Huawei က တရုတ်မှာ Nova 12 Series ကို ကြေညာလိုက်ပြီး Nova 12 Lite လည်း ပါပါတယ်။ Nova 12 Lite ဟာ အားလုံးထဲမှာ စွမ်းရည်အနိမ့်ဆုံး ဖြစ်ပေမယ့် ကျန်တဲ့ မော်ဒယ်တွေနဲ့ ဒီဇိုင်း တူညီပါတယ်။

6.7” FHD+ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ လုံခြုံရေးအတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

Snapdragon 778G SoC မောင်းနှင်ထားပြီး 256GB နဲ့ 512GB Storage တွေ ထုတ်လုပ်ထားပါတယ်။ HarmonyOS 4 မောင်းနှင်ထားပြီး 66W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါပါတယ်။ ၁၅ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းနဲ့ ၃၁ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Huawei Nova 12 Lite

Huawei Nova 12 Lite ရဲ့ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide Angle နဲ့ Macro ကင်မရာ ၃ လုံးပါလာပါတယ်။ ဆဲလ်ဖီး ကင်မရာက 60MP Ultrawide Angle ဖြစ်ပါတယ်။

Main ကင်မရာက 4K Video ရိုက်ကူးပေးနိုင်သလို 720p@960fps Super Slow-motion Video ရိုက်ကူးနိုင်ပါတယ်။ Main ကင်မရာက 10x Digital Zoom ကိုလည်းထောက်ပံ့ပါတယ်။

Huawei Nova 12 Lite ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၄၉၉ ယွမ်နဲ့ 512GB Version ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်းခွဲနဲ့ ၁၃ သိန်းခွဲ ဝန်းကျင် ကျသင့်ပါတယ်။ Blue, Black နဲ့ White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref: gizmochina