Zawgyi

Huawei အတြက္ေတာ့ P Smart Z ဟန္းဆက္ဟာ ကုမၸဏီအတြက္ ပထမဆုံး Pop-up Selfie ကင္မရာ ပါဝင္တဲ့ ဖုန္းပါပဲ။ ဒါ့အျပင္ 6.59” လက္မအရြယ္ Display ႀကီးတစ္ခုလည္း ပါေသးတဲ့ ဒီဖုန္းဟာ ေရွ႕ရက္က သတင္းထြက္ခဲ့သလိုပဲ ဒီဖုန္းဟာ ဥေရာပေစ်းကြက္မွာ ယူရုိ ၂၈၀ (ျမန္မာေငြ ေလးသိန္းရွစ္ေသာင္းဝန္းက်င္) နဲ႔ မိတ္ဆက္လာခဲ့ပါတယ္။

Mid-range ေစ်းႏႈန္းကိုျမင္တာနဲ႔ ဒီဖုန္းမွာ In-display Fingerprint ေတာ့ပါမွာမဟုတ္ဘူးလို႔ ခန္႔မွန္းမိမွာပါ။ အဲဒီ့အစား ပုံမွန္ Fingerprint Scanner တစ္ခုကို ေနာက္ေက်ာမွာ ထည့္ေပးထားတယ္။ ေနာက္ေက်ာကိုၾကည့္ရင္ Dual-texture ပုံစံကိုယ္ထည္ကိုေတြ႕ရမွာျဖစ္ၿပီး 16MP + 2MP Depth Sensor လည္း ပါဝင္ပါတယ္။

Pop-up ဆယ္ဖီကင္မရာကေတာ့ 16MP ျဖစ္ၿပီး သူ႕ကို အျပင္ထုတ္ဖို႔ တစ္စကၠန္႔သာ ၾကာပါတယ္။ ဒါ့အျပင္ ဖိအား ၁၂ ကီလိုဒဏ္ကို ခံႏုိင္ၿပီး အၾကိမ္တစ္သိန္းအနည္းဆုံး အသြင္းအထုတ္လုပ္ႏုိင္တယ္။ ေရွ႕ေနာက္ ကင္မရာႏွစ္မ်ဳိးလုံးအတြက္ AI နည္းပညာေထာက္ပံ့မႈပါဝင္တယ္။

အတြင္းမွာ Kirin 710F ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 4GB RAM နဲ႔ 64GB Storage မန္မုိရီ သုံးစြဲထားပါတယ္။ Android 9 Pie ကုိအေျခခံထားတဲ့ EMUI 9.0 ကို စတင္အသုံးျပဳလာတယ္။ Huawei P Smart Z ဖုန္းမွာ 4,000 mAh ဘကၳရီပါဝင္ေပမယ့္ အားအျမန္သြင္းစနစ္တစ္ခုခုေတာ့ မပါလာပါဘူး။

လက္ရွိအခ်ိန္မွာေတာ့ ေစ်းကြက္ထဲ ေရာက္လာဦးမွာမဟုတ္ဘဲ ေနာက္ထပ္တစ္လႏွစ္လေတာ့ ေစာင့္ဆုိင္းရဦးမယ့္ပုံမွာ ရွိေနၿပီး ဒီဖုန္းကို ရရွိႏုိင္မယ့္ ေစ်းကြက္အျပည့္အစုံကိုလည္း မေၾကျငာေသးပါဘူး။

Ref – GSM Arena

Unicode

Huawei အတွက်တော့ P Smart Z ဟန်းဆက်ဟာ ကုမ္ပဏီအတွက် ပထမဆုံး Pop-up Selfie ကင်မရာ ပါဝင်တဲ့ ဖုန်းပါပဲ။ ဒါ့အပြင် 6.59” လက်မအရွယ် Display ကြီးတစ်ခုလည်း ပါသေးတဲ့ ဒီဖုန်းဟာ ရှေ့ရက်က သတင်းထွက်ခဲ့သလိုပဲ ဒီဖုန်းဟာ ဥရောပဈေးကွက်မှာ ယူရို ၂၈၀ (မြန်မာငွေ လေးသိန်းရှစ်သောင်းဝန်းကျင်) နဲ့ မိတ်ဆက်လာခဲ့ပါတယ်။

Mid-range ဈေးနှုန်းကိုမြင်တာနဲ့ ဒီဖုန်းမှာ In-display Fingerprint တော့ပါမှာမဟုတ်ဘူးလို့ ခန့်မှန်းမိမှာပါ။ အဲဒီ့အစား ပုံမှန် Fingerprint Scanner တစ်ခုကို နောက်ကျောမှာ ထည့်ပေးထားတယ်။ နောက်ကျောကိုကြည့်ရင် Dual-texture ပုံစံကိုယ်ထည်ကိုတွေ့ရမှာဖြစ်ပြီး 16MP + 2MP Depth Sensor လည်း ပါဝင်ပါတယ်။

Pop-up ဆယ်ဖီကင်မရာကတော့ 16MP ဖြစ်ပြီး သူ့ကို အပြင်ထုတ်ဖို့ တစ်စက္ကန့်သာ ကြာပါတယ်။ ဒါ့အပြင် ဖိအား ၁၂ ကီလိုဒဏ်ကို ခံနိုင်ပြီး အကြိမ်တစ်သိန်းအနည်းဆုံး အသွင်းအထုတ်လုပ်နိုင်တယ်။ ရှေ့နောက် ကင်မရာနှစ်မျိုးလုံးအတွက် AI နည်းပညာထောက်ပံ့မှုပါဝင်တယ်။

အတွင်းမှာ Kirin 710F ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 4GB RAM နဲ့ 64GB Storage မန်မိုရီ သုံးစွဲထားပါတယ်။ Android 9 Pie ကိုအခြေခံထားတဲ့ EMUI 9.0 ကို စတင်အသုံးပြုလာတယ်။ Huawei P Smart Z ဖုန်းမှာ 4,000 mAh ဘက္ထရီပါဝင်ပေမယ့် အားအမြန်သွင်းစနစ်တစ်ခုခုတော့ မပါလာပါဘူး။

လက်ရှိအချိန်မှာတော့ ဈေးကွက်ထဲ ရောက်လာဦးမှာမဟုတ်ဘဲ နောက်ထပ်တစ်လနှစ်လတော့ စောင့်ဆိုင်းရဦးမယ့်ပုံမှာ ရှိနေပြီး ဒီဖုန်းကို ရရှိနိုင်မယ့် ဈေးကွက်အပြည့်အစုံကိုလည်း မကြေငြာသေးပါဘူး။

Ref – GSM Arena