[Zawgyi]

HUAWEI ရဲ႕ စမတ္ဖုန္းစီးရီးေတြမွာ ဆိုလ်င္ HUAWEI P Series စမတ္ဖုန္းေတြဟာ အႏုပညာလက္ရာေျမာက္ဖန္တီးမႈနဲ႔ လွပေသသပ္ေက်ာ့ရွင္းမႈရဲ႕ သေကၤတ အမွတ္အသားတစ္ခုပဲ ျဖစ္ပါတယ္။ အလွတရားတစ္ခုကို ရႈေထာင့္စုံကေန ခံစားၿပီး ေပၚထြက္လာတဲ့ အျမင္ဆန္းေတြကို စမတ္ဖုန္း တည္ေဆာက္ရာမွာ ထည့္သြင္းအသုံးခ်ဖန္တီးတာေၾကာင့္မို႔လည္း HUAWEI ရဲ႕ P Series ဖုန္းေတြဟာ ဒီဇိုင္းပိုင္းနဲ႔ေသသပ္လွပေက်ာ့ရွင္းမႈနဲ႔အတူ နာမည္ေကာင္းရေနတာလည္းျဖစ္ပါတယ္။ ထိပ္တန္းကင္မရာ နည္းပညာ၊ ဆန္းသစ္တဲ့ ဒီဇိုင္းပိုင္းနဲ႔ လွပေက်ာ့ရွင္းေသသပ္တဲ့ သေဘာတရားတို႔ေပါင္းဆုံမိတဲ့ အခါမွာေတာ့ စမတ္ဖုန္းေလာက တစ္ေခတ္ဆန္းသစ္ဖို႔ ျဖစ္လာပါေတာ့တယ္။

လိေမၼာ္ေရာင္က ကိုယ္စားျပဳတဲ့ HUAWEI P Series ရဲ႕ ကိုယ္ေရာင္ကိုယ္ဝါ

၂၀ရာစုအေစာပိုင္းကာလမွာ ေဝါလ္တာဘင္ဂ်မင္ လို႔ေခၚတဲ့ အေတြးအေခၚပညာရွင္ က ကိုယ္ေရာင္ကိုယ္ဝါ (Aura) သေဘာတရားကို စတင္မိတ္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္။ သူ႔ရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္အရမွာေတာ့ ကိုယ္ေရာင္ကိုယ္ဝါဟာ အႏုပညာဖန္တီးမႈကေန တစ္ဆင့္ေပါက္ဖြားလာတဲ့ အတုအပ မရွိ၊ ထူးျခားတဲ့ ေရာင္ဝါလကၡဏာပဲျဖစ္ပါတယ္။ သို႔ေပမယ့္ သိပၸံနဲ႔နည္းပညာထြန္းကားလာတဲ့ ေခတ္အေျခအေန ျဖစ္တည္လာမႈနဲ႔အတူ အႏုပညာလက္ရာဖန္တီးမႈေတြကို ဆင့္ပြားကူးေျပာင္းလာတဲ့ အခ်ိန္မွာေတာ့ ကိုယ္ေရာင္ကိုယ္ဝါဟာ တစ္ဆထပ္တစ္ထပ္ ေမွးမိန္တိမ္ေကာလာပါေတာ့တယ္။

HUAWEI အေနနဲ႔ တစ္မူထူးျခားတဲ့ အေရာင္ အစပ္အဟပ္ေတြကို ဖန္တီးမႈနဲ႔ လက္ေတြ႕အသုံးခ်မႈမွာ အမ်ားနဲ႔မတူပဲ ေရွ႕ေဆာင္လမ္းျပအမွတ္တံဆိပ္တစ္ခုျဖစ္ပါတယ္။ယခုတစ္ႀကိမ္မွာလည္း တစ္ခ်ိန္က နာမည္ေက်ာ္ၾကား ဂႏၲဝင္ေျမာက္ခဲ့တဲ့ ကိုယ္ေရာင္ကိုယ္ဝါ (Aura) ကို ျပန္လည္တစ္ေခတ္ဆန္းေစဖို႔ ဖန္တီးလာတာပဲျဖစ္ပါတယ္။

