Huawei ကနေ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ Huawei P20 ဖုန်းတွေကို ထုတ်ပြန်ကြေငြာတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Huawei P20 Series စမတ်ဖုန်းထဲကမှ အဆင့်အမြင့်ဆုံးဖြစ်လာမယ့် Huawei P20 Pro စမတ်ဖုန်းရဲ့ သတင်းတွေ အတိအကျထွက်ပေါ်လာပါတယ်။

အခု Huawei P20 Pro စမတ်ဖုန်းမှာ အဓိကအားသာချက်ကတော့ ကင်မရာတွေပဲဖြစ်လာမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဖုန်းအနောက်ဖက်မှာ ကင်မရာ ၃ လုံးပါလာတဲ့ တစ်ခုထဲသော စမတ်ဖုန်းဖြစ်လာတဲ့အပြင် Megapixels အရလည်း 40MP Sensor တစ်ခု ၊ 20MP Sensor တစ်ခုနဲ့ 8MP Sensor ၁ ခုပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Megapixels အများဆုံးသော စမတ်ဖုန်းဖြစ်လာသလို Zoom ကိုလည်း ၅ ဆ အထိ ပြတ်သားမှုလျော့ကျခြင်းမရှိပဲ အသုံးပြုနိုင်မှာပါ။

Huawei P20 Pro စမတ်ဖုန်းဟာ 6.1″ AMOLED Display နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Display အပေါ်ဘက်အလယ်မှာ Notch ပါဝင်လာမှာပါ။ Processor အနေနဲ့ Huawei ရဲ့ Kirin 970 Processor ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 6GB နဲ့ 128GB ဒါမှမဟုတ် 256GB Storage ပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့တော့ 4000mAh Battery ပါဝင်လာမှာဖြစ်ပြီး IP 67 လည်း ပါဝင်မှာဖြစ်တဲ့အတွက် ရေစိုခံဦးမှာပါ။

Huawei P20 Pro စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၁၀၀ ကျော်နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ အဆိုပါ ဈေးနှုန်းဟာ လက်ရှိ iPhone X နဲ့ Samsung Galaxy S9+ ဖုန်းတွေထက် ပိုပြီး များပြားနေတာပဲဖြစ်ပါတယ်။