Huawei ကနေ P20 Series စမတ်ဖုန်းတွေကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာ အဆိုပါ P20 Series စမတ်ဖုန်းတွေထဲမှာ အနိမ့်ဆုံးဖြစ်လာမယ့် P20 Lite ရဲ့ Hands-on Video တွေ ပေါက်ကြားလာခဲ့ပါတယ်။

Huawei P20 Lite စမတ်ဖုန်းဟာ Huawei ရဲ့ လှပတဲ့ Full Screen ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး Notch လည်းပါဝင်မှာပါ။ RAM 4GB ပါဝင်သလို Full HD Video တွေကိုလည်း Record ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

အခု Huawei P20 Lite ဖုန်းကို Android World Italy Website နဲ့ HDBlog.it ၂ မျိုးစလုံးက Hands-on Video တွေပေါက်ကြားခဲ့တာဖြစ်ပါတယ်။

Huawei P20 Lite ကို ဈေးအနေနဲ့ ဒေါ်လာ ၄၅၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။