HUAWEI အေနနဲ႔ အလွတရားနဲ႔ ခန႔္မွန္းရခက္ၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္နက္နဲတဲ့ ေရာင္ေျပးကာလာ အတြဲအစပ္ (Twilight) တီထြင္ဖန္တီးဆန္းသစ္ ၿပီးေျခလွမ္းသစ္ လွမ္းခဲ့တာပဲျဖစ္ပါတယ္။ HUAWEI ရဲ႕ ယခင္ မ်ိဳးဆက္တစ္ခုျဖစ္တဲ့ HUAWEI P20 Series မိတ္မဆက္မွီ ကာလမ်ားကို ျပန္လည္ဆန္းစစ္ရမယ္ဆိုရင္ ေဈးကြက္ထဲမွာ ရွိတဲ့ စမတ္ဖုန္း အမ်ားစုရဲ႕ အေရာင္ဟာ ဆိုရင္ အေရာင္တစ္မ်ိဳးတည္းကို တစ္သမတ္တည္း အသုံးျပဳေနၾကတာပဲ ျဖစ္ပါတယ္။ HUAWEI အေနနဲ႔ ဒီဇိုင္းပိုင္းဆိုင္ရာမွာ အေလးေပးလုပ္ေဆာင္မႈနဲ႔ တီထြင္ဆန္းသစ္ဖန္တီးမႈေတြကို အာ႐ုံစိုက္ ေလ့လာမႈေတြ တစ္စိုက္မတ္မတ္နဲ႔ ကာလၾကာရွည္စြာ လုပ္ေဆာင္လာခဲ့တဲ့ ႏွစ္ေတြအလြန္မွာေတာ့ အသုံးျပဳသူေတြအတြက္ ဆန္းျပားလွပတဲ့ အေရာင္အတြဲအစပ္ေတြကို ဖန္တီးခဲ့ၿပီး စမတ္ဖုန္းေလာကကို တစ္ေခတ္ဆန္းေစခဲ့တာပဲျဖစ္ပါတယ္။

HUAWEI ရဲ႕ အမ်ားနဲ႔မတူ တမူထူးျခားတဲ့ အေရာင္အတြဲအစပ္ေတြဖန္တီးလာႏိုင္မႈဟာ စမတ္ဖုန္းေလာကရဲ႕ ဒီဇိုင္းပိုင္းဆိုင္ရာမွာ တစ္ေခတ္ဆန္းလာခဲ့ေစတာပဲျဖစ္ပါတယ္။ HUAWEI P20 Series ရဲ႕ အေရာင္ပိုင္းဆိုင္ရာ ဖန္တီးထားမႈဟာ သက္တံ့ေရာင္စဥ္ေျပးကေန ကြန႔္ျမဴးဖန္တီး ထားတာျဖစ္ၿပီး သုံးစြဲသူမ်ားက တစ္ခဲနက္အားေပးခဲ့ၾကမႈနဲ႔အတူ စမတ္ဖုန္းေလာကတစ္ခုလုံးရဲ႕ ထင္ရွားတဲ့အေ႐ြ႕တစ္ခုျဖစ္လာခဲ့ပါတယ္။

HUAWEI P Series ရဲ႕ သေကၤတတစ္ခုျဖစ္တဲ့ အႏွစ္သာရျပည့္ဝတဲ့ အႏုပညာလက္ရာေျမာက္ဖန္တီးမႈကို ဆက္လက္ထိန္းသိမ္းထားနဲ႔ဖို႔ HUAWEI အေနနဲ႔ အခု P30 Series မွာလည္း ထူးျခားတဲ့ အေရာင္အတြဲအဖက္မ်ားကိုမိတ္ဆက္ျပသခဲ့ၿပီး “Amber Sunrise” ဆိုတဲ့ အေရာင္အတြဲအစပ္အသစ္ ေမြးဖြားလာခဲ့ပါတယ္။

(၁) HUAWEI P Series ရဲ႕ ပင္ကိုအရည္အေသြးကို ကိုယ္စားျပဳတဲ့ လိေမၼာ္ေရာင္

HUAWEI P20 Series ရဲ႕ ဆန္းျပားတဲ့ သက္တံ့ေရာင္စဥ္ေျပး အေရာင္အတြဲအစပ္ ကိုမိတ္ဆက္ခဲ့တဲ့ေနာက္ပိုင္းမွာေတာ့ သုံးစြဲသူမ်ားၾကားမွာ ေရပန္းစားလာတာနဲ႔အမွ် အျခား သံတူေၾကာင္းကြဲအေရာင္ေျပး အေရာင္အတြဲအစပ္နဲ႔ ဖုန္းမ်ားဟာလည္း ေဈးကြက္ထဲေရာက္ရွိလာခဲ့လို႔ ယခုအခ်ိန္မွာေတာ့ သုံးစြဲသူေတြအေနနဲ႔ ပိုမိုမ်ားျပားတဲ့ အေရာင္ေတြကို ေ႐ြးခ်ယ္လာႏိုင္တာပဲျဖစ္ပါတယ္။

