Huawei ရဲ့ နောက်နှစ်အတွက် Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Huawei P11 စမတ်ဖုန်းဟာ နောက်နှစ်အစောပိုင်းမှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ လက်ရှိသိရှိရတဲ့သတင်းတွေအရ Huawei P11 ကို လာမယ့် ဖေဖော်ဝါရီလမှာ မိတ်ဆက်မယ်လို့ သိရပြီး Samsung Galaxy S9 နဲ့ အပြိုင်ဖြစ်လာမှာပါ။

Huawei P11 ဖုန်းဟာ အခုနောက်ပိုင်းခေတ်စားလာတဲ့ Full View Bezel-less Design ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ထူးဆန်းတာက Android ဖုန်းအများစုအသုံးပြုနေသလို 18:9 Full View Screen တွေထက် iPhone X ၊ Essential Phone တွေမှာအသုံးပြုထားသလိုမျိုး Display ရဲ့ အပေါ်ဘက်မှာ Front Facing Camera အတွက်ပဲ နေရာပေးထားတဲ့ Notch Bar ပါဝင်မှာဖြစ်ပါတယ်။

အခုသတင်းကို XDA Developers Forum မှာ ပေါက်ကြားလာတဲ့ P11 ရဲ့ Firmware ကနေ သိရှိခဲ့ရတာဖြစ်ပြီးတော့ Display နဲ့ ပတ်သတ်တဲ့ Code Lines တွေမှာ Notch ဆိုတဲ့ စကားလုံးကို အများအပြားသုံးစွဲထားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

Huawei P11 ဖုန်းမှာ Screen Resolution အသစ်ဖြစ်တဲ့ 2240 × 1080 Resolution Screen ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ အရွယ်အစားအနေနဲ့ 6.01″ ရှိတဲ့ LCD Screen ကိုအသုံးပြုလာမှာဖြစ်ပါတယ်။