[Zawgyi]

Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕ Flagship အသစ္ေတြျဖစ္တဲ့ P30 နဲ႔ P30 Pro စမတ္ဖုန္းေတြကို မတ္လ ၂၆ ရက္ေန႔မွာ မိတ္ဆက္သြားမွာပါ။ ဒါေပမယ့္ Flagship ေတြေရွ႕မွာ Lite ေမာ္ဒယ္ေတြကို ပြဲထုတ္ေလ့ရွိတဲ့ သူတုိ႔ ထုံးစံအတုိင္း P30 Lite တျဖစ္လဲ Mid-range တန္း Huawei Nova 4e စမတ္ဖုန္းကိုေတာ့ P30 မိတ္မဆက္ခင္မွာ ႀကိဳတင္မိတ္ဆက္လာဦးမွာ ျဖစ္ပါတယ္။

တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူဟာ လာမယ့္မတ္လ ၁၄ ရက္ေန႔မွာ သူတုိ႔ရဲ႕ မိခင္တုိင္းျပည္၌ Nova 4e စမတ္ဖုန္းသစ္ကို ပြဲထုတ္လာမွာျဖစ္ၿပီး ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ P30 Lite အျဖစ္ ျဖန္႔ခ်ိသြားမွာပါ။

လြန္ခဲ့တဲ့ႏွစ္ရက္က Huawei ဟာ Waterdrop Notch တစ္ခုပါတဲ့ Display နဲ႔ 32MP ဆယ္ဖီကင္မရာတုိ႔ ပါဝင္တဲ့ Nova 4e ရဲ႕ဗီဒီယုိတစ္ခုကို Tease လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီေနာက္ပုိင္းမွာေတာ့ ဘာအခ်က္အလက္ကိုမွ ထပ္မံမထုတ္ေဖာ္လာခဲ့ေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ သူ႕ရဲ႕ဂလိုဘယ္ဗားရွင္း P30 Lite ကေတာ့ TENAA ေပၚမွာ ျမင္ေတြ႕ခဲ့ရၿပီး 6.15” လက္မအရြယ္ FullHD+ Display နဲ႔အတူ 3,240 mAh ဘကၳရီကိုပါ ေတြ႕ရပါတယ္။ P30 Lite ဖုန္းဟာ Kirin 710 SoC အသုံးျပဳလာမယ္လို႔လည္း သတင္းထြက္ေနၿပီး ေပါက္ၾကားထားတဲ့ Render ပုံရိပ္ေတြအရေတာ့ ေက်ာဘက္မွာ ကင္မရာသုံးလုံးနဲ႔ Fingerprint တုိ႔ပါဝင္မွာျဖစ္ပါတယ္။

P30 Lite မွာပါဝင္မယ့္ အဆုိပါ ကင္မရာသုံးလုံးဟာ 20MP + 16MP + 2MP ျဖစ္တယ္လို႔လည္း သတင္းထြက္ေနၿပီး လာမယ့္ ၁၄ ရက္ေန႔မွာေတာ့ ေသခ်ာေပါက္ျမင္ေတြ႕ခြင့္ရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Huawei ကုမ္ပဏီဟာ သူတို့ရဲ့ Flagship အသစ်တွေဖြစ်တဲ့ P30 နဲ့ P30 Pro စမတ်ဖုန်းတွေကို မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ ဒါပေမယ့် Flagship တွေရှေ့မှာ Lite မော်ဒယ်တွေကို ပွဲထုတ်လေ့ရှိတဲ့ သူတို့ ထုံးစံအတိုင်း P30 Lite တဖြစ်လဲ Mid-range တန်း Huawei Nova 4e စမတ်ဖုန်းကိုတော့ P30 မိတ်မဆက်ခင်မှာ ကြိုတင်မိတ်ဆက်လာဦးမှာ ဖြစ်ပါတယ်။

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ လာမယ့်မတ်လ ၁၄ ရက်နေ့မှာ သူတို့ရဲ့ မိခင်တိုင်းပြည်၌ Nova 4e စမတ်ဖုန်းသစ်ကို ပွဲထုတ်လာမှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကိုတော့ P30 Lite အဖြစ် ဖြန့်ချိသွားမှာပါ။

လွန်ခဲ့တဲ့နှစ်ရက်က Huawei ဟာ Waterdrop Notch တစ်ခုပါတဲ့ Display နဲ့ 32MP ဆယ်ဖီကင်မရာတို့ ပါဝင်တဲ့ Nova 4e ရဲ့ဗီဒီယိုတစ်ခုကို Tease လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ဘာအချက်အလက်ကိုမှ ထပ်မံမထုတ်ဖော်လာခဲ့သေးပါဘူး။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဂလိုဘယ်ဗားရှင်း P30 Lite ကတော့ TENAA ပေါ်မှာ မြင်တွေ့ခဲ့ရပြီး 6.15” လက်မအရွယ် FullHD+ Display နဲ့အတူ 3,240 mAh ဘက္ထရီကိုပါ တွေ့ရပါတယ်။ P30 Lite ဖုန်းဟာ Kirin 710 SoC အသုံးပြုလာမယ်လို့လည်း သတင်းထွက်နေပြီး ပေါက်ကြားထားတဲ့ Render ပုံရိပ်တွေအရတော့ ကျောဘက်မှာ ကင်မရာသုံးလုံးနဲ့ Fingerprint တို့ပါဝင်မှာဖြစ်ပါတယ်။

P30 Lite မှာပါဝင်မယ့် အဆိုပါ ကင်မရာသုံးလုံးဟာ 20MP + 16MP + 2MP ဖြစ်တယ်လို့လည်း သတင်းထွက်နေပြီး လာမယ့် ၁၄ ရက်နေ့မှာတော့ သေချာပေါက်မြင်တွေ့ခွင့်ရတော့မှာပါ။

Ref – GSM Arena