[Unicode]

လပေါင်းများစွာ သတင်းထွက်နေတဲ့ Huawei Nova 6 Series တွေကို မျက်ဝါးထင်ထင်မြင်ကြရပါပြီ။ Nova 6 နဲ့ Nova 6 5G မှာ တူညီတဲ့ ၆.၅၇ လက်မ FHD+ AMOLED Display တပ်ဆင်ထားပြီး ဘယ်ဘက်ထိပ်နားမှာ ဆေးတောင့်ပုံသဏ္ဍာန် Punch-hole ပါပါတယ်။ အဲဒီမှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 32MP Main နဲ့ 8MP Ultra-wide တွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 40MP Main , 8MP Telephoto နဲ့ 8MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပါတယ်။

စွမ်းရည်မြင့် Kirin 990 Chipset မောင်းနှင်ထားပြီး 5G မော်ဒယ်မှာ Balong 5000 5G Modem ပါပါတယ်။ 8GB RAM ထည့်ထားပြီး 128GB နဲ့ 256GB Storage ၂ ခု ရွေးချယ်နိုင်ပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပါတယ်။ Nova 6 မှာ 4,100mAh Battery နဲ့ 5G မော်ဒယ်မှာ 4,200mAh Battery ထည့်သွင်းထားပြီး ဖုန်း ၂ လုံးစလုံးမှာ 40W Huawei SuperCharge Support ပါပါတယ်။

Nova 6 5G ရဲ့ 8/128GB ကို ၃,၇၉၉ ယွမ်နဲ့ 8/256GB ကို ၄,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၀၀,၀၀၀ နဲ့ ၈၉၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။ Nova 6 ရဲ့ 8/128GB ကို ၃,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆၈၀,၀၀၀ လောက်ရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဒီလ ၁၂ ရက်နေ့မှာ စရောင်းမှာပါ။

Ref : gsmarena

[Zawgyi]

Punch-hole Display နဲ့ 40W Fast Charging ပါတဲ့ Huawei Nova 6 နဲ့ Nova 6 5G ကို ကြေညာပြီ




Ref : gsmarena