[Zawgyi]

ဒီတစ္ပတ္ အေစာပိုင္းတုန္းက WinFuture.de ကေန တစ္ဆင့္ ထြက္ေပၚခဲ့တဲ့ Renders ဓာတ္ပုံေတြေၾကာင့္ Huawei P20 Lite 2019 မွာ Punch-hole Display နဲ႔ Quad Camera Setup ေတြ ပါဝင္မယ္ဆိုတာ သိခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ P20 Lite 2019 မွာ အသုံးျပဳထားတဲ့ Specifications ေတြဟာ မႏွစ္က ထြက္ရွိခဲ့တဲ့ P20 Lite နဲ႔ ဆင္တူတယ္လို႔ ၾကားသိခဲ့ရပါတယ္။ ဒါေပမယ့္ ဒီေန႔ ၾကားသိလိုက္ရတဲ့ သတင္းမွာေတာ့ P20 Lite 2019 ကို ဒီဇိုင္းပိုင္းသာမက Specifications အပိုင္းမွာပါ ေျပာင္းလဲမႈ ျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။

Huawei P20 Lite 2019 မွာ 6.4” IPS LCD Punch-hole Display ကို အသုံးျပဳထားႏိုင္ၿပီး Resolution က 1080 x 2310 pixels ရွိႏိုင္ပါတယ္။ Punch-hole ထဲမွာေတာ့ Aperture f/2.2 အက်ယ္ရွိ 16MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားမယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ Huawei ရဲ႕ အေပါမ်ားဆုံး SoC လို႔ ေျပာလို႔ရတဲ့ Kirin 710 ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 4GB ပါဝင္လာႏိုင္ပါတယ္။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားႏိုင္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 24MP Main Camera ကို 8MP Ultra-wide Camera + 2MP Depth Sensor + TOF (Time of Flight) Camera ေတြနဲ႔ တြဲဖက္ တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4000mAh ပါဝင္ႏိုင္ၿပီး 10W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမယ္လို႔ သိရပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားသလို Selfie Camera ကေန တစ္ဆင့္လည္း Face Unlock စနစ္ကို အသုံးျပဳႏိုင္မွာပါ။

Huawei P20 Lite 2019 ရဲ႕ ေစ်းႏႈန္းဟာ ဥေရာပေစ်းကြက္ေတြမွာ ယူ႐ို ၂၈၀ ကေန ၃၃၀ ( ျမန္မာေငြ ၄၈၀,၀၀၀ ကေန ၅၆၀,၀၀၀ က်ပ္ ဝန္းက်င္ ) ၾကား က်သင့္ႏိုင္ၿပီး တခ်ိဴ႕ေသာ ေစ်းကြက္ေတြမွာ Nova 5i နာမည္နဲ႔ ပြဲထြက္လာမွာ ျဖစ္ေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ား ရွိေနပါတယ္။

Ref: Gizmochina

[Unicode]

Punch-hole Display နဲ့ ကျောဘက်ကင်မရာ ၄လုံး ပါလာနိုင်တဲ့ Huawei P20 Lite 2019 ရဲ့ အချက်အလက်များ

ဒီတစ်ပတ် အစောပိုင်းတုန်းက WinFuture.de ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ Renders ဓာတ်ပုံတွေကြောင့် Huawei P20 Lite 2019 မှာ Punch-hole Display နဲ့ Quad Camera Setup တွေ ပါဝင်မယ်ဆိုတာ သိခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ P20 Lite 2019 မှာ အသုံးပြုထားတဲ့ Specifications တွေဟာ မနှစ်က ထွက်ရှိခဲ့တဲ့ P20 Lite နဲ့ ဆင်တူတယ်လို့ ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းမှာတော့ P20 Lite 2019 ကို ဒီဇိုင်းပိုင်းသာမက Specifications အပိုင်းမှာပါ ပြောင်းလဲမှု ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

Huawei P20 Lite 2019 မှာ 6.4” IPS LCD Punch-hole Display ကို အသုံးပြုထားနိုင်ပြီး Resolution က 1080 x 2310 pixels ရှိနိုင်ပါတယ်။ Punch-hole ထဲမှာတော့ Aperture f/2.2 အကျယ်ရှိ 16MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားမယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Huawei ရဲ့ အပေါများဆုံး SoC လို့ ပြောလို့ရတဲ့ Kirin 710 ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 4GB ပါဝင်လာနိုင်ပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားနိုင်ပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 24MP Main Camera ကို 8MP Ultra-wide Camera + 2MP Depth Sensor + TOF (Time of Flight) Camera တွေနဲ့ တွဲဖက် တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ပါဝင်နိုင်ပြီး 10W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားသလို Selfie Camera ကနေ တစ်ဆင့်လည်း Face Unlock စနစ်ကို အသုံးပြုနိုင်မှာပါ။

Huawei P20 Lite 2019 ရဲ့ စျေးနှုန်းဟာ ဥရောပစျေးကွက်တွေမှာ ယူရို ၂၈၀ ကနေ ၃၃၀ ( မြန်မာငွေ ၄၈၀,၀၀၀ ကနေ ၅၆၀,၀၀၀ ကျပ် ဝန်းကျင် ) ကြား ကျသင့်နိုင်ပြီး တချိူ့သော စျေးကွက်တွေမှာ Nova 5i နာမည်နဲ့ ပွဲထွက်လာမှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပါတယ်။

Ref: Gizmochina