[Zawgyi]

မတ္လ ၂၆ ရက္ေန႔တြင္ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ စတင္မိတ္ဆက္ခဲ့ေသာ Huawei P30 Series သည္ ျမန္မာျပည္ေဈးကြက္အတြင္းသို႔ ဧၿပီလ ၇ ရက္ေန႔တြင္ တရားဝင္စတင္ဝင္ေရာက္လာၿပီျဖစ္ေၾကာင္း ယေန႔ သတင္းထုတ္ျပန္လိုက္သည္။

Huawei P30 Series အား မတ္လ ၂၇ ရက္ေန႔ မွ ဧၿပီလ ၆ ရက္ေန႔အတြင္းတြင္ Pre-Order မ်ား ေကာက္ခံခဲ့ၿပီး ဧၿပီလ ၇ ရက္ေန႔တြင္ Junction City အပါအဝင္ တျခားသတ္မွတ္ထားသည့္ ဆိုင္မ်ား၌ စတင္ေရာင္းခ်ခဲ့သည္။

စတင္ေရာင္းခ်သည့္ အထိမ္းအမွတ္အေနျဖင့္ ႐ုပ္ရွင္ ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ ေ႐ႊမႈန္ရတီ ႏွင့္ အဆိုေတာ္ ေ႐ႊထူးတို႔မွ Junction City သို႔ လာေရာက္ခဲ့ၿပီး customer မ်ားအား လက္ေဆာင္မ်ား ျပန္လည္ေပးအပ္ျခင္း ၊ ဓာတ္ပုံမ်ား အတူတစ္ကြ ႐ိုက္ကူးမႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔အျပင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အလင္းေရာင္ ႏွင့္ ေမာ္ဒယ္ ေမဂေရစ့္ တို႔မွ ျမန္မာပလာဇာ ရွိ Huawei Showroom ၌ က်င္းပသည့္ First Sales သို႔ တတ္ေရာက္ခဲ့ၿပီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ရဲလင္း မွ မႏၲေလးၿမိဳ႕ Anycall Mobile ၌ က်င္းပသည့္ First Sales သို႔ တတ္ေရာက္ခဲ့သည္။

တ႐ုတ္ျပည္၌ Huawei P20 Series ထပ္ ၁၀ ဆ ပိုမိုသည့္ စံခ်ိန္သစ္တစ္ခုအား ခ်ိဳးႏိုင္ခဲ့သည့္ Huawei P30 Series သည္ ဓာတ္ပံုံ႐ိုက္ကူးျခင္းႀကိဳက္ႏွစ္သက္သူအမ်ားအျပား ႏွင့္ ဖက္ရွင္ႀကိဳက္ႏွစ္သက္သူမ်ား၏ စိတ္ဝင္စားမႈ အမ်ားအျပားအား ရရွိခဲ့သည္။

Huawei P30 Pro တြင္ 20 MP Ultra-Wide Angle Lens ၊ 40 MP Wide Angle Lens ႏွင့္ 8MP Telephoto Lens ႏွင့္ Huawei ToF ကင္မရာမ်ားပါဝင္သည့္ အတြက္ စမတ္ဖုန္းႏွင့္ ဓာတ္ပုံ႐ိုက္ကူးျခင္း အေတြ႕အႀကဳံအား ျပန္လည္ အဓိပၸါယ္ေဖာ္ေဆာင္ေစႏိုင္မည္ ျဖစ္သည္။ Huawei P30 တြင္ 20 MP Ultra-Wide Angle Lens ၊ 16 MP Ultra-Wide Angle Lens ႏွင့္ 8MP Telephoto Lens မ်ား ပါဝင္ၿပီး Huawei P30 Lite ၌ 24 MP Wide Angle Lens ၊ 8 MP Ultra-Wide Angle Lens ႏွင့္ 2 MP Depth Sensor Lens တို႔ ပါဝင္သည္။ Huawei P30 Pro ႏွင့္ Huawei P30 တြင္ ပါဝင္သည့္ ကင္မရာမ်ားသည့္ Leica Cameras မ်ားျဖစ္ေသာေၾကာင့္ ႐ိုက္ကူးလိုက္သည့္ ပုံရိပ္တိုင္း လွပေသသပ္ေနမည္ျဖစ္သည္။