ဒီလိုတီထြင္ဖန္တီးဆန္းသစ္တဲ့ HUAWEI P Series ရဲ႕ သေႏၵဗီဇနဲ႔ ကိုယ္ေရာင္ကိုယ္ဝါ (Aura) တို႔ရဲ႕ ဂႏၲဝင္ေျမာက္ ခန႔္ညားမႈတို႔ရဲ႕ ေပါင္းစပ္မႈဟာ HUAWEI P30 Series ကေန စတင္လိုက္ျပန္တဲ့ အေ႐ြ႕တစ္ခုျဖစ္လာျပန္ပါၿပီ။ လက္ရွိအေနအထား မွာ နည္းပညာထုတ္ကုန္ေတြနဲ႔ အေရာင္ေအး ေပါင္းစပ္မႈေတြ ေခတ္စားေနခ်ိန္မွာ အေရာင္ေႏြးနဲ႔ဖန္တီး ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ အေရာင္သေဘာတရားအရ လိေမၼာ္ေရာင္ဟာ Color Spectrum မွာ အနီနဲ႔အဝါေရာင္ၾကားထဲမွာ ရွိေနၿပီး အလင္းရဲ႕သေကၤတ၊ ႐ႊန္းလဲ့စိုေျပေတာက္ပမႈ သေဘာတရားကို ေဆာင္တဲ့ အေႏြးေထြးဆုံးအေရာင္ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ႏူးညံ့သိမ္ေမြ႕မႈ၊ လွပမႈနဲ႔ ႏုပ်ိဳတက္ႂကြမႈကိုလည္း ေဖာ္ျပေပးတဲ့ အဓိပၸာယ္လည္း သက္ေရာက္ပါတယ္။

(၂) အနာဂတ္ကို ေပၚလြင္ထင္ရွားေစတဲ့ လိေမၼာ္ေရာင္

“ကြၽန္ေတာ့္ ပန္းခ်ီကားေတြက ဇာတ္လမ္းတစ္ပုဒ္လို႔ဆိုၾကပါဆို႔၊ ပန္းခ်ီကားထဲက အရိပ္ေတြက ဒီဇာတ္လမ္းရဲ႕ဇာတ္ေဆာင္ေတြပါပဲ” – Mark Rothko (“I think of my pictures as dramas, the shapes in the pictures are the performers.” – Mark Rothko)


Orange, Red, Yellow by Mark Rothko

အႏုပညာအသိုင္းအဝန္းမွာ လိေမၼာ္ေရာင္ဟာ အဆင့္အတန္းျမင့္မားတဲ့ အေရာင္အျဖစ္ ယုံၾကည္လက္ခံထားၾကပါတယ္။

နာမည္ေက်ာ္ စိတၱဇပန္းခ်ီဆရာျဖစ္တဲ့ Mark Rotho ယုံၾကည္ထားတာကေတာ့ ရႈပ္ေထြးတဲ့ ပုံရိပ္ေတြဖန္တီးမႈထပ္ အေရာင္ေတြကို အႏုအရင့္လိုက္ေဖာ္ျပမႈက ပိုမိုေယဘူယ်ၾကတဲ့အမွန္တရားအျဖစ္ လက္ခံထားတာပဲျဖစ္ပါတယ္။ သူ႔အႏုပညာဖန္တီးမႈ သက္တမ္းတစ္ေလွ်ာက္မွာ အနီနဲ႔လိေမၼာ္ေရာင္ကို အသားေပးၿပီး သူ႔ရဲ႕စိတ္ခံစားမႈေတြကိုေဖာ္ျပေရးဆြဲေလ့ရွိၿပီး ဒီအေရာင္ႏွစ္ခုကို စင္ၾကယ္မႈ၊ အားေကာင္းမႈ၊ ကြဲျပားျခားနားမႈေတြရဲ႕ မူလဇစ္ျမစ္တယ္လို႔ယုံၾကည့္ထားၿပီး ဒီအေရာင္ႏွစ္ခုကို အသားေပးေဖာ္ျပၿပီး အႏုပညာေလာကရဲ႕ ေနာက္တစ္ဆင့္ကိုဆြဲတင္ေပးခဲ့ပါတယ္။ ဒီအေရာင္ေတြဟာ အႏုပညာေလာကသားေတြ အတြက္ စြဲေဆာင္မႈအစစ္အမွန္၊ လက္ရွိဘဝနဲ႔ ယုံၾကည္သက္ဝင္မႈ စိတ္ပိုင္းဆိုင္ရာ ခံစားမႈေတြအတြက္ အျမင့္ဆုံး စံႏႈန္းစံထား ေနရာမွာ ရွိေနပါတယ္။

