လက်ရှိအခြေအနေအရ နောက်ဆုံးပေါ် အလယ်အလတ်တန်း Smartphone တွေဖြစ်တဲ့ Huawei နဲ့ Vivo တွေထဲက
ပြပါဆိုရင် HUAWEI nova 2i နဲ့ V7+ တို့ကိုပဲ ဖော်ပြမိမှာပါ။ဒါကိုပဲ သုံးစွဲသူတွေ စိတ်ဝင်တစား သတိထားမိနိုင်တဲ့ အချက်တွေ
ကနေ ထပ်မံ ထုတ်နှုတ်ပြရမယ် ဆိုရင်တော့ Camera ပိုင်းဆိုတာသေချာသလောက်ပါပဲ။သူတို့တွေအနေနဲ့လည်း
တူညီတဲ့ Characteristics တွေရှိနေတယ်လို့ ပြောနိုင်ပေမယ့် တစ်ကယ်တော့ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိနေတယ်
ဆိုတာလည်း ကျွန်တော့ အနေနဲ့ မငြင်းနိုင်ပြန်ဘူးပေါ့။ Camera ပိုင်းရဲ့ အားသာချက် ၊ အားနည်းချက်တွေလို့ ထင်မြင်
ယူဆရတဲ့ အပိုင်းတွေကို အနည်းငယ် ကြည့်လိုက်ကြရအောင်ဗျာ။

ဒါနဲ့…… Screens အရွယ်အစားကြီးလေလေ ပိုကောင်းလေလေလို့ များယူဆကြသလားဗျာ?ဘယ်လိုပဲ ဖြစ်ဖြစ် ကြည့်
ရတာတော့ ဒီနေ့ခေတ်မှာ အနားသပ်မဲ့ ဘောင်ပျောက် Screens ဖုန်းတွေက ဈေးကွက်ကို စိုးမိုးနေတယ်ဆို တာအမှန်
ပါပဲ။ဒီလို အချက်တွေနဲ့လည်းပြည့်စုံပြီး အလယ်အလတ်တန်းလည်းကျတဲ့ ဖုန်းတွေက ခုပြောနေတဲ့ ဖုန်း ၂ မျိုးပါပဲ။
အမ်? သူတို့ထဲက ဘယ်ဖုန်းကပိုပြီး ကောင်းမွန်တဲ့ Photos တွေရယူနိုင်လဲ?ဒီအချက် ကိုနှိုင်းယှဉ်နိုင်ဖို့ သူတို့ တွေကနေ
ရိုက်ယူထားတဲ့ ပုံတွေကို လေ့လာသူတွေကတစ်ဆင့် ကြည့်ရူ့လိုက်ကြရအောင်ဗျာ။စာဖတ် ပရိတ်သတ်ကတော့ Judge
လုပ်ပေါ့။

ရိုက်ယူထားတဲ့ Photos တွေကို Auto Mode Settings အနေနဲ့ပဲထားထားတယ်လို့ဆိုပါတယ်။ စက္ကန့် အနည်းငယ်သာ
ခြားပြီးရိုက်တယ် ၊ တူညီတဲ့ အကွာအဝေး နဲ့ ထောင့်တွေကနေ ရိုက်ပြထားတာပါ။ရိုက်ယူထားတဲ့ ပုံတွေအားလုံး ပြုပြင်
ဖန်တီးထားခြင်းမရှိပါဘူး။ ပုံတွေအားလုံး ကိုကြည့်ရှုရလွယ်ကူအောင်တော့ အရွယ်အစားတူညီအောင် ညှိယူထားပါတယ်။

ထပ်မံပြီးတော့

Vivo V7+

မကြာသေးခင်ကာလကမှ ထွက်ပေါ်လာပြီး screen-to-body အချိုးကို 84.4% ထိပြုပြင်ဖန်တီးထားပါတယ်။သူ့ရဲ့

