အခုခေတ်မှာ စမတ်ဖုန်းတစ်လုံးကို အသုံးပြုပုံခြင်းက လူတစ်ဦးတစ်ယောက်ပေါ်မှုတည်ပြီး ပုံစံတွေ ကွဲပြားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး မတူညီတဲ့အသုံးပြုပုံစံတွေထဲမှာလည်း တူညီတဲ့ အသုံးပြုမှုပုံစံအချို့ရှိနေပါသေးတယ်။

ဒါကတော့ စမတ်ဖုန်းတွေကို နေ့စဥ် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ချိတ်ဆက်စကားပြောဆိုဖို့ပဲဖြစ်ဖြစ်၊ စိတ်အပန်းဖြေဖို့အတွက်ပဲဖြစ်ဖြစ် Social Media တွေကို အသုံးပြုကြတာနဲ့ ကိုယ့်အားလပ်ချိန်တွေမှာ စမတ်ဖုန်းကို အသုံးပြုပြီး ရုပ်ရှင်ကြည့်ကြတာပဲဖြစ်ပါတယ်။ ဒီအချက် ၂ ချက်ကတော့ စမတ်ဖုန်းအသုံးပြုနေတဲ့သူတိုင်းနီးပါး ပြုလုပ်ကြတဲ့အရာတွေဖြစ်တာကြောင့် ဖုန်းအသစ်တစ်လုံးဝယ်မယ်ဆိုရင် ဒီနေရာမှာ အရေးပါတဲ့ Display ကလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

အခု စျေးကွက်ထဲမှာ ရောင်းချနေတဲ့ HUAWEI nova Y70 စမတ်ဖုန်းဟာဆိုရင် စျေးနှုန်းအနေနဲ့လည်း ငွေကျပ် ၃ သိန်းဝန်းကျင်ပဲရှိတာကြောင့် စျေးသက်သာတဲ့ဖုန်းတစ်လုံးဖြစ်ပေမယ့် ဒီ Display ပိုင်းမှာ အားသာချက်တွေ အများအပြားပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်ကြည့်၊ Social Media ပိုင်းအသုံးပြုချင်တဲ့သူတွေအတွက် ညွှန်းပေးလို့ကောင်းတဲ့ ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

ဘာကြောင့် အခုလိုမျိုး ပြောရသလဲဆိုရင် ပထမဆုံးအချက်အနေနဲ့ HUAWEI nova Y70 ဖုန်းရဲ့ ကြီးမားကျယ်ပြန့်တဲ့ 6.75” FullView Display ကြောင့်ပဲဖြစ်ပါတယ်။ အခုလိုမျိုး Screen Size က တခြားသော စျေးကွက်ထဲမှာရှိတဲ့ဖုန်းတွေထက် ပိုပြီး အရွယ်အစားကြီးမားတာကြောင့် Social Media သုံးတဲ့အချိန်မှာ Post တွေကို အများကြီး Scroll ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်သလို ရုပ်ရှင်ကြည့်တဲ့အချိန်မှာလည်း တကယ်ကို မြင်ကွင်းကျယ်ခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေ၊ မျက်လုံးကို အာရုံမစိုက်ဘဲ ဖုန်းအသုံးပြုချင်တဲ့သူတွေအတွက် အခုလို ကြီးမားတဲ့ Display ပါဝင်တဲ့ဖုန်းက ကျိန်းသေရွေးချယ်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ HUAWEI nova Y70 ရဲ့ Display က FullView ဆိုတဲ့အတိုင်း ဖုန်းအရှေ့ဘက် မျက်နှာစာအပြည့်နီးပါးကို နေရာယူထားနိုင်တဲ့ 90.26% Screen-to-Body Ratio ရှိနေတာပဲဖြစ်ပါတယ်။ အခုလိုမျိုး Screen-to-Body Ratio အလွန်မြင့်မားတာဟာ ဖုန်းကိုအသုံးပြုနေတဲ့အချိန်မှာ ပိုပြီး Immersive ဖြစ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ရုံတင်မဟုတ်ဘဲ ဘေးဘောင်တွေပါးလွှာနေတာကြောင့် Screen Size ကြီးမားတဲ့ဖုန်းတစ်လုံးဖြစ်ပေမယ့်လည်း လက်ထဲကိုင်ထားတဲ့အချိန်မှာ သေးငယ်သလို ခံစားရစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ငွေကျပ် ၃ သိန်းဝန်းကျင်ဖုန်းတစ်လုံးအနေနဲ့ အခုလိုမျိုး မြင့်မားတဲ့ Screen-to-Body Ratio ပါဝင်တာဟာ တကယ့်အားသာချက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ Display တစ်ခုမှာ အရေးပါတဲ့ Resolution ပိုင်းပဲဖြစ်ပါတယ်။ HUAWEI nova Y70 ဖုန်းဟာ Resolution အနေနဲ့ HD+ (1600×720 Pixels) ရှိပြီး ရုပ်ရှင်ကြည့်ရူတဲ့အချိန်မှာ ကောင်းမွန်တဲ့ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Panel အမျိုးအစားအနေနဲ့ကတော့ TFT LCD အမျိုးအစားဖြစ်ပြီး 16.7 Millions Color တွေကို ထုတ်ပေးနိင်မှာပါ။

ဒါကတော့ HUAWEI nova Y70 ဖုန်းမှာ ပါဝင်တဲ့ Display အကြောင်းကို အဓိကအနေနဲ့ ပြောသွားတာဖြစ်ပါတယ်။ တကယ်တမ်း Social Media သုံးတဲ့အချိန်နဲ့ ရုပ်ရှင်ကြည့်တဲ့အချိန်တွေမှာ တခြားအရေးပါတဲ့အချက်တွေမှာလည်း HUAWEI nova Y70 ဖုန်းက အားသာနေပါသေးတယ်။ ဒါတွေကတော့ Battery ပိုင်းမှာလည်း 6000mAh Battery ကို အသုံးပြုထားတာကြောင့် ဖုန်းကို ဆက်တိုက်အသုံးပြုနေရင်တောင် ၃ ရက်လောက်အသုံးပြုနိုင်မှာဖြစ်ပြီး ကိုင်ထားတဲ့အချိန်မှာလည်း အလေးချိန်က 199g ပဲရှိတဲ့အတွက် အကြာကြီးကိုင်ထားလို့ လက်ညောင်းတာမျိုးကိုလည်း ကာကွယ်ပေးထားနိုင်ဦးမှာဖြစ်ပါတယ်။