Olafur Eliasson

အျခား အႏုပညာရွင္ တစ္ဦးျဖစ္တဲ့ Olafur Eliasson အတြက္လည္း အေရာင္ေတြဟာ အႏုပညာဖန္တီးမႈရဲ႕ အသက္ပဲလို႔ ယုံၾကည္ထားပါတယ္။ သူ႔ရဲ႕ အလင္းအေမွာင္၊ အေရာင္ အယူအဆေတြဟာ လူေတြရဲ႕ အသည္းႏွလူံးနဲ႔ စိတ္ခံစားခ်က္ကို သိသိသာသာလႊမ္းမိုးႏိုင္တဲ့ အယူအဆေတြပဲ ျဖစ္ပါတယ္။

ဖက္ရွင္ေလာကမွာဆိုရင္လည္း လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကေနစၿပီး စူပါစတားေတြၾကားမွာ တဖန္ေရပန္းျပန္စားလာခဲ့တဲ့ အေရာင္ျဖစ္ပါတယ္။ ေရပန္းစားေနတဲ့ ဖက္ရွင္ပစၥည္းေတြ ေခတ္ေပၚအသုံးအေဆာင္ေတြ၊ နာမည္ႀကီး အမွတ္တံဆိပ္ေတြၾကားမွာ လိေမၼာ္ေရာင္မွ လိေမၼာ္ေရာင္ဆိုၿပီး လိေမၼာ္ေရာင္ အႏုအရင့္ အစရွိသျဖင့္ အမ်ိဳးမ်ိဳးေပၚထြက္လာခဲ့တာပါတယ္။ ယခင္က လူအမ်ားစုအတြက္ေတာ့ လိေမၼာ္ေရာင္ဟာ ေတာက္ပထင္ရွားလြန္းလွတဲ့ အတြက္ ထသြားထလာ မွာ အလြယ္တကူယူေဆာင္ေလ့ မရွိတဲ့ အေရာင္မ်ိဳးပဲျဖစ္ပါတယ္ – ဒီ သေဘာတရားကို ဖက္ရွင္ အျမင္နဲ႔ ေျပာင္းလိုက္တဲ့ အခါမွာေတာ့ လိေမၼာ္ေရာင္ဟာ မိမိကိုယ္ကိုယုံၾကည္မႈျပည့္ဝျခင္း၊ တက္ႂကြလန္းဆန္းမႈနဲ႔ အေကာင္းျမင္ဝါဒီ ဆိုၿပီး လူအမ်ားၾကားမွာပိုမိုထင္ရွားေက်ာ္ၾကားလာခဲ့ပါတယ္။

[Unicode]

HUAWEI P Series ရဲ့ အနုပညာလက်ရာမြောက် အရောင်စပ်ဖန်တီးမှုအသစ်ဖြင့် စမတ်ဖုန်း ဒီဇိုင်းလောကကို ဦးဆောင်

HUAWEI ရဲ့ စမတ်ဖုန်းစီးရီးတွေမှာ ဆိုလျင် HUAWEI P Series စမတ်ဖုန်းတွေဟာ အနုပညာလက်ရာမြောက်ဖန်တီးမှုနဲ့ လှပသေသပ်ကျော့ရှင်းမှုရဲ့ သင်္ကေတ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ အလှတရားတစ်ခုကို ရှုထောင့်စုံကနေ ခံစားပြီး ပေါ်ထွက်လာတဲ့ အမြင်ဆန်းတွေကို စမတ်ဖုန်း တည်ဆောက်ရာမှာ ထည့်သွင်းအသုံးချဖန်တီးတာကြောင့်မို့လည်း HUAWEI ရဲ့ P Series ဖုန်းတွေဟာ ဒီဇိုင်းပိုင်းနဲ့သေသပ်လှပကျော့ရှင်းမှုနဲ့အတူ နာမည်ကောင်းရနေတာလည်းဖြစ်ပါတယ်။ ထိပ်တန်းကင်မရာ နည်းပညာ၊ ဆန်းသစ်တဲ့ ဒီဇိုင်းပိုင်းနဲ့ လှပကျော့ရှင်းသေသပ်တဲ့ သဘောတရားတို့ပေါင်းဆုံမိတဲ့ အခါမှာတော့ စမတ်ဖုန်းလောက တစ်ခေတ်ဆန်းသစ်ဖို့ ဖြစ်လာပါတော့တယ်။