Huawei P30 ႏွင့္ P30 Pro တြင္ 7nm အ႐ြယ္သာရွိသည့္ Kirin 980 ပါဝင္ေသာေၾကာင့္ အေကာင္းမြန္ဆုံးေသာ လုပ္ေဆာင္ခ်က္ကို ေပးစြမ္းႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ Huawei P30 ႏွင့္ P30 Pro တြင္ EMUI 9.1 ပါဝင္ေသာေၾကာင့္ အေခ်ာေမြ႕ဆုံးေသာ သုံးစြဲျခင္း အေတြ႕အႀကဳံအား ရရွိေစႏိုင္မည္ျဖစ္ကာ Extendable Read-Only File System ( EROFS) ပါဝင္ေသာေၾကာင့္ သိုေလွာင္ျခင္း ႏွင့္ ပတ္သက္သည့္ လုပ္ေဆာင္ခ်က္မ်ားအား တိုးတက္ေကာင္းမြန္ေစမည္ျဖစ္သည္။ ေနာက္ဆုံးေပၚ OS ေၾကာင့္ Huawei Share OneHop ပါဝင္ၿပီး စမတ္ဖုန္း ႏွင့္ PC မ်ားၾကားတြင္ အေႏွာင့္အယွက္မရွိ ကူးေျပာင္းေစမည္ျဖစ္သည္။

Huawei P30 Pro တြင္ 4200 mAH ပါဝင္ၿပီး 40W Huawei SuperCharge ပါဝင္ေသာေၾကာင့္ 0% ရွိသည့္ ဘက္ထၳရီ အား မိနစ္ ၃၀ အတြင္း 70% အထိ အားျပည့္ေစမည္ျဖစ္သည္။ ထို႔အျပင္ Huawei P30 Pro တြင္ Huawei SuperCool နည္းပညာ ပါဝင္ေသာေၾကာင့္ ျပင္းထန္သည့္ လုပ္ေဆာင္ခ်က္မ်ား လုပ္ကိုင္ေနသည့္ တိုင္ေအာင္ ဖုန္းအပူခ်ိန္အား ထိန္းညႇိေပးႏိုင္မည္ျဖစ္သည္။ Huawei P30 တြင္ 22.5 W ဘက္ထၳရီပါဝင္ၿပီး မိနစ္ ၃၀ အတြင္း 58% အထိ အားျပည့္ေစမည္ျဖစ္သည္။ Huawei P30 Lite တြင္ 18W ဘက္ထၳရီပါဝင္ၿပီး မိနစ္ ၃၀ အတြင္း 40% အထိ အားျပည့္ေစမည္ျဖစ္သည္။

Huawei P30 Pro အား Pre-Order စနစ္ျဖင့္ မွာယူသူမ်ားအား FreeBuds Lite ႏွင့္ Wireless Charger မ်ားအား လက္ေဆာင္ေပးအပ္ခဲ့သည္။ Huawei P30 အား Pre-Order စနစ္ျဖင့္ မွာယူခဲ့သူမ်ားအား FreeBuds Lite ၊ Wireless Charger ႏွင့္ Wireless Charging Case မ်ားအား လက္ေဆာင္ျပန္လည္ေပးအပ္ခဲ့သည္။ Huawei P30 Lite အား Pre-Order စနစ္ျဖင့္ ဝယ္ယူခဲ့သူမ်ားအား Bluetooth Speaker အား လက္ေဆာင္ျပန္လည္ေပးအပ္ခဲ့သည္။

ယခုကဲ့သို႔ေသာ စတင္ေရာင္းခ်သည့္ အေၾကာင္းအရာ ႏွင့္ ပတ္သက္ၿပီး Huawei Consumer Business Group ၏ Marketing Director တစ္ဦးျဖစ္သည့္ မခင္ရတနာဝင္းမွ “ ကြၽန္မတို႔ Huawei ကေနၿပီးေတာ့ ထုတ္လုပ္တဲ့ ထုတ္ကုန္တိုင္းကို ယုံၾကည္စြာနဲ႔ အားေပးၾကတဲ့ customer မ်ားအားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္။ ဒီ Huawei P30 Series ရဲ႕ ျပည္တြင္းေဈးကြက္မွာ ပထမဆုံး စတင္ေရာင္းခ်တဲ့ေန႔မွာ ဝယ္ယူႏိုင္ဖို႔ လာေရာက္ၿပီး တန္းဆီကာ ေစာင့္ဆိုင္းေနၾကတဲ့သူအားလုံးကိုလည္း Huawei Consumer Business Group ကိုယ္စား ေက်းဇူးအထူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။ ကြၽန္မတို႔ Huawei P30 Series ဟာဆိုရင္ စမတ္ဖုန္း ဓာတ္ပုံ႐ိုက္ကူးျခင္း အေတြ႕အႀကဳံ ကို အဓိပၸါယ္ျပန္လည္ေဖာ္ေဆာင္မယ့္ ထုတ္ကုန္တစ္ခုျဖစ္လာမယ္လို႔လည္း ယုံၾကည္ပါတယ္။ ကြၽန္မတို႔ Huawei Consumer Business Group အေနနဲ႔ အခုလိုမ်ိဳး အေကာင္းဆုံးေသာ ေဈးႏႈန္းနဲ႔ ေခတ္အမွီဆုံးေသာ ထုတ္ကုန္ေတြကို သုံးစြဲသူေတြမွ ဝယ္ယူႏိုင္ဖို႔အတြက္ ညႇိႏႈိင္းခ်ိန္ဆမႈေတြ အမ်ားႀကီးျပဳလုပ္ခဲ့ရပါတယ္။ ဒါကလည္း customer ေတြရဲ႕ တုန႔္ျပန္ခ်က္ေတြကို အစဥ္တစ္စိုက္ ေလ့လာနားေထာင္ေနတယ္ဆိုတဲ့ အခ်က္ကို ပိုၿပီးေတာ့ ေပၚလြင္ေစမွာပါ။ Huawei P30 Series ကို ဝယ္ယူတဲ့ customer ေတြအားလုံးလည္း P30 Series စမတ္ဖုန္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ စိတ္ေက်နပ္မႈ ရမယ္လို႔ ယုံၾကည္ပါတယ္။ ဖုန္းကို စမ္းသုံးၿပီး မွ ဝယ္ယူဖို႔ စိတ္အားထက္သန္တဲ့ customer ေတြကိုလည္း အခုဆိုရင္ အၿမိဳ႕ၿမိဳ႕ အနယ္နယ္မွာ ရွိတဲ့ Huawei Showroom ေတြမွာ စမ္းသပ္ဝယ္ယူႏိုင္ေနၿပီျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