မျက်နှာပြင်ကတော့ 5.99″ Full View Display ကို 1440 x 720 resolution ထောက်ပံ့ပေးထားပြီး ၊ Snapdragon

450 Chipset ၊ 64GB Interhnal Storage ၊ 4GB RAM ၊ 16MP rear camera LED flash ၊ 24MP Front Camera with

Moonlight Glow နောက်ဆုံး Battery အနေနဲ့ 3,225mAh ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ အောက်ပါအတိုင်းထပ်မံ လေ့လာတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။

အထက်ပါ Spec တွေကိုကြည့်ပြီး နောက်ဆုံးအနေနဲ့ ခြုံငုံပြီး တွေ့နိုင်မယ်ဆိုရင်ဖြင့်

HUAWEI nova 2i က

– Screen Resolution ပိုမြင့်ပါတယ်

– CPU ပိုင်းပိုမိုကောင်းမွန်ပါတယ်

– Rear နဲ့ Front Camera တွေက Dual တွေဖြစ်ပါတယ်

– Battery သိုလှောင်နိုင်မူ့ အပိုင်းအနည်းငယ် ပိုများပါတယ်

– အဓိက အချက်ကတော့ ဈေးနှုန်းပိုမိုသက်သာပါတယ်

သင့်အနေနဲ့ ကွာခြားမှုတွေကို မြင်တွေ့နေပြီလို့ ထင်ပါတယ်။ ရိုက်ယူထား တဲ့ Camera တွေအကြောင်းလည်းနဲနဲ တင်ပြချင်ပါတယ်။

Vivo V7+ အနေနဲ့က

16-Megapixel Front Shooter

24-Megapixel Selfie Shooter Plus Vivo’s Face Beauty Software ကိုအသုံးပြုထားပါတယ်။

HUAWEI nova 2i ကတော့

16 and 2-Megapixels Combo Back အတွက်သုံးထားပြီး

13 and 2-Megapixel Shooters Front ကို အသုံးပြုထားပါတယ်။

ဘယ်ဟာက သင့်အတွက် စိတ်ကျေနပ်မူ့ပိုရလိုက်လဲ ကိုယ်တိုင်သာ ဆုံးဖြတ်ကြည့်လိုက်ပါ ဗျာ။

ကဲနောက်ထပ် ကြည့်သင့်တာတွေကို ထပ်ကြည့်လိုက်ကြရအောင်…

===============================================================

ကျွန်တော်တို့ လိုသုံးစွဲသူတွေ စာဖတ်သူတွေ ခဏခဏ ကြုံတွေ့နေရတဲ့ အရာတစ်ခုကတော့ ဘယ်နေရာ

သွားသွား ဘာပဲဖတ်လိုက်ဖတ်လိုက် ရှိသမျှ Specification တွေကို ရေးသားဖော်ပြထားတာပါပဲ။ ဒီ ရှည်လျားထွေပြား

လှတဲ့ နည်းပညာ ဆိုင်ရာ Spec တွေကို ကြည့်လို့လဲ ကျွန်တော့ အနေနဲ့ကတော့ Blur…Blur…Blur…… ပဲသိပါတယ်

သေချာနားလည် နိုင်စွမ်းမရှိသလို နားလည်ချင်ရင်လည်း ရေဆုံးမြေဆုံး သက်ဆိုင်ရာ နည်းပညာတွေ ကို

လိုက်ဖတ်ပြီး ဖတ်လို့မဆုံး ခင်မှာတင် နောက်ထပ် အသစ်တွေ ထပ်ပေါ်နေခဲ့တာကို ကြုံဖူးတဲ့

အတွက် စိတ်မသက်သာစရာပါပဲ။ဒီတော့ ထင်သာမြင်သာ တာလေးတွေကိုပဲ ကောက်နှုတ်လိုက်ရပါတယ်။

ဒီတော့ Huawei ကနေ စလိုက်ကြရအောင်ဗျာ…

HUAWEI nova 2i

Huawei ရဲ့ အသစ်စက်စက် ထွက်ရှိထားတဲ့ အလတ်တန်းထဲက Smartphone ဖြစ်ပါတယ်။သူ့အနေနဲ့ 5.9″ IPS