လိမ္မော်ရောင်က ကိုယ်စားပြုတဲ့ HUAWEI P Series ရဲ့ ကိုယ်ရောင်ကိုယ်ဝါ

၂၀ရာစုအစောပိုင်းကာလမှာ ဝေါလ်တာဘင်ဂျမင် လို့ခေါ်တဲ့ အတွေးအခေါ်ပညာရှင် က ကိုယ်ရောင်ကိုယ်ဝါ (Aura) သဘောတရားကို စတင်မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရမှာတော့ ကိုယ်ရောင်ကိုယ်ဝါဟာ အနုပညာဖန်တီးမှုကနေ တစ်ဆင့်ပေါက်ဖွားလာတဲ့ အတုအပ မရှိ၊ ထူးခြားတဲ့ ရောင်ဝါလက္ခဏာပဲဖြစ်ပါတယ်။ သို့ပေမယ့် သိပ္ပံနဲ့နည်းပညာထွန်းကားလာတဲ့ ခေတ်အခြေအနေ ဖြစ်တည်လာမှုနဲ့အတူ အနုပညာလက်ရာဖန်တီးမှုတွေကို ဆင့်ပွားကူးပြောင်းလာတဲ့ အချိန်မှာတော့ ကိုယ်ရောင်ကိုယ်ဝါဟာ တစ်ဆထပ်တစ်ထပ် မှေးမိန်တိမ်ကောလာပါတော့တယ်။

HUAWEI အနေနဲ့ တစ်မူထူးခြားတဲ့ အရောင် အစပ်အဟပ်တွေကို ဖန်တီးမှုနဲ့ လက်တွေ့အသုံးချမှုမှာ အများနဲ့မတူပဲ ရှေ့ဆောင်လမ်းပြအမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ယခုတစ်ကြိမ်မှာလည်း တစ်ချိန်က နာမည်ကျော်ကြား ဂန္တဝင်မြောက်ခဲ့တဲ့ ကိုယ်ရောင်ကိုယ်ဝါ (Aura) ကို ပြန်လည်တစ်ခေတ်ဆန်းစေဖို့ ဖန်တီးလာတာပဲဖြစ်ပါတယ်။

HUAWEI အနေနဲ့ အလှတရားနဲ့ ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်နက်နဲတဲ့ ရောင်ပြေးကာလာ အတွဲအစပ် (Twilight) တီထွင်ဖန်တီးဆန်းသစ် ပြီးခြေလှမ်းသစ် လှမ်းခဲ့တာပဲဖြစ်ပါတယ်။ HUAWEI ရဲ့ ယခင် မျိုးဆက်တစ်ခုဖြစ်တဲ့ HUAWEI P20 Series မိတ်မဆက်မှီ ကာလများကို ပြန်လည်ဆန်းစစ်ရမယ်ဆိုရင် ဈေးကွက်ထဲမှာ ရှိတဲ့ စမတ်ဖုန်း အများစုရဲ့ အရောင်ဟာ ဆိုရင် အရောင်တစ်မျိုးတည်းကို တစ်သမတ်တည်း အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ HUAWEI အနေနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာမှာ အလေးပေးလုပ်ဆောင်မှုနဲ့ တီထွင်ဆန်းသစ်ဖန်တီးမှုတွေကို အာရုံစိုက် လေ့လာမှုတွေ တစ်စိုက်မတ်မတ်နဲ့ ကာလကြာရှည်စွာ လုပ်ဆောင်လာခဲ့တဲ့ နှစ်တွေအလွန်မှာတော့ အသုံးပြုသူတွေအတွက် ဆန်းပြားလှပတဲ့ အရောင်အတွဲအစပ်တွေကို ဖန်တီးခဲ့ပြီး စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေခဲ့တာပဲဖြစ်ပါတယ်။

