Zawgyi

Huawei ရဲ႕ Nova 6 စမတ္ဖုန္းဟာဆိုရင္ လာမယ့္ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားေတာ့မွာျဖစ္ၿပီးေတာ့ အခုအခ်ိန္မွာလည္း Leak ေတြနဲ႔ Teaser ေတြ ဆက္တိုက္ကို ထြက္ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္ Huawei ကေန ဒီဇင္ဘာ ၅ ရက္ေန႔မွာ Nova 6 စမတ္ဖုန္းတစ္လုံးထဲ မိတ္ဆက္မွာ မဟုတ္တဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ SlashLeaks Contributor တစ္ဦးကေန Nova 6 အျပင္ Nova 6 SE စမတ္ဖုန္းကိုပါ အတူမိတ္ဆက္လာမယ္ဆိုၿပီး ေဖာ္ျပခဲ့တာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ Huawei Nova 6 SE ဟာ Nova 6 ထက္ ေစ်းပိုသက္သာတဲ့ Mid Range ဖုန္းတစ္လုံးျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။

လက္ရွိထြက္ရွိလာတဲ့ ဓါတ္ပုံေတြအရေတာ့ Huawei Nova 6 SE က Huawei Nova 5z လိုမ်ိဳးပဲ Selfie Camera အတြက္ Hole-punch Display ကိုအသုံးျပဳထားၿပီးေတာ့ Quad Camera Setupကိုပဲ ထည့္သြင္းလာမွာျဖစ္ပါတယ္။ ဒါေပမယ့္ Camera Design က ဖုန္းရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာရွိေနမွာျဖစ္ၿပီးေတာ့ iPhone 11 Series ေတြနဲ႔ ဆင္တူေနတာကိုလည္းေတြ႕ရပါတယ္။

Display အေနနဲ႔ေတာ့ OLED အစား IPS LCD Panel ကိုပဲ အသုံးျပဳလာဖို႔မ်ားေနၿပီးေတာ့ Fingerprint Sensor ကိုလည္း Under Display အစား ေဘးဘက္ျခမ္းမွာ Power Button နဲ႔အတူ ထည့္သြင္းထားတာကို ေတြ႕ရွိရပါတယ္။ Processor ပိုင္းအေနနဲ႔ Huawei ရဲ႕ ကိုယ္ပိုင္ Kirin 810 Processor ကို အသုံးျပဳထားသလို 40W SuperCharge နည္းပညာကိုပါ Support ျပဳလုပ္ဦးမယ္ဆိုေတာ့ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ ေတာ္ေတာ္ေလးကို ေကာင္းမြန္ႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Huwaei Nova 6 SE ဟာ ေစ်းကြက္အတြင္းမွာ ေကာင္းေကာင္းၿပိဳင္ဆိုင္ႏိုင္တဲ့ Mid Range ဖုန္းတစ္လုံးျဖစ္လာဦးမွာပါ။

Ref – GSM Arena

Unicode

Huawei ရဲ့ Nova 6 စမတ်ဖုန်းဟာဆိုရင် လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပြီးတော့ အခုအချိန်မှာလည်း Leak တွေနဲ့ Teaser တွေ ဆက်တိုက်ကို ထွက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကနေ ဒီဇင်ဘာ ၅ ရက်နေ့မှာ Nova 6 စမတ်ဖုန်းတစ်လုံးထဲ မိတ်ဆက်မှာ မဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် SlashLeaks Contributor တစ်ဦးကနေ Nova 6 အပြင် Nova 6 SE စမတ်ဖုန်းကိုပါ အတူမိတ်ဆက်လာမယ်ဆိုပြီး ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei Nova 6 SE ဟာ Nova 6 ထက် စျေးပိုသက်သာတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

လက်ရှိထွက်ရှိလာတဲ့ ဓါတ်ပုံတွေအရတော့ Huawei Nova 6 SE က Huawei Nova 5z လိုမျိုးပဲ Selfie Camera အတွက် Hole-punch Display ကိုအသုံးပြုထားပြီးတော့ Quad Camera Setupကိုပဲ ထည့်သွင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Camera Design က ဖုန်းရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာရှိနေမှာဖြစ်ပြီးတော့ iPhone 11 Series တွေနဲ့ ဆင်တူနေတာကိုလည်းတွေ့ရပါတယ်။

Display အနေနဲ့တော့ OLED အစား IPS LCD Panel ကိုပဲ အသုံးပြုလာဖို့များနေပြီးတော့ Fingerprint Sensor ကိုလည်း Under Display အစား ဘေးဘက်ခြမ်းမှာ Power Button နဲ့အတူ ထည့်သွင်းထားတာကို တွေ့ရှိရပါတယ်။ Processor ပိုင်းအနေနဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 810 Processor ကို အသုံးပြုထားသလို 40W SuperCharge နည်းပညာကိုပါ Support ပြုလုပ်ဦးမယ်ဆိုတော့ စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို ကောင်းမွန်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huwaei Nova 6 SE ဟာ စျေးကွက်အတွင်းမှာ ကောင်းကောင်းပြိုင်ဆိုင်နိုင်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – GSM Arena