Huawei ကနေ အခုအချိန်မှာ Nova 3e စမတ်ဖုန်းကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ပြသသွားမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ အခုအချိန်မှာ Teaser Image ကို ထုတ်ပြသွားပြီးတော့ အဆိုပါ ဓါတ်ပုံအရ Nova 3e စမတ်ဖုန်းဟာ Huawei P20 Lite ဖုန်းလည်း ဖြစ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Huawei Nova 3e စမတ်ဖုန်းဟာ 5.84″ Display ပါဝင်မှာဖြစ်ပြီတော့ 2280×1080 Resolution ရှိမှာဖြစ်ပါတယ်။ Camera အနေနဲ့တော့ 16MP + 2MP Dual Camera ပါဝင်လာမှာဖြစ်ပါတယ်။

Processor အနေနဲ့ Kirin 659 Processor နဲ့ RAM 4GB ပါဝင်မှာဖြစ်ပြီးတော့ Storage အနေနဲ့ 64GB ပါဝင်လာမှာပါ။

ဒီဇိုင်းအနေနဲ့တော့ Dual Camera ကို Apple iPhone X အတိုင်းပဲ ပြုလုပ်ထားသလို Apple iPhone X လိုပဲ Notch Bar ပါဝင်လာမှာဖြစ်ပါတယ်။