[Zawgyi]

Huawei က Nova 6 ကို ဒီဇင္ဘာလမွာ ေၾကညာမယ္လို႔ အရင္က သတင္းထြက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၁ ပတ္က ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓါတ္ပံုမွာ ဖုန္းရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္ကို ျပသထားပါတယ္။ အဲဒီ ဖုန္းအတြက္ 4G နဲ႔ 5G Version ေတြ ထုတ္လုပ္ထားမယ္လို႔ ထင္ပါတယ္။ Nova 6 နဲ႔ Nova 6 5G ရဲ႕ ေမာ္ဒယ္နံပါတ္ေတြက WLZ-AL10 နဲ႔ WLZ-AN00 တို႔ျဖစ္ပါတယ္။ အဲဒီ ဖုန္း ၂ လံုးဟာ တရုတ္က 3C Authority ရဲ႕ ခြင့္ျပဳခ်က္လည္း ရထားၿပီးပါၿပီ။

3C Authority ကေန အဲဒီ ဖုန္းေတြရဲ႕ လွ်င္ျမန္စြာ အားသြင္းနည္းပညာကို သိလိုက္ရပါတယ္။ 40W Rapid Charging ပါလာမွာ ျဖစ္တဲ့အတြက္ အားသြင္းႏႈန္းက ဖလန္းဖလန္းထေနမွာပါ။ Huawei Nova 6 နဲ႔ Nova 6 5G ရဲ႕ သတင္းအခ်က္အလက္ေတြ အမ်ားႀကီး ေပါက္ၾကားထြက္ေပၚေနျခင္း မရွိေသးပါဘူး။ Nova 6 5G မွာ Kirin 990 5G Chipset ေမာင္းႏွင္ထားႏုိင္ပါတယ္။ ဖုန္း ၂ လံုးရဲ႕ Specs အမ်ားစု တူညီႏုိင္ၿပီး 4G Version မွာ တျခား Chipset ပါလာႏုိင္ပါတယ္။

အရင္ေပါက္ၾကားခဲ့တဲ့ သတင္းအရ Nova 6 မွာ ဖန္ကိုယ္ထည္ပါလာမွာ ျဖစ္ၿပီး Punch-hole OLED Display တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ Punch-hole မွာ အေရွ႕ ကင္မာ ၂ လံုး ပါလာမယ့္အတြက္ အလန္းစား ဆဲလ္ဖီးေတြ ဆြဲႏိုင္မွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံကိရိယာ ပါလာႏုိင္ပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၃ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး LED Flash ၁ လံုးပါပါတယ္။ ကင္မရာေတြနဲ႔အတူ Laser Autofocus Unit ဒါမွမဟုတ္ စတုတၳ ကင္မရာ ဆန္ဆာ ထည့္သြင္းထားႏုိင္ပါတယ္။ ညာဘက္ျခမ္းမွာ အသံနဲ႔ ပါ၀ါ ခလုတ္ေတြ တပ္ဆင္ထားပါတယ္။ မၾကာခင္မွာ အဲဒီ ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြ TENAA ကို ေရာက္လာေတာ့မယ္ ထင္ပါတယ္။

Ref : gizmochina

[Unicode]

40W Rapid Charging ပါလာမယ့် Huawei Nova 6 နဲ့ Nova 6 5G

Huawei က Nova 6 ကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံမှာ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ပြသထားပါတယ်။ အဲဒီ ဖုန်းအတွက် 4G နဲ့ 5G Version တွေ ထုတ်လုပ်ထားမယ်လို့ ထင်ပါတယ်။ Nova 6 နဲ့ Nova 6 5G ရဲ့ မော်ဒယ်နံပါတ်တွေက WLZ-AL10 နဲ့ WLZ-AN00 တို့ဖြစ်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးဟာ တရုတ်က 3C Authority ရဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။

3C Authority ကနေ အဲဒီ ဖုန်းတွေရဲ့ လျှင်မြန်စွာ အားသွင်းနည်းပညာကို သိလိုက်ရပါတယ်။ 40W Rapid Charging ပါလာမှာ ဖြစ်တဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။ Huawei Nova 6 နဲ့ Nova 6 5G ရဲ့ သတင်းအချက်အလက်တွေ အများကြီး ပေါက်ကြားထွက်ပေါ်နေခြင်း မရှိသေးပါဘူး။ Nova 6 5G မှာ Kirin 990 5G Chipset မောင်းနှင်ထားနိုင်ပါတယ်။ ဖုန်း ၂ လုံးရဲ့ Specs အများစု တူညီနိုင်ပြီး 4G Version မှာ တခြား Chipset ပါလာနိုင်ပါတယ်။

အရင်ပေါက်ကြားခဲ့တဲ့ သတင်းအရ Nova 6 မှာ ဖန်ကိုယ်ထည်ပါလာမှာ ဖြစ်ပြီး Punch-hole OLED Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Punch-hole မှာ အရှေ့ ကင်မာ ၂ လုံး ပါလာမယ့်အတွက် အလန်းစား ဆဲလ်ဖီးတွေ ဆွဲနိုင်မှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံကိရိယာ ပါလာနိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး LED Flash ၁ လုံးပါပါတယ်။ ကင်မရာတွေနဲ့အတူ Laser Autofocus Unit ဒါမှမဟုတ် စတုတ္ထ ကင်မရာ ဆန်ဆာ ထည့်သွင်းထားနိုင်ပါတယ်။ ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပါတယ်။ မကြာခင်မှာ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ TENAA ကို ရောက်လာတော့မယ် ထင်ပါတယ်။

Ref : gizmochina