[Zawgyi]

Huawei Nova 4e သိုမဟုတ္ Huawei P30 Lite ရဲ႕ အေၾကာင္းအရာေတြဟာ မိတ္ဆက္ပြဲရက္နီးလာတာနဲ႔အမွ် ေပါက္ၾကားထြက္ေပၚလာတဲ့ အခ်က္အလက္ေတြကလည္း ပိုလို႔ မ်ားလာပါတယ္။ အဆိုပါ စမတ္ဖုန္းမွာ 32MP Front-facing Camera ပါဝင္မယ္ဆိုတာကို Huawei ဘက္က Teaser ဓာတ္ပုံနဲ႔တကြ အတည္အလင္း ထုတ္ျပန္ထားၿပီး ျဖစ္သလို မတ္လ ၁၄ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားမယ္ဆိုတဲ့ အေၾကာင္းကိုလည္း ေၾကညာထားၿပီး ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ Huawei P30 Lite အေနနဲ႔ မိတ္ဆက္သြားဖြယ္ ရွိပါတယ္။

Huawei Nova 4e လို႔ ယူဆရတဲ့ စမတ္ဖုန္း တစ္လုံးဟာ Geekbench ဝက္ဆိုက္ေပၚကို ဝင္ေရာက္လည္ပတ္ခဲ့တာျဖစ္ၿပီး Single-Core Score မွာ ၁၅၁၃မွတ္ နဲ႔ Multi-Core Score မွာ ၄၉၅၅မွတ္ ရရွိထားတာ ေတြ႕ရပါတယ္။ Processor အပိုင္းအတြက္ Kirin 710 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္တာ ေတြ႕ရမွာပါ။

ေကာလဟလသတင္းေတြအရဆိုရင္ Huawei Nova 4e ရဲ႕ Display အပိုင္းအတြက္ Resolution 1080 x 2312 pixels ရွိတဲ့ ၆.၁၅လက္မ Display ကို အသုံးျပဳထားႏိုင္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Triple Camera Setup ကို အသုံးျပဳထားမွာျဖစ္ၿပီး 20MP+16MP+2MP Camera Sensor ေတြကို တြဲဖက္ တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3340mAh ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Kirin 710 SoC, RAM 6GB နဲ့ ပွဲထွက်လာနိုင်တဲ့ Huawei Nova 4e

Huawei Nova 4e သိုမဟုတ် Huawei P30 Lite ရဲ့ အကြောင်းအရာတွေဟာ မိတ်ဆက်ပွဲရက်နီးလာတာနဲ့အမျှ ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်တွေကလည်း ပိုလို့ များလာပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ 32MP Front-facing Camera ပါဝင်မယ်ဆိုတာကို Huawei ဘက်က Teaser ဓာတ်ပုံနဲ့တကွ အတည်အလင်း ထုတ်ပြန်ထားပြီး ဖြစ်သလို မတ်လ ၁၄ရက်နေ့မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ Huawei P30 Lite အနေနဲ့ မိတ်ဆက်သွားဖွယ် ရှိပါတယ်။

Huawei Nova 4e လို့ ယူဆရတဲ့ စမတ်ဖုန်း တစ်လုံးဟာ Geekbench ဝက်ဆိုက်ပေါ်ကို ဝင်ရောက်လည်ပတ်ခဲ့တာဖြစ်ပြီး Single-Core Score မှာ ၁၅၁၃မှတ် နဲ့ Multi-Core Score မှာ ၄၉၅၅မှတ် ရရှိထားတာ တွေ့ရပါတယ်။ Processor အပိုင်းအတွက် Kirin 710 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်တာ တွေ့ရမှာပါ။

ကောလဟလသတင်းတွေအရဆိုရင် Huawei Nova 4e ရဲ့ Display အပိုင်းအတွက် Resolution 1080 x 2312 pixels ရှိတဲ့ ၆.၁၅လက်မ Display ကို အသုံးပြုထားနိုင်ပါတယ်။ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး 20MP+16MP+2MP Camera Sensor တွေကို တွဲဖက် တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3340mAh ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Ref : Gizmochina