Huawei ဟာ Google service တွေ မရတော့တဲ့နောက် သူ့ကိုယ်ပိုင် AppGallery ကိုလည်း အလျှင်အမြန်အကောင်အထည်ဖော်ခဲ့ရပါတယ်။ အသုံးပြုသူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တယ်ဆိုပေမယ့်၊ Developer တွေကို အဓိကထား ဆွဲဆောင်မှုတွေ ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။

အစောပိုင်းအချိန်တွေတုန်းက AppGallery မှာတင်ရင် Developer တွေကို ဝင်ငွေရဲ့ ၉၀% အထိ ပြန်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါဟာ Apple ကပေးတဲ့ 70% ထက် ပိုများတဲ့ပမာဏ ဖြစ်ပါတယ်။ အခုတော့ AppGallery ဟာ တိုးတက်မှုအတော်များများနဲ့အတူ Google နဲ့ Apple ပြီးရင် ကမ္ဘာ့ တတိယအကြီးဆုံး App Store ဖြစ်လာဖို့ မျှော်လင့်နိုင်ပြီလို့ Huawei က ယုံကြည်နေပါတယ်။

Huawei နဲ့လက်တွဲလုပ်ဆောင်ဖို့အတွက် Package သုံးမျိုးရှိပါတယ်။ ပထမတစ်ခုက AppGallery နဲ့ HMS တို့အတွက် ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ App Store မှာရှိပေမယ့် မိုလ်ဘိုင်းဝန်ဆောင်မှုတွေကြားမှာ ပိုပြီးနက်နက်ရှိုင်းရှိုင်းရောက်ရှိဖို့ လိုအပ်နေသေးတဲ့ App တွေအတွက်ဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ အစောကတည်းက Signed up လုပ်ပြီးသားဖြစ်တဲ့ Bolt Food, Department Store, Takeaway portals တို့လို နာမည်ကြီးတွေအတွက် ဖြစ်ပါတယ်။

Integration kit တစ်ခုလုံးက အတော်လေးကို ရိုးရှင်းတယ်လို့ Huawei က ဆိုပါတယ်။ လျှောက်လွှာဖြည့်ဖို့ ၁၅ မိနစ်ပဲ အချိန်ယူရမှာဖြစ်ပြီး၊ အတည်ပြုချက်ရဖို့ တစ်ရက်ပဲ အချိန်ယူရမယ်လို့ ဆိုပါတယ်။ HMS universe ထဲက ဘယ် App မဆို အပြည့်အဝ Integrate ဖြစ်ဖို့ သုံးရက်ပဲ ကြာတယ်လို့လည်း သိရပါတယ်။

ပါဝင်ဖို့ဆုံးဖြတ်သူတွေအတွက် အထူးအစီအစဉ်တွေအဖြစ် ပုံမှန် တစ်ရက်ကို ယူရို ၂၅၀ အထိ ကုန်ကျနိုင်တဲ့ Noti Push ကို ၅ ရက်ကနေ ၁၀ ရက်အထိ အခမဲ့ ကြော်ငြာနိုင်ပါတယ်။ ဒါ့အပြင် AppGallery store က အခြားအရာတွေကိုလည်း ရရှိမယ်လို့ ဆိုပါတယ်။ ဒါဟာ Developer တွေကို အဓိကပစ်မှတ်ထားတယ်လို့ဆိုပေမယ့် Huawei ဟာ သူ့ရဲ့ Ecosystem ကို ပိုပြီးတိုးချဲ့ဖို့ကြိုးစားနေတယ်ဆိုတာ သိသာပါတယ်။

Ref: GSM Arena