[Zawgyi]

Huawei Nova 4e စမတ္ဖုန္းကိုေတာ့ လာမယ့္ မတ္လ ၁၄ ရက္ေန႔မွာ တရုတ္ႏုိင္ငံေစ်းကြက္အတြက္ မိတ္ဆက္လာေတာ့မွာပါ။ ဒီဖုန္းကိုပဲ ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ Huawei P30 Lite အမည္နဲ႔ ျဖန္႔ခ်ိလာမွာ ျဖစ္ပါတယ္။ မိတ္ဆက္ဖို႔ ရက္အနည္းငယ္လိုေသးတဲ့အခ်ိန္မွာ အဓိက Specs ေတြက ထြက္ေပၚလာခဲ့ပါၿပီ။

သူတုိ႔ရဲ႕ တရားဝင္ပုိစတာကေန Nova 4e မွာ 32MP ဆယ္ဖီကင္မရာပါမယ္ဆိုတာ ျပသခဲ့ၿပီးသားပါ။ အခုထြက္လာတဲ့ Leak မွာ Nova 4e ကို 6.15” လက္မအရြယ္ IPS LCD Display သုံးစြဲထားၿပီး 1080 x 2340p Resolution ထုတ္လုပ္ေပးႏုိင္မယ္လို႔ သိရပါတယ္။

အတြင္းပိုင္းမွာေတာ့ 12nm တည္ေဆာက္ပုံနဲ႔ Kirin 710 ခ်စ္ပ္ဆက္ကို အသုံးျပဳလာတယ္။ မန္မုိရီပုိင္းမွာ 4GB သို႔မဟုတ္ 6GB RAM မန္မုိရီနဲ႔အတူ 128 GB Storage ပါဝင္လာမွာပါ။ Android 9 Pie ကို အေျခခံထားတဲ့ EMUI 9.0.1 ကိုအသုံးျပဳရမွာျဖစ္ၿပီး 3,340 mAh ဘကၳရီႀကီးကေတာ့ 18W အားသြင္းစနစ္နဲ႔ ျဖစ္တယ္။

ဟန္းဆက္ရဲ႕အတုိင္းအထြာက 152.9 x 72.7 x 7.4mm ျဖစ္ၿပီး Magic Night Black, Bird Blue နဲ႔ Pearl White ဆုိၿပီး အေရာင္သုံးမ်ဳိး ေရြးခ်ယ္ဝယ္ယူႏုိင္မွာပါ။ အျခားသတင္းရင္းျမစ္အရေတာ့ ေနာက္ဘက္မွာ ကင္မရာက သုံးလုံးတြဲပါလာမွာျဖစ္ၿပီး 20MP + 16MP + 2MP ျဖစ္မွာပါ။ ေစ်းႏႈန္းကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။

Ref – Playful Droid

[Unicode]

Huawei Nova 4e စမတ်ဖုန်းကိုတော့ လာမယ့် မတ်လ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်အတွက် မိတ်ဆက်လာတော့မှာပါ။ ဒီဖုန်းကိုပဲ နိုင်ငံတကာဈေးကွက်ကိုတော့ Huawei P30 Lite အမည်နဲ့ ဖြန့်ချိလာမှာ ဖြစ်ပါတယ်။ မိတ်ဆက်ဖို့ ရက်အနည်းငယ်လိုသေးတဲ့အချိန်မှာ အဓိက Specs တွေက ထွက်ပေါ်လာခဲ့ပါပြီ။

သူတို့ရဲ့ တရားဝင်ပိုစတာကနေ Nova 4e မှာ 32MP ဆယ်ဖီကင်မရာပါမယ်ဆိုတာ ပြသခဲ့ပြီးသားပါ။ အခုထွက်လာတဲ့ Leak မှာ Nova 4e ကို 6.15” လက်မအရွယ် IPS LCD Display သုံးစွဲထားပြီး 1080 x 2340p Resolution ထုတ်လုပ်ပေးနိုင်မယ်လို့ သိရပါတယ်။

အတွင်းပိုင်းမှာတော့ 12nm တည်ဆောက်ပုံနဲ့ Kirin 710 ချစ်ပ်ဆက်ကို အသုံးပြုလာတယ်။ မန်မိုရီပိုင်းမှာ 4GB သို့မဟုတ် 6GB RAM မန်မိုရီနဲ့အတူ 128 GB Storage ပါဝင်လာမှာပါ။ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.0.1 ကိုအသုံးပြုရမှာဖြစ်ပြီး 3,340 mAh ဘက္ထရီကြီးကတော့ 18W အားသွင်းစနစ်နဲ့ ဖြစ်တယ်။

ဟန်းဆက်ရဲ့အတိုင်းအထွာက 152.9 x 72.7 x 7.4mm ဖြစ်ပြီး Magic Night Black, Bird Blue နဲ့ Pearl White ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ အခြားသတင်းရင်းမြစ်အရတော့ နောက်ဘက်မှာ ကင်မရာက သုံးလုံးတွဲပါလာမှာဖြစ်ပြီး 20MP + 16MP + 2MP ဖြစ်မှာပါ။ ဈေးနှုန်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။

Ref – Playful Droid