Huawei P30 Pro အား ျမန္မာေငြက်ပ္ ၁,၄၉၉,၀၀၀ ၊ Huawei P30 အား ျမန္မာေငြက်ပ္ ၁,၀၉၉,၀၀၀ ႏွင့္ Huawei P30 Lite အား ျမန္မာေငြက်ပ္ ၃၉၉,၀၀၀ ျဖင့္ ျမန္မာျပည္ ေဈးကြက္ထဲတြင္ ဝယ္ယူရရွိႏိုင္ေနၿပီျဖစ္သည္။ အေရာင္အားျဖင့္ Huawei P30 Pro ႏွင့္ Huawei P30 အား Breathing Crystal ႏွင့္ Aurora ဟူေသာ အေရာင္ ႏွစ္မ်ိဳးျဖင့္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္ၿပီး P30 Lite အား Midnight Black ၊ Pearl White ႏွင့္ Peacock Blue ဆိုၿပီး အေရာင္ ၃ မ်ိဳးျဖင့္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

[Unicode]

မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာပြီဖြစ်သည့် Huawei P30 Series

မတ်လ ၂၆ ရက်နေ့တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စတင်မိတ်ဆက်ခဲ့သော Huawei P30 Series သည် မြန်မာပြည်ဈေးကွက်အတွင်းသို့ ဧပြီလ ၇ ရက်နေ့တွင် တရားဝင်စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

Huawei P30 Series အား မတ်လ ၂၇ ရက်နေ့ မှ ဧပြီလ ၆ ရက်နေ့အတွင်းတွင် Pre-Order များ ကောက်ခံခဲ့ပြီး ဧပြီလ ၇ ရက်နေ့တွင် Junction City အပါအဝင် တခြားသတ်မှတ်ထားသည့် ဆိုင်များ၌ စတင်ရောင်းချခဲ့သည်။

စတင်ရောင်းချသည့် အထိမ်းအမှတ်အနေဖြင့် ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ရွှေမှုန်ရတီ နှင့် အဆိုတော် ရွှေထူးတို့မှ Junction City သို့ လာရောက်ခဲ့ပြီး customer များအား လက်ဆောင်များ ပြန်လည်ပေးအပ်ခြင်း ၊ ဓာတ်ပုံများ အတူတစ်ကွ ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ရုပ်ရှင်သရုပ်ဆောင် အလင်းရောင် နှင့် မော်ဒယ် မေဂရေစ့် တို့မှ မြန်မာပလာဇာ ရှိ Huawei Showroom ၌ ကျင်းပသည့် First Sales သို့ တတ်ရောက်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်း မှ မန္တလေးမြို့ Anycall Mobile ၌ ကျင်းပသည့် First Sales သို့ တတ်ရောက်ခဲ့သည်။

တရုတ်ပြည်၌ Huawei P20 Series ထပ် ၁၀ ဆ ပိုမိုသည့် စံချိန်သစ်တစ်ခုအား ချိုးနိုင်ခဲ့သည့် Huawei P30 Series သည် ဓာတ်ပံုံရိုက်ကူးခြင်းကြိုက်နှစ်သက်သူအများအပြား နှင့် ဖက်ရှင်ကြိုက်နှစ်သက်သူများ၏ စိတ်ဝင်စားမှု အများအပြားအား ရရှိခဲ့သည်။

