[Zawgyi]

Huawei nova 5 ေတြကို ေဈးကြက္ထဲပို႔ဖို႔ တစ္ပတ္မျပည့္ေတာ့တဲ့အခ်ိန္မွာပဲ nova 5 pro ရဲ႕ ပုံရိပ္ေတြက ေပါက္ၾကားထြက္ေပၚလာပါေတာ့တယ္။ ေပၚထြက္လာတဲ့ nova 5 pro ရဲ႕ renders ဟာ အခ်က္အလက္အေသးစိတ္ကို မေဖာ္ျပေပမယ့္ ဒီဇိုင္းပိုင္းကိုေတာ့ ေသခ်ာျမင္ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။

Huawei nova 5 Pro ဟာ Waterdrop ပုံစံနဲ႔ ထြက္ေပၚလာမယ္ဆိုတာကို ျပသေနပါတယ္။ ထိပ္ပိုင္းနဲ႔ ဘယ္၊ ညာ ႏွစ္ဘက္မွာရွိေနတဲ့ Bezel ေတြကေတာ့ ခပ္ပါးပါးျဖစ္တာကိုေတြ႕ရေပမယ့္ ေအာက္ေျခ Chin ကေတာ့ ပါးတယ္လို႔ မေျပာႏိုင္တဲ့ အေနအထားတစ္ရပ္ ျဖစ္ပါတယ္။

Waterdorp notch ထဲမွာ Selfie ကင္မရာတစ္လုံးကို ေတြ႕ျမင္ရေပမယ့္ Megapixel ပမာဏကိုေတာ့ မသိရွိရေသးပါဘူး။ အလားတူပဲ ေက်ာဘက္မွာလည္း ကင္မရာေလးလုံး တပ္ဆင္ေပးထားတာကို ေတြ႕ျမင္ရေပမယ့္ ဒီကင္မရာေတြရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရွိရေသးပါဘူး။ ဒီထဲက တစ္လုံးကေတာ့ 3D ToF ကင္မရာပဲ ျဖစ္ပါလိမ့္မယ္။

ေက်ာဘက္မွာ Fingerprint scanner အတြက္ေနရာမရွိသလို၊ ေဘးေဘာင္ေတြမွာလည္း မရွိပါဘူး။ ဒါေၾကာင့္ Under-Display Fingerprint scanner ျဖစ္မယ္လို႔ ဆိုႏိုင္ပါတယ္။ Render ပုံရိပ္မွာလည္း မ်က္ႏွာျပင္မွာ UD fingerprint ျဖစ္ေၾကာင္း ျပသထားပါတယ္။ ကိုယ္ထည္ကေတာ့ Glass အုပ္ထားဖြယ္ရွိၿပီး အေရာင္အားျဖင့္ ေလးေရာင္ ေ႐ြးခ်ယ္ႏိုင္မယ္လို႔ ဆိုရမွာပါ။

အတည္မျပဳရေသးတဲ့ သတင္းေတြအရ Huawei nova 5 Pro ဟာ Kirin 980 SoC ကိုပဲ အသုံးျပဳထားမယ္လို႔ ဆိုပါတယ္။ မၾကာခင္ တရားဝင္မိတ္ဆက္ေတာ့မယ့္ Huawei nova 5 နဲ႔ nova 5i ေတြ ထြက္ေပၚလာၿပီးရင္ေတာ့ nova 5 Pro ရဲ႕ အခ်က္အလက္ေတြအေၾကာင္း ပိုၿပီးသိလာရမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာ ၄ လုံး၊ Waterdrop Notch နဲ့ Huawei nova 5 Pro ပုံရိပ်များ ထွက်ပေါ်လာပြီ

Huawei nova 5 တွေကို ဈေးကွက်ထဲပို့ဖို့ တစ်ပတ်မပြည့်တော့တဲ့အချိန်မှာပဲ nova 5 pro ရဲ့ ပုံရိပ်တွေက ပေါက်ကြားထွက်ပေါ်လာပါတော့တယ်။ ပေါ်ထွက်လာတဲ့ nova 5 pro ရဲ့ renders ဟာ အချက်အလက်အသေးစိတ်ကို မဖော်ပြပေမယ့် ဒီဇိုင်းပိုင်းကိုတော့ သေချာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Huawei nova 5 Pro ဟာ Waterdrop ပုံစံနဲ့ ထွက်ပေါ်လာမယ်ဆိုတာကို ပြသနေပါတယ်။ ထိပ်ပိုင်းနဲ့ ဘယ်၊ ညာ နှစ်ဘက်မှာရှိနေတဲ့ Bezel တွေကတော့ ခပ်ပါးပါးဖြစ်တာကိုတွေ့ရပေမယ့် အောက်ခြေ Chin ကတော့ ပါးတယ်လို့ မပြောနိုင်တဲ့ အနေအထားတစ်ရပ် ဖြစ်ပါတယ်။

Waterdorp notch ထဲမှာ Selfie ကင်မရာတစ်လုံးကို တွေ့မြင်ရပေမယ့် Megapixel ပမာဏကိုတော့ မသိရှိရသေးပါဘူး။ အလားတူပဲ ကျောဘက်မှာလည်း ကင်မရာလေးလုံး တပ်ဆင်ပေးထားတာကို တွေ့မြင်ရပေမယ့် ဒီကင်မရာတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ ဒီထဲက တစ်လုံးကတော့ 3D ToF ကင်မရာပဲ ဖြစ်ပါလိမ့်မယ်။

ကျောဘက်မှာ Fingerprint scanner အတွက်နေရာမရှိသလို၊ ဘေးဘောင်တွေမှာလည်း မရှိပါဘူး။ ဒါကြောင့် Under-Display Fingerprint scanner ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ Render ပုံရိပ်မှာလည်း မျက်နှာပြင်မှာ UD fingerprint ဖြစ်ကြောင်း ပြသထားပါတယ်။ ကိုယ်ထည်ကတော့ Glass အုပ်ထားဖွယ်ရှိပြီး အရောင်အားဖြင့် လေးရောင် ရွေးချယ်နိုင်မယ်လို့ ဆိုရမှာပါ။

အတည်မပြုရသေးတဲ့ သတင်းတွေအရ Huawei nova 5 Pro ဟာ Kirin 980 SoC ကိုပဲ အသုံးပြုထားမယ်လို့ ဆိုပါတယ်။ မကြာခင် တရားဝင်မိတ်ဆက်တော့မယ့် Huawei nova 5 နဲ့ nova 5i တွေ ထွက်ပေါ်လာပြီးရင်တော့ nova 5 Pro ရဲ့ အချက်အလက်တွေအကြောင်း ပိုပြီးသိလာရမယ်လို့ ယူဆရပါတယ်။

Ref: GSMArena