EVLeaks (သို့) Evan Blass ဟာ စမတ်ဖုန်းတွေရဲ့ သတင်းတွေကို တရားဝင်မကြေငြာခင်မှာ တိကျစွာဖော်ပြနိုင်တဲ့အတွက် နာမည်ကြီးတဲ့ Source တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Evan Blass ကနေ သူရဲ့ Twitter Account မှာ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကြေငြာတော့မယ့် Huawei P20 Lite ၊ P20 နဲ့ P20 Pro စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းတွေကို ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Evan Blass ကနေ အခုလိုမျိုးကြေငြာလိုက်တဲ့အတွက် ယခင်က Leak ဖြစ်လာတဲ့ ဓါတ်ပုံတွေထက်ပိုပြီးသေချာတဲ့ ဒီဇိုင်းတွေကို တွေ့ရတာဖြစ်ပြီးတော့ ယခင်က သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ Huawei P20 Lite နဲ့ P20 ဖုန်းတွေမှာ Back Camera ၂ လုံးပဲ ပါဝင်မှာဖြစ်ပြီးတော့ Huawei P20 Pro စမတ်ဖုန်းမှာပဲ Back Camera ၃ လုံးပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ်တစ်ခုထူးခြားချက်ကတော့ အခု Huawei P20 Series စမတ်ဖုန်းတွေအားလုံးမှာ Screen ကို ဖုန်းရဲ့ ထပ်ပိုင်းအထိရောက်အောင် တွန်းပို့ခဲ့ပေမယ့် Selfie Camera အတွက် Notch Bar ကို ထည့်သွင်းလာကြတာပဲဖြစ်ပါတယ်။ Fingerprint Sensor အနေနဲ့လည်း Huawei P20 Lite ဖုန်းမှာပဲ ဖုန်းရဲ့ နောက်ကျောဘက်မှာထည့်သွင်းထားတာဖြစ်ပြီးတော့ ကျန်တဲ့ Huawei P20 နဲ့ P20 Pro ဖုန်းတွေမှာတော့ ဖုန်းရဲ့ အရှေ့ဘက်မှာပဲ Home Key နေရာမှာရအောင် ထည့်သွင်းထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် မတ်လ ၂၇ ရက်နေ့မှာ တရားဝင်ထုတ်ဖော်ပြသတော့မယ့် Huawei P20 Pro စမတ်ဖုန်းတွေဟာ ဒီနှစ်အတွက် အကောင်းဆုံးသော ကင်မရာဖုန်းတွေဖြစ်လာဖို့ များနေပါပြီ။