတြကို ေသခ်ာမျမင္ရေပမယ့္ အနည္းဆုံး ႏွစ္လုံး ျဖစ္မယ္လို႔ ယူဆရပါတယ္။

ေအာက္ေျခမွာ စပီကာေပါက္ တပ္ဆင္ေပးထားၿပီး USB-C port လည္း ပါဝင္ပါတယ္။ 3.5mm headphone jack ပါဝင္ျခင္း ရွိလား၊ မရွိဘူးလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ Huawei ရဲ႕ Magnetic ကီးဘုတ္၊ M-Pen စတာေတြနဲ႔ တြဲဖက္အသုံးျပဳလို႔ ရမွာလည္း ျဖစ္ပါတယ္။

Huawei ရဲ႕ ဒီ တက္ဘလက္သစ္ကို MediaPad M7 လို႔ ေခၚတြင္သြားဖြယ္ရွိၿပီး ခန႔္မွန္းရသေလာက္ေတာ့ Kirin 990 ကို အသုံးျပဳလာဖြယ္ရွိပါတယ္။ Memory ကေတာ့ 6GB ေလာက္ ျဖစ္လာဖြယ္ရွိၿပီး သိုေလွာင္မႈပမာဏကေတာ့ 128GB ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Punch-hole မျက်နှာပြင်နဲ့ Huawei ရဲ့ တက်ဘလက်သစ် Render များ ပေါက်ကြားထွက်ပေါ်လာ

Samsung က သူတို့ရဲ့ High-end Galaxy Tab S6 ကို မိတ်ဆက်ခဲ့တာ သိပ်အကြာကြီးမဟုတ်သေးသလို၊ Apple ကလည်း သူတို့ရဲ့ iPad Pro ကို Update လုပ်ပြီး ဈေးကွက်ထဲပို့ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကလည်း High-end တက်ဘလက်သစ်ကို ဈေးကွက်ထဲပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

91Mobiles ကနေ ထွက်လာတဲ့သတင်းအရ Huawei ရဲ့ တက်ဘလက်အသစ်ဟာ လာမယ့်နှစ် အစောပိုင်းမှာ ဖြန့်ချိဖွယ်ရှိတယ်လို့ သိရပါတယ်။ ပေါက်ကြားထားတဲ့ Render ပုံရိပ်တွေအရဆိုရင်တော့ Huawei ရဲ့ တက်ဘလက်အသစ်ဟာ လုံးဝန်းတဲ့သဏ္ဍာန်ရှိတဲ့ ထောင့်ချိုးတွေနဲ့ဖြစ်သလို Bezel တွေကလည်း တော်တော်လေးကို ပါးလျပါတယ်။

ရုတ်တရက်ကြည့်ရင် Huawei ရဲ့ တက်ဘက်သစ်ဟာ Apple ရဲ့ iPad Pro နဲ့ ဆင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သိသိသာသာ ခြားနားသွားတာက Huawei ကတော့ အရှေ့ဘက်ကင်မရာအတွက် အပေါ်ဘက် Bezel ထူသွားတာကို ရှောင်ရှားဖို့ Punch-hole ဒီဇိုင်းကို ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။

Huawei ရဲ့ မျိုးဆက်သစ် တက်ဘလက်ကျောဘက်ဟာ အလူမီနီယံကိုယ်ထည်နဲ့ဖြစ်ပြီး ဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာတွေကို ထောင်လိုက် တပ်ဆင်ပေးထားတာကို Render ပုံရိပ်မှာ တွေ့မြင်ရပါတယ်။ အခုပေါက်ကြားလာတဲ့ Render က အရည်အသွေးနိမ့်တာကြောင့် ကင်မရာတွေကို သေချာမမြင်ရပေမယ့် အနည်းဆုံး နှစ်လုံး ဖြစ်မယ်လို့ ယူဆရပါတယ်။

အောက်ခြေမှာ စပီကာပေါက် တပ်ဆင်ပေးထားပြီး USB-C port လည်း ပါဝင်ပါတယ်။ 3.5mm headphone jack ပါဝင်ခြင်း ရှိလား၊ မရှိဘူးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Huawei ရဲ့ Magnetic ကီးဘုတ်၊ M-Pen စတာတွေနဲ့ တွဲဖက်အသုံးပြုလို့ ရမှာလည်း ဖြစ်ပါတယ်။

Huawei ရဲ့ ဒီ တက်ဘလက်သစ်ကို MediaPad M7 လို့ ခေါ်တွင်သွားဖွယ်ရှိပြီး ခန့်မှန်းရသလောက်တော့ Kirin 990 ကို အသုံးပြုလာဖွယ်ရှိပါတယ်။ Memory ကတော့ 6GB လောက် ဖြစ်လာဖွယ်ရှိပြီး သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Ref: Phone Arena