စမတ်ဖုန်းတွေက အခုနောက်ပိုင်းမှာ ကင်မရာပိုင်းတဖြည်းဖြည်းကောင်းလာကြပြီးတော့ Professional Camera တွေကို ခြိမ်းခြောက်လာတဲ့အဆင့်ကိုတောင် တဖြည်းဖြည်းရောက်ရှိလာကြပြီဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Huawei P20 Pro စမတ်ဖုန်းကတော့ လက်ရှိထွက်ရှိထားသမျှ စမတ်ဖုန်းကင်မရာတွေအားလုံးကို အပြတ်အသတ်ကျော်သတ်သွားတယ်ပဲပြောရမှာပါ။

ဘာလို့လဲဆိုရင် Huawei P20 Pro စမတ်ဖုန်းမှာ 40MP + 20MP + 8MP Camera ၃ လုံးကို ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ထားတဲ့ တစ်ခုထဲသော စမတ်ဖုန်းဖြစ်ပြီးတော့ လက်ရှိ စမတ်ဖုန်းတွေရဲ့ Camera စွမ်းဆောင်ရည်ကို စစ်ဆေးတဲ့ DxOMark Benchmark Website မှာလည်း နံပါတ် (၁) နေရာကို အပြတ်အသတ်ရရှိထားတဲ့ စမတ်ဖုန်းဖြစ်သွားလို့ပဲဖြစ်ပါတယ်။

အခုလိုမျိုး ကင်မရာပိုင်းမှာလည်း တော်လှန်ပြောင်းလဲခဲ့တယ်လို့ဆိုရလောက်အောင် ကောင်းမွန်နေပြီးတော့ အခြားသော စွမ်းဆောင်ရည်ပိုင်း၊ Battery ပိုင်းနဲ့ ဒီဇိုင်းပိုင်းမှာလည်း အလွန်ကောင်းမွန်နေတဲ့အတွက် Huawei P20 Pro ဟာ တရုတ်နိုင်ငံမှာ ဒေါ်လာ ၁၅ သန်းတန်ဖိုးရှိတဲ့ Huawei P20 ဖုန်းတွေကို ၁၀ စက္ကန့်အတွင်း ရောင်းကုန်သွားတဲ့အထိကို ဖြစ်ခဲ့တာပါ။

ဒါပေမယ့် Huawei ရဲ့ အောင်မြင်မှုက တရုတ်နိုင်ငံမှာတင်ရပ်နေတာမျိုးမဟုတ်ပဲ အခုလက်ရှိရောင်းချနေတဲ့ ဥရောပနိုင်ငံတွေဖြစ်တဲ့ UK ၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေမှာလည်း ရောင်းအားက စံချိန်တင်အောင် ရောင်းချနေရပြီး Huawei ရဲ့ ကြေညာချက်အရဆိုရင် ယခင် Huawei P10 စမတ်ဖုန်းထက် ၃၁၆ ရာခိုင်နှုန်းပိုပြီး ရောင်းချရပြီးဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုနှစ်အတွက်ကတော့ Huawei ရဲ့ P20 Pro စမတ်ဖုန်းက အကောင်းဆုံးစမတ်ဖုန်းဖြစ်လာတော့မှာပါ။