Zawgyi

မႏွစ္က Huawei P20 Lite ဟန္းဆက္ဟာ P20 မိသားစုဝင္ေတြထဲက လူၾကိဳက္မ်ားခဲ့တဲ့ ေစ်းခ်ဳိဟန္းဆက္ တစ္ခုျဖစ္ပါတယ္။ အခုေတာ့ ၂၀၁၉ ေမာ္ဒယ္အျဖစ္ ျပန္လည္အသက္သြင္းလာၿပီး Huawei P20 Lite 2019 ေမာ္ဒယ္ဟာ Punch-hole ဆယ္ဖီကင္မရာနဲ႔အတူ Quad-camera ကိုပါသုံးစြဲလာတာ ေတြ႕ရပါတယ္။

P20 Lite 2019 မွာ 5.84” လက္မအရြယ္ FHD+ LCD Display ပါဝင္ၿပီး ဆယ္ဖီကင္မရာအတြက္ Punch-hole ေလးနဲ႔ျဖစ္ပါတယ္။ ေနာက္ဖက္မွာေတာ့ 24MP f/1.8 Sensor ဦးေဆာင္တဲ့ ကင္မရာေလးလုံးတဲြ ျဖစ္ၿပီး က်န္တဲ့ Sensor ေတြကိုေတာ့ မသိရေသးေပမယ့္ တစ္ခုက Honor View 20 မွာလို ToF ကင္မရာ ျဖစ္မယ္လို႔ ယူဆရပါတယ္။

အတြင္းမွာ Kirin 710 အသုံးျပဳလာၿပီး မန္မုိရီက 4GB RAM တစ္မ်ဳိးတည္းကို 64GB သို႔မဟုတ္ 128GB Storage နဲ႔တြဲဖက္လာမွာပါ။ ဒါ့အျပင္ MicroSD နဲ႔လည္းတုိးခ်ဲ႕ႏုိင္ဦးမွာျဖစ္ပါတယ္။ ဘကၳရီကေတာ့ ယခင္ ေမာ္ဒယ္အတုိင္းပဲ 3,000 mAh လို႔ သတင္းထြက္လာတဲ့အတြက္ အားသြင္းစနစ္ကလည္း အရင္လုိ 18W ပဲလုိ႔ ယူဆရပါတယ္။

 

Huawei P20 Lite 2019 ေမာ္ဒယ္ဖုန္းဟာ အနက္ေရာင္၊ အျပာေရာင္နဲ႔ အနီေရာင္ေျပး ကာလာသုံးမ်ဳိး ထြက္လာမွာျဖစ္ပါတယ္။ ဘယ္အခ်ိန္မွာ ေစ်းကြက္ထဲဝင္လာမလဲ ဆုိတာ မသိရေသးေပမယ့္ အေျခခံေမာ္ဒယ္ကေတာ့ ေဒၚလာ ၃၁၅ (ျမန္မာေငြေလးသိန္းရွစ္ေသာင္း) ခန္႔ သတ္မွတ္လာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

မနှစ်က Huawei P20 Lite ဟန်းဆက်ဟာ P20 မိသားစုဝင်တွေထဲက လူကြိုက်များခဲ့တဲ့ ဈေးချိုဟန်းဆက် တစ်ခုဖြစ်ပါတယ်။ အခုတော့ ၂၀၁၉ မော်ဒယ်အဖြစ် ပြန်လည်အသက်သွင်းလာပြီး Huawei P20 Lite 2019 မော်ဒယ်ဟာ Punch-hole ဆယ်ဖီကင်မရာနဲ့အတူ Quad-camera ကိုပါသုံးစွဲလာတာ တွေ့ရပါတယ်။

P20 Lite 2019 မှာ 5.84” လက်မအရွယ် FHD+ LCD Display ပါဝင်ပြီး ဆယ်ဖီကင်မရာအတွက် Punch-hole လေးနဲ့ဖြစ်ပါတယ်။ နောက်ဖက်မှာတော့ 24MP f/1.8 Sensor ဦးဆောင်တဲ့ ကင်မရာလေးလုံးတွဲ ဖြစ်ပြီး ကျန်တဲ့ Sensor တွေကိုတော့ မသိရသေးပေမယ့် တစ်ခုက Honor View 20 မှာလို ToF ကင်မရာ ဖြစ်မယ်လို့ ယူဆရပါတယ်။

အတွင်းမှာ Kirin 710 အသုံးပြုလာပြီး မန်မိုရီက 4GB RAM တစ်မျိုးတည်းကို 64GB သို့မဟုတ် 128GB Storage နဲ့တွဲဖက်လာမှာပါ။ ဒါ့အပြင် MicroSD နဲ့လည်းတိုးချဲ့နိုင်ဦးမှာဖြစ်ပါတယ်။ ဘက္ထရီကတော့ ယခင် မော်ဒယ်အတိုင်းပဲ 3,000 mAh လို့ သတင်းထွက်လာတဲ့အတွက် အားသွင်းစနစ်ကလည်း အရင်လို 18W ပဲလို့ ယူဆရပါတယ်။

 

Huawei P20 Lite 2019 မော်ဒယ်ဖုန်းဟာ အနက်ရောင်၊ အပြာရောင်နဲ့ အနီရောင်ပြေး ကာလာသုံးမျိုး ထွက်လာမှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဈေးကွက်ထဲဝင်လာမလဲ ဆိုတာ မသိရသေးပေမယ့် အခြေခံမော်ဒယ်ကတော့ ဒေါ်လာ ၃၁၅ (မြန်မာငွေလေးသိန်းရှစ်သောင်း) ခန့် သတ်မှတ်လာမှာဖြစ်ပါတယ်။

Ref – GSM Arena