Huawei ရဲ့ စမတ်ဖုန်းအမြင့်တွေဟာ ကင်မရာပိုင်းကိုပဲ အဓီကအာရုံစိုက်နေထားတဲ့စမတ်ဖုန်းတွေဆိုတာက လူတိုင်းနီးပါး သိကြမှာပါ။ အခုအချိန်မှာလည်း Huawei ကနေ P20 ၊ P20 Pro စမတ်ဖုန်းတွေကို ထုတ်လုပ်လိုက်ပြီး စမတ်ဖုန်းကင်မရာလောကကို အပိုင်သိမ်းလိုက်ပြန်ပါပြီ။

အခု Huawei P20 Pro စမတ်ဖုန်းမှာ 40MP Primary Sensor ၊ 20MP Black & White Sensor တွေအပြင် နောက်ထပ် တတိယမြောက် 8MP Telephoto Lens ကိုပါ တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei P20 Pro စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ပထမဆုံး နောက်ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်တဲ့ဖုန်းလည်းဖြစ်လာပါတယ်။

ကင်မရာအတွက် စစ်ဆေးတဲ့ နာမည်ကြီး Website တစ်ခုဖြစ်တဲ့ DxOMark ကနေ တိုင်းတာချက်အရ Huawei P20 Pro စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ရမှတ် ၁၀၉ မှတ်ရရှိပြီးတော့ ပြီးခဲ့တဲ့အချိန်တုန်းက ကင်ရာအကောင်းဆုံးဖုန်းလို့ သတ်မှတ်ခံထားရတဲ့ Samsung Galaxy S9+ စမတ်ဖုန်းထက်တောင် ရမှတ် 99 မှတ်ပဲရရှိတာဖြစ်ပါတယ်။

အခုရမှတ်မှာ Huawei P20 Pro စမတ်ဖုန်းဖြစ်ပြီး ပုံမှန် Dual Camera ကိုပဲ အသုံးပြုထားတဲ့ Huawei P20 ဖုန်းတောင် 102 မှတ် ရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ ကင်မရာအကောင်းဆုံး စမတ်ဖုန်းနေရာကို Huawei P20 Pro နဲ့ P20 ဖုန်း ၂ မျိုးစလုံးက နေရာယူသွားပြီလို့ပြောရတော့မှာပါ ။

အခုလိုမျိုး ကင်မရာ ၃ လုံးတောင်ပါဝင်တဲ့ Huawei P20 Pro စမတ်ဖုန်းဟာ 5x Hybrid Zoom ၊ 3x Optical Zoom ၊ 960 fps Super Slow Motion Video တွေနဲ့ အကောင်းဆုံးသော Black & White ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။