Super Slow Motion ရိုက်ကူးနိုင်မယ့် Huawei P20/P20 Pro

Samsung ဟာ ပြီးခဲ့တဲ့ Galaxy S9 နဲ့ Galaxy S9+ စမတ်ဖုန်းတွေမှာ ယခင်တုန်းက Sony စမတ်ဖုန်းတွေလိုမျိုး 960fps Super Slow Motion ရိုက်ကူးနိုင်တဲ့ ကင်မရာတွေကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Samsung တစ်ဦးတည်း Super Slow Motion Camera ပါဝင်လာမှာမဟုတ်ပါဘူး။

လာမယ့် မတ်လ ၂၇ ရက်နေ့မှာ တရားဝင်ကြေငြာတော့မှာဖြစ်တဲ့ Huawei P20 နဲ့ P20 Pro ဖုန်းတွေဟာ ကင်မရာပိုင်းကို အထူးအလေးပေးလာမှာဖြစ်ပြီးတော့ Huawei P20 Pro စမတ်ဖုန်းဆိုရင် လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ဖုန်းရဲ့ အနောက်ဖက်မှာ ကင်မရာ ၃ လုံးပါဝင်လာမှာပဲဖြစ်ပါတယ်။

အခု Twitter မှာ မြင်ရတဲ့ ဗီဒီယိုဖိုင်တစ်ခုအရ Huawei P20 စမတ်ဖုန်းတွေဟာ Samsung နဲ့ Sony ဖုန်းတွေလိုမျိုးပဲ Super Slow Motion Video တွေဖြစ်တဲ့ 960fps Video တွေကိုပါ ရိုက်ကူးနိုင်မယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ Samsung Galaxy S9 နဲ့ Sony Xperia XZ2 ဖုန်း ၂ ခုစလုံး 960fps Slow Motion ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပေမယ့် Sony Xperia XZ2 ကပဲ Full HD Resolution နဲ့ ရိုက်ကူးနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei P20 စမတ်ဖုန်းက Full HD Super Slow Motion Video တွေကို ရိုက်ကူးနိုင်မှာလား ၊ HD Resolution နဲ့ပဲ ရိုက်ကူးနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ဒါ့အပြင် Huawei P20 နဲ့ P20 Pro စမတ်ဖုန်း ၂ မျိုးစလုံးဟာ 128GB Storage Version နဲ့ရောင်းချမှာဖြစ်တဲ့အတွက် Storage ပိုင်းအတွက်ကတော့ စိတ်ပူစရာမလိုလောက်ပါဘူး။ ဒါပေမယ့် Huawei P20 Pro စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ၈၈၉ ယူရိုအထိ ရှိမှာဖြစ်တဲ့အတွက် Samsung Galaxy S9+ စမတ်ဖုန်းထက်တောင် ဈေးကြီးမှာဖြစ်ပါတယ်။