Display ၊  18:9 Aspect Ratio နောက်ထပ် 2160 x 1080 Resolution ရုပ်ထွက်ဖြစ်ပြီး Kirin 659 chipset ၊ 64GB

Internal Storage ၊ 4GB RAM ၊ 16MP + 2MP Dual Rear Cameras LED flash ၊ 13MP + 2MP Dual Front Cameras

နောက်ဆုံး အနေနဲ့ ကတော့ 3,340mAh Battery ဖြစ်ပါတယ်။

===============================================================

ကျွန်တော်တို့ လိုသုံးစွဲသူတွေ စာဖတ်သူတွေ ခဏခဏ ကြုံတွေ့နေရတဲ့ အရာတစ်ခုကတော့ ဘယ်နေရာ

သွားသွား ဘာပဲဖတ်လိုက်ဖတ်လိုက် ရှိသမျှ Specification တွေကို ရေးသားဖော်ပြထားတာပါပဲ။ ဒီ ရှည်လျားထွေပြား

လှတဲ့ နည်းပညာ ဆိုင်ရာ Spec တွေကို ကြည့်လို့လဲ ကျွန်တော့ အနေနဲ့ကတော့ Blur…Blur…Blur…… ပဲသိပါတယ်

သေချာနားလည် နိုင်စွမ်းမရှိသလို နားလည်ချင်ရင်လည်း ရေဆုံးမြေဆုံး သက်ဆိုင်ရာ နည်းပညာတွေ ကို

လိုက်ဖတ်ပြီး ဖတ်လို့မဆုံး ခင်မှာတင် နောက်ထပ် အသစ်တွေ ထပ်ပေါ်နေခဲ့တာကို ကြုံဖူးတဲ့

အတွက် စိတ်မသက်သာစရာပါပဲ။ဒီတော့ ထင်သာမြင်သာ တာလေးတွေကိုပဲ ကောက်နှုတ်လိုက်ရပါတယ်။

ဒီတော့ Huawei ကနေ စလိုက်ကြရအောင်ဗျာ…

HUAWEI nova 2i

Huawei ရဲ့ အသစ်စက်စက် ထွက်ရှိထားတဲ့ အလတ်တန်းထဲက Smartphone ဖြစ်ပါတယ်။သူ့အနေနဲ့ 5.9″ IPS

Display ၊  18:9 Aspect Ratio နောက်ထပ် 2160 x 1080 Resolution ရုပ်ထွက်ဖြစ်ပြီး Kirin 659 Chipset ၊ 64GB

Internal Storage ၊ 4GB RAM ၊ 16MP + 2MP Dual Rear Cameras LED flash ၊ 13MP + 2MP Dual Front Cameras

နောက်ဆုံး အနေနဲ့ ကတော့ 3,340mAh Battery ဖြစ်ပါတယ်။

Vivo V7+

– Screen Size မဆိုစလောက်ပိုမိုကြီးမားပါတယ်

– GUP ပိုင်း ပိုမိုအားကောင်းပါတယ်

– Front Camera ပိုင်း Resolution ပိုများပါတယ်

– Face ID Sensor ပါရှိပါတယ်။

ဒီလောက်ဆိုရင် ထင်သာမြင်သာမယ့် အပိုင်းလေးတွေကို သတိထားမိမယ် ထင်ပါတယ်။ အားလုံး ခြုံငုံပြီး ကြည့်မယ်ဆိုရင် HUAWEI nova 2i က ဈေးနှုန်း သက်သာတဲ့အပြင် အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေ ပါဝင်နေတာကို တွေ့မြင်နိုင်ပါတယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။