HUAWEI ရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ အရောင်အတွဲအစပ်တွေဖန်တီးလာနိုင်မှုဟာ စမတ်ဖုန်းလောကရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာမှာ တစ်ခေတ်ဆန်းလာခဲ့စေတာပဲဖြစ်ပါတယ်။ HUAWEI P20 Series ရဲ့ အရောင်ပိုင်းဆိုင်ရာ ဖန်တီးထားမှုဟာ သက်တံ့ရောင်စဉ်ပြေးကနေ ကွန့်မြူးဖန်တီး ထားတာဖြစ်ပြီး သုံးစွဲသူများက တစ်ခဲနက်အားပေးခဲ့ကြမှုနဲ့အတူ စမတ်ဖုန်းလောကတစ်ခုလုံးရဲ့ ထင်ရှားတဲ့အရွေ့တစ်ခုဖြစ်လာခဲ့ပါတယ်။

HUAWEI P Series ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ အနှစ်သာရပြည့်ဝတဲ့ အနုပညာလက်ရာမြောက်ဖန်တီးမှုကို ဆက်လက်ထိန်းသိမ်းထားနဲ့ဖို့ HUAWEI အနေနဲ့ အခု P30 Series မှာလည်း ထူးခြားတဲ့ အရောင်အတွဲအဖက်များကိုမိတ်ဆက်ပြသခဲ့ပြီး “Amber Sunrise” ဆိုတဲ့ အရောင်အတွဲအစပ်အသစ် မွေးဖွားလာခဲ့ပါတယ်။

(၁) HUAWEI P Series ရဲ့ ပင်ကိုအရည်အသွေးကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင်

HUAWEI P20 Series ရဲ့ ဆန်းပြားတဲ့ သက်တံ့ရောင်စဉ်ပြေး အရောင်အတွဲအစပ် ကိုမိတ်ဆက်ခဲ့တဲ့နောက်ပိုင်းမှာတော့ သုံးစွဲသူများကြားမှာ ရေပန်းစားလာတာနဲ့အမျှ အခြား သံတူကြောင်းကွဲအရောင်ပြေး အရောင်အတွဲအစပ်နဲ့ ဖုန်းများဟာလည်း ဈေးကွက်ထဲရောက်ရှိလာခဲ့လို့ ယခုအချိန်မှာတော့ သုံးစွဲသူတွေအနေနဲ့ ပိုမိုများပြားတဲ့ အရောင်တွေကို ရွေးချယ်လာနိုင်တာပဲဖြစ်ပါတယ်။

ဒီလိုတီထွင်ဖန်တီးဆန်းသစ်တဲ့ HUAWEI P Series ရဲ့ သန္ဒေဗီဇနဲ့ ကိုယ်ရောင်ကိုယ်ဝါ (Aura) တို့ရဲ့ ဂန္တဝင်မြောက် ခန့်ညားမှုတို့ရဲ့ ပေါင်းစပ်မှုဟာ HUAWEI P30 Series ကနေ စတင်လိုက်ပြန်တဲ့ အရွေ့တစ်ခုဖြစ်လာပြန်ပါပြီ။ လက်ရှိအနေအထား မှာ နည်းပညာထုတ်ကုန်တွေနဲ့ အရောင်အေး ပေါင်းစပ်မှုတွေ ခေတ်စားနေချိန်မှာ အရောင်နွေးနဲ့ဖန်တီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ အရောင်သဘောတရားအရ လိမ္မော်ရောင်ဟာ Color Spectrum မှာ အနီနဲ့အဝါရောင်ကြားထဲမှာ ရှိနေပြီး အလင်းရဲ့သင်္ကေတ၊ ရွှန်းလဲ့စိုပြေတောက်ပမှု သဘောတရားကို ဆောင်တဲ့ အနွေးထွေးဆုံးအရောင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့သိမ်မွေ့မှု၊ လှပမှုနဲ့ နုပျိုတက်ကြွမှုကိုလည်း ဖော်ပြပေးတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။

(၂) အနာဂတ်ကို ပေါ်လွင်ထင်ရှားစေတဲ့ လိမ္မော်ရောင်

“ကျွန်တော့် ပန်းချီကားတွေက ဇာတ်လမ်းတစ်ပုဒ်လို့ဆိုကြပါဆို့၊ ပန်းချီကားထဲက အရိပ်တွေက ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်တွေပါပဲ” – Mark Rothko (“I think of my pictures as dramas, the shapes in the pictures are the performers.” – Mark Rothko)

