Zawgyi
Huawei ရဲ႕ Mate Series စမတ္ဖုန္းေတြဟာ Samsung ရဲ႕ Galaxy Note Series ဖုန္းေတြလိုမ်ိဳးပဲ Camera ပိုင္း၊ Performance ပိုင္းအျပင္ ေနရာအကုန္လုံးမွာ အေကာင္းဆုံးအေနနဲ႔ သတ္မွတ္ခံရတဲ့စမတ္ဖုန္းေတြျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Huawei ကေန Mate 30 Series စမတ္ဖုန္းေတြမိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ေၾကညာလိုက္ပါၿပီ။
Did you get it right? The countdown to #HuaweiMate30 starts now!
We're going full circle in Munich on 19.09.2019.
Join us live: https://t.co/9ugi5gG9ci#RethinkPossibilities pic.twitter.com/etRYjrBVEC— Huawei Mobile (@HuaweiMobile) September 1, 2019
Huawei က အခုသတင္းကို Official Huawei Mobile Twitter Account မွာ တင္ထားခဲ့တာျဖစ္ၿပီးေတာ့ Huawei Mate 30 ဖုန္းေတြကို လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ Munich ၊ Germany မွာ တရားဝင္မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ဟာ Apple ရဲ႕ iPhone 11 ဖုန္းေတြကို စတင္ေရာင္းခ်မယ့္အခ်ိန္လည္းျဖစ္သလို Google Pixel 4 ဖုန္းေတြကလည္း လာမယ့္ေအာက္တိုဘာလဆိုရင္ Pixel 4 ဖုန္းေတြကို မိတ္ဆက္လာဦးမွာဆိုေတာ့ Huawei အေနနဲ႔ ဘယ္လိုမ်ိဳး Feature အသစ္ေတြနဲ႔ ၿပိဳင္ဘက္ေတြထက္ သာေအာင္လုပ္ျပဦးမလဲဆိုတာက စိတ္ဝင္စားစရာပါ။
အခု Teaser Video တစ္ခုမွာေတာ့ အေထြအထူး Hints ေတြကို မေတြ႕ခဲ့ရေပမယ့္ အဝိုင္းပုံစံကို အဓိကျပသသြားတဲ့အတြက္ Huawei Mate 30 Series ဖုန္းေတြက လက္ရွိ Leaks ေတြထြက္ထားသလိုမ်ိဳးပဲ Circular Camera Design ကို အသုံးျပဳလာမွာကေတာ့ က်ိန္းေသသေလာက္ရွိေနပါၿပီ။ Huawei ကိုယ္တိုင္ကလည္း “We’re going full circle” ဆိုၿပီး Caption မွာ ေရးသားထားပါေသးတယ္။
ဒီႏွစ္အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ Huawei P30 Pro စမတ္ဖုန္းက ကင္မရာပိုင္းမွာ အေကာင္းဆုံးအေနနဲ႔ သတ္မွတ္ခံထားရသလို အခု Huawei Mate 30 Pro ကလည္း ကင္မရာပိုင္းမွာ အေကာင္းဆုံးျဖစ္လာမွာကေတာ့ က်ိန္းေသေနပါၿပီ။
ဒါေပမယ့္ မၾကာေသးခင္တုန္းက Google ကေန Huawei Mate 30 Series စမတ္ဖုန္းေတြက Google Apps နဲ႔ Google Service ေတြကို အသုံးျပဳႏိုင္မွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့တဲ့အတြက္ အခု Mate 30 Series ဖုန္းေတြက Android OS ကိုပဲ သုံးလာဦးမလား.. ကိုယ္ပိုင္ HarmonyOS ကိုပဲ သုံးမလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။
Ref – Huawei Mobile Twitter
Unicode
Huawei ရဲ့ Mate Series စမတ်ဖုန်းတွေဟာ Samsung ရဲ့ Galaxy Note Series ဖုန်းတွေလိုမျိုးပဲ Camera ပိုင်း၊ Performance ပိုင်းအပြင် နေရာအကုန်လုံးမှာ အကောင်းဆုံးအနေနဲ့ သတ်မှတ်ခံရတဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ကနေ Mate 30 Series စမတ်ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေငြာလိုက်ပါပြီ။
Did you get it right? The countdown to #HuaweiMate30 starts now!
We're going full circle in Munich on 19.09.2019.
Join us live: https://t.co/9ugi5gG9ci#RethinkPossibilities pic.twitter.com/etRYjrBVEC— Huawei Mobile (@HuaweiMobile) September 1, 2019
Huawei က အခုသတင်းကို Official Huawei Mobile Twitter Account မှာ တင်ထားခဲ့တာဖြစ်ပြီးတော့ Huawei Mate 30 ဖုန်းတွေကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ Munich ၊ Germany မှာ တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ Apple ရဲ့ iPhone 11 ဖုန်းတွေကို စတင်ရောင်းချမယ့်အချိန်လည်းဖြစ်သလို Google Pixel 4 ဖုန်းတွေကလည်း လာမယ့်အောက်တိုဘာလဆိုရင် Pixel 4 ဖုန်းတွေကို မိတ်ဆက်လာဦးမှာဆိုတော့ Huawei အနေနဲ့ ဘယ်လိုမျိုး Feature အသစ်တွေနဲ့ ပြိုင်ဘက်တွေထက် သာအောင်လုပ်ပြဦးမလဲဆိုတာက စိတ်ဝင်စားစရာပါ။
အခု Teaser Video တစ်ခုမှာတော့ အထွေအထူး Hints တွေကို မတွေ့ခဲ့ရပေမယ့် အဝိုင်းပုံစံကို အဓိကပြသသွားတဲ့အတွက် Huawei Mate 30 Series ဖုန်းတွေက လက်ရှိ Leaks တွေထွက်ထားသလိုမျိုးပဲ Circular Camera Design ကို အသုံးပြုလာမှာကတော့ ကျိန်းသေသလောက်ရှိနေပါပြီ။ Huawei ကိုယ်တိုင်ကလည်း “We’re going full circle” ဆိုပြီး Caption မှာ ရေးသားထားပါသေးတယ်။
ဒီနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Huawei P30 Pro စမတ်ဖုန်းက ကင်မရာပိုင်းမှာ အကောင်းဆုံးအနေနဲ့ သတ်မှတ်ခံထားရသလို အခု Huawei Mate 30 Pro ကလည်း ကင်မရာပိုင်းမှာ အကောင်းဆုံးဖြစ်လာမှာကတော့ ကျိန်းသေနေပါပြီ။
ဒါပေမယ့် မကြာသေးခင်တုန်းက Google ကနေ Huawei Mate 30 Series စမတ်ဖုန်းတွေက Google Apps နဲ့ Google Service တွေကို အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တဲ့အတွက် အခု Mate 30 Series ဖုန်းတွေက Android OS ကိုပဲ သုံးလာဦးမလား.. ကိုယ်ပိုင် HarmonyOS ကိုပဲ သုံးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Ref – Huawei Mobile Twitter