[Zawgyi]

Huawei က ၾသဂုတ္လမွာ Nova 5T ကို ေၾကညာခဲ့ၿပီး အခုေတာ့ အဲဒီ ဖုန္းရဲ႕ Pro Model ကို မၾကာခင္ ခ်ျပေတာ့မယ္လို႔ ထင္ပါတယ္။ Google’s Android Enterprise Website မွာ Pro Model ရဲ႕ ဓါတ္ပံုနဲ႔ Specs ေတြ ထြက္ေပၚလာပါတယ္။ ဓါတ္ပံုအရ Nova 5T Pro ရဲ႕ ဒီဇိုင္းဟာ ရိုးရိုး 5T နဲ႔ တူပါတယ္။ Nova 5T Pro ရဲ႕ Specs တခ်ိဳ႕ကိုလည္း Website မွာ ေဖာ္ျပထားပါတယ္။

Nova 5T Pro မွာ ၅.၅ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ 8GB RAM နဲ႔ Android Pie ပါလာမွာ ျဖစ္ပါတယ္။ NFC Chip ထည့္သြင္းထားမွာ ျဖစ္ၿပီး 5T မွာလို ညာဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားႏိုင္ပါတယ္။ 128GB နဲ႔ 256GB Storage ေတြ ထည့္သြင္းထားႏုိင္ပါတယ္။

Nova 5T ဟာ Honor 20 ကို ဆန္းသစ္ထားတာ ျဖစ္ၿပီး Google Website က Honor 20 Pro ကို Nova 5T Pro အေနနဲ႔ ဇြန္လက စာရင္းသြင္းထားခဲ့တာ ျဖစ္ပါတယ္။ Honor 5T Pro မွာ Kirin 980 Chipset ေမာင္းႏွင္ထားႏုိင္ပါတယ္။ အရမ္းလန္းတဲ့ 48MP Quad Camera တပ္ဆင္ထားႏုိင္ပါတယ္။ 22.5W Fast Charging ပါတဲ့ 4,000mAh Battery ကလည္း အရမ္းမိုက္ပါတယ္။

ဒါေပမယ့္ Honor 20 Pro မွာ ၆.၂၆ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားတာ ျဖစ္ၿပီး Nova 5T Pro မွာ ၅.၅ လက္မ မ်က္ႏွာျပင္ပဲ ပါလာမွာပါ။ Nova 5T Pro ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခင္ ပိုၿပီး သိလာရေတာ့မွာပါ။

Ref : gsmarena

[Unicode]

Huawei Nova 5T Pro ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်ပေါ်လာ

Huawei က သြဂုတ်လမှာ Nova 5T ကို ကြေညာခဲ့ပြီး အခုတော့ အဲဒီ ဖုန်းရဲ့ Pro Model ကို မကြာခင် ချပြတော့မယ်လို့ ထင်ပါတယ်။ Google’s Android Enterprise Website မှာ Pro Model ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံအရ Nova 5T Pro ရဲ့ ဒီဇိုင်းဟာ ရိုးရိုး 5T နဲ့ တူပါတယ်။ Nova 5T Pro ရဲ့ Specs တချို့ကိုလည်း Website မှာ ဖော်ပြထားပါတယ်။

Nova 5T Pro မှာ ၅.၅ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 8GB RAM နဲ့ Android Pie ပါလာမှာ ဖြစ်ပါတယ်။ NFC Chip ထည့်သွင်းထားမှာ ဖြစ်ပြီး 5T မှာလို ညာဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ 128GB နဲ့ 256GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။

Nova 5T ဟာ Honor 20 ကို ဆန်းသစ်ထားတာ ဖြစ်ပြီး Google Website က Honor 20 Pro ကို Nova 5T Pro အနေနဲ့ ဇွန်လက စာရင်းသွင်းထားခဲ့တာ ဖြစ်ပါတယ်။ Honor 5T Pro မှာ Kirin 980 Chipset မောင်းနှင်ထားနိုင်ပါတယ်။ အရမ်းလန်းတဲ့ 48MP Quad Camera တပ်ဆင်ထားနိုင်ပါတယ်။ 22.5W Fast Charging ပါတဲ့ 4,000mAh Battery ကလည်း အရမ်းမိုက်ပါတယ်။

ဒါပေမယ့် Honor 20 Pro မှာ ၆.၂၆ လက်မ မျက်နှာပြင် ထည့်သွင်းထားတာ ဖြစ်ပြီး Nova 5T Pro မှာ ၅.၅ လက်မ မျက်နှာပြင်ပဲ ပါလာမှာပါ။ Nova 5T Pro ရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုပြီး သိလာရတော့မှာပါ။

Ref : gsmarena