Orange, Red, Yellow by Mark Rothko

အနုပညာအသိုင်းအဝန်းမှာ လိမ္မော်ရောင်ဟာ အဆင့်အတန်းမြင့်မားတဲ့ အရောင်အဖြစ် ယုံကြည်လက်ခံထားကြပါတယ်။

နာမည်ကျော် စိတ္တဇပန်းချီဆရာဖြစ်တဲ့ Mark Rotho ယုံကြည်ထားတာကတော့ ရှုပ်ထွေးတဲ့ ပုံရိပ်တွေဖန်တီးမှုထပ် အရောင်တွေကို အနုအရင့်လိုက်ဖော်ပြမှုက ပိုမိုယေဘူယျကြတဲ့အမှန်တရားအဖြစ် လက်ခံထားတာပဲဖြစ်ပါတယ်။ သူ့အနုပညာဖန်တီးမှု သက်တမ်းတစ်လျှောက်မှာ အနီနဲ့လိမ္မော်ရောင်ကို အသားပေးပြီး သူ့ရဲ့စိတ်ခံစားမှုတွေကိုဖော်ပြရေးဆွဲလေ့ရှိပြီး ဒီအရောင်နှစ်ခုကို စင်ကြယ်မှု၊ အားကောင်းမှု၊ ကွဲပြားခြားနားမှုတွေရဲ့ မူလဇစ်မြစ်တယ်လို့ယုံကြည့်ထားပြီး ဒီအရောင်နှစ်ခုကို အသားပေးဖော်ပြပြီး အနုပညာလောကရဲ့ နောက်တစ်ဆင့်ကိုဆွဲတင်ပေးခဲ့ပါတယ်။ ဒီအရောင်တွေဟာ အနုပညာလောကသားတွေ အတွက် စွဲဆောင်မှုအစစ်အမှန်၊ လက်ရှိဘဝနဲ့ ယုံကြည်သက်ဝင်မှု စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအတွက် အမြင့်ဆုံး စံနှုန်းစံထား နေရာမှာ ရှိနေပါတယ်။

Olafur Eliasson

အခြား အနုပညာရှင် တစ်ဦးဖြစ်တဲ့ Olafur Eliasson အတွက်လည်း အရောင်တွေဟာ အနုပညာဖန်တီးမှုရဲ့ အသက်ပဲလို့ ယုံကြည်ထားပါတယ်။ သူ့ရဲ့ အလင်းအမှောင်၊ အရောင် အယူအဆတွေဟာ လူတွေရဲ့ အသည်းနှလူံးနဲ့ စိတ်ခံစားချက်ကို သိသိသာသာလွှမ်းမိုးနိုင်တဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။

ဖက်ရှင်လောကမှာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကနေစပြီး စူပါစတားတွေကြားမှာ တဖန်ရေပန်းပြန်စားလာခဲ့တဲ့ အရောင်ဖြစ်ပါတယ်။ ရေပန်းစားနေတဲ့ ဖက်ရှင်ပစ္စည်းတွေ ခေတ်ပေါ်အသုံးအဆောင်တွေ၊ နာမည်ကြီး အမှတ်တံဆိပ်တွေကြားမှာ လိမ္မော်ရောင်မှ လိမ္မော်ရောင်ဆိုပြီး လိမ္မော်ရောင် အနုအရင့် အစရှိသဖြင့် အမျိုးမျိုးပေါ်ထွက်လာခဲ့တာပါတယ်။ ယခင်က လူအများစုအတွက်တော့ လိမ္မော်ရောင်ဟာ တောက်ပထင်ရှားလွန်းလှတဲ့ အတွက် ထသွားထလာ မှာ အလွယ်တကူယူဆောင်လေ့ မရှိတဲ့ အရောင်မျိုးပဲဖြစ်ပါတယ် – ဒီ သဘောတရားကို ဖက်ရှင် အမြင်နဲ့ ပြောင်းလိုက်တဲ့ အခါမှာတော့ လိမ္မော်ရောင်ဟာ မိမိကိုယ်ကိုယုံကြည်မှုပြည့်ဝခြင်း၊ တက်ကြွလန်းဆန်းမှုနဲ့ အကောင်းမြင်ဝါဒီ ဆိုပြီး လူအများကြားမှာပိုမိုထင်ရှားကျော်ကြားလာခဲ့ပါတယ်။