Huawei ကနေ P20 စမတ်ဖုန်းတွေကိုလာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာတော့မှာပဲဖြစ်ပါတယ်။ အခုလိုမကြေငြာခင်မှာ Huawei P20 စမတ်ဖုန်းရဲ့ ကြော်ငြာဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြီး ပထမဆုံး ကျောဘက် ကင်မရာ ၃ လုံးပါဝင်တဲ့ Huawei P20 ဖုန်းက ဘယ်လိုမျိုးလည်းဆိုတာကို တွေ့ခဲ့ရပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ ကြော်ငြာဓါတ်ပုံတွေအရ Huawei P20 Series လို့ရေးထားပြီးတော့ ကင်မရာအနေနဲ့ ၃ လုံးပါဝင်တယ်ဆိုပေမယ့် Dual Camera ကိုမှ နောက်ထပ် ကင်မရာတစ်ခုက ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဒါ့အပြင် ယခင်က Huawei P20 စမတ်ဖုန်းဓါတ်ပုံတွေထွက်ပေါ်လာတုန်းက ကင်မရာ ၂ လုံးပဲ ပါဝင်တာဖြစ်တဲ့အတွက် အခုပြထားတဲ့ဖုန်းက Huawei P20 Pro စမတ်ဖုန်းလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Huawei P20 စမတ်ဖုန်းတွေဟာ Full Screen Display တွေကို အသုံးပြုမှာဖြစ်ပြီးတော့ ဖုန်းအရှေ့ဘက်မှာ Selfie Camera အတွက် Notch Bar တစ်ခုထည့်ထားမှာပဲဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ See Mooore with AI လို့ ရေးထားသေးတဲ့အတွက် Huawei ရဲ့ P20 စမတ်ဖုန်းဟာ ညဏ်ရည်တုနည်းပညာပါဝင်လာဦးမှာလို့လည်း သိရပါတယ်။