Huawei ကနေ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ မိတ်ဆက်ထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Huawei P20 Pro နဲ့ Mate 10 စမတ်ဖုန်းတွေအတွက် Android 10 ကိုအခြေခံထားတဲ့ EMUI 10 Update ကို ထုတ်ပေးလိုက်ပါပြီ။

Huawei ဟာ အစောပိုင်းတုန်းက ထုတ်ပြန်ထားခဲ့တဲ့ EMUI 10 Update Roadmap ထဲမှာလည်း အဆိုပါ ဖုန်း ၂ လုံးစလုံးကို လာမယ့်ဇွန်လလယ်ပိုင်းမှာ Update ထုတ်ပေးသွားမယ်ဆိုပြီး ပြောကြားခဲ့တဲ့အတွက် အခုတကယ် Update ရရှိလာတဲ့အချိန်က အနည်းငယ်စောနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် Global Stable Update ဖြစ်တဲ့အတွက် အဆိုပါဖုန်းတွေကို အသုံးပြုနေသူတိုင်း Update ပြုလုပ်နိုင်မှာဖြစ်ပြီး Europe နဲ့ Asia Region တွေက အရင်ဆုံး Update ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

EMUI 10 Update အတွက် Download ပြုလုပ်ရမယ့် File Size တွေကတော့ Huawei Mate 10 ဖုန်းမှာ 4.39GB ဝန်းကျင်နဲ့ Huawei P20 Pro ဖုန်းမှာ 4.59GB ဝန်းကျင်အထိရှိမှာဖြစ်ပါတယ်။ အဆိုပါ EMUI 10 Update နဲ့အတူ Android 10 OS အပြင် Quick Settings & Notification Panel အသစ်၊ Camera UI အသစ်၊ Setting Menu ပြောင်းလဲမှုတွေအပြင် Transition Animation အသစ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android 10 OS ဖြစ်သွားတဲ့အတွက် System-wide Dark Theme ၊ Navigation Gesture အသစ်တွေအပြင် Location Privacy ၊ Smart Reply နဲ့ Digital Wellbeing Feature အသစ်တွေပါဝင်လာဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Huawei P20 Pro ရော Mate 10 ဖုန်း ၂ မျိုးစလုံးဟာ Kirin 970 Chipset ကို အသုံးပြုထားတာဖြစ်ပြီး Android 8 Oreo နဲ့ စတင်ထွက်ရှိခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် Major Android OS ၂ ခုအထိ ရရှိပြီးဖြစ်တယ်လို့တောင် ပြောရမှာဖြစ်ပါတယ်။

Ref – XDA-Developers