Huawei P30 Pro တွင် 20 MP Ultra-Wide Angle Lens ၊ 40 MP Wide Angle Lens နှင့် 8MP Telephoto Lens နှင့် Huawei ToF ကင်မရာများပါဝင်သည့် အတွက် စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံအား ပြန်လည် အဓိပ္ပါယ်ဖော်ဆောင်စေနိုင်မည် ဖြစ်သည်။ Huawei P30 တွင် 20 MP Ultra-Wide Angle Lens ၊ 16 MP Ultra-Wide Angle Lens နှင့် 8MP Telephoto Lens များ ပါဝင်ပြီး Huawei P30 Lite ၌ 24 MP Wide Angle Lens ၊ 8 MP Ultra-Wide Angle Lens နှင့် 2 MP Depth Sensor Lens တို့ ပါဝင်သည်။ Huawei P30 Pro နှင့် Huawei P30 တွင် ပါဝင်သည့် ကင်မရာများသည့် Leica Cameras များဖြစ်သောကြောင့် ရိုက်ကူးလိုက်သည့် ပုံရိပ်တိုင်း လှပသေသပ်နေမည်ဖြစ်သည်။

Huawei P30 နှင့် P30 Pro တွင် 7nm အရွယ်သာရှိသည့် Kirin 980 ပါဝင်သောကြောင့် အကောင်းမွန်ဆုံးသော လုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် Huawei P30 နှင့် P30 Pro တွင် EMUI 9.1 ပါဝင်သောကြောင့် အချောမွေ့ဆုံးသော သုံးစွဲခြင်း အတွေ့အကြုံအား ရရှိစေနိုင်မည်ဖြစ်ကာ Extendable Read-Only File System ( EROFS) ပါဝင်သောကြောင့် သိုလှောင်ခြင်း နှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များအား တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။ နောက်ဆုံးပေါ် OS ကြောင့် Huawei Share OneHop ပါဝင်ပြီး စမတ်ဖုန်း နှင့် PC များကြားတွင် အနှောင့်အယှက်မရှိ ကူးပြောင်းစေမည်ဖြစ်သည်။

Huawei P30 Pro တွင် 4200 mAH ပါဝင်ပြီး 40W Huawei SuperCharge ပါဝင်သောကြောင့် 0% ရှိသည့် ဘက်ထ္ထရီ အား မိနစ် ၃၀ အတွင်း 70% အထိ အားပြည့်စေမည်ဖြစ်သည်။ ထို့အပြင် Huawei P30 Pro တွင် Huawei SuperCool နည်းပညာ ပါဝင်သောကြောင့် ပြင်းထန်သည့် လုပ်ဆောင်ချက်များ လုပ်ကိုင်နေသည့် တိုင်အောင် ဖုန်းအပူချိန်အား ထိန်းညှိပေးနိုင်မည်ဖြစ်သည်။ Huawei P30 တွင် 22.5 W ဘက်ထ္ထရီပါဝင်ပြီး မိနစ် ၃၀ အတွင်း 58% အထိ အားပြည့်စေမည်ဖြစ်သည်။ Huawei P30 Lite တွင် 18W ဘက်ထ္ထရီပါဝင်ပြီး မိနစ် ၃၀ အတွင်း 40% အထိ အားပြည့်စေမည်ဖြစ်သည်။

Huawei P30 Pro အား Pre-Order စနစ်ဖြင့် မှာယူသူများအား FreeBuds Lite နှင့် Wireless Charger များအား လက်ဆောင်ပေးအပ်ခဲ့သည်။ Huawei P30 အား Pre-Order စနစ်ဖြင့် မှာယူခဲ့သူများအား FreeBuds Lite ၊ Wireless Charger နှင့် Wireless Charging Case များအား လက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။ Huawei P30 Lite အား Pre-Order စနစ်ဖြင့် ဝယ်ယူခဲ့သူများအား Bluetooth Speaker အား လက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

ယခုကဲ့သို့သော စတင်ရောင်းချသည့် အကြောင်းအရာ နှင့် ပတ်သက်ပြီး Huawei Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်းမှ “ ကျွန်မတို့ Huawei ကနေပြီးတော့ ထုတ်လုပ်တဲ့ ထုတ်ကုန်တိုင်းကို ယုံကြည်စွာနဲ့ အားပေးကြတဲ့ customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီ Huawei P30 Series ရဲ့ ပြည်တွင်းဈေးကွက်မှာ ပထမဆုံး စတင်ရောင်းချတဲ့နေ့မှာ ဝယ်ယူနိုင်ဖို့ လာရောက်ပြီး တန်းဆီကာ စောင့်ဆိုင်းနေကြတဲ့သူအားလုံးကိုလည်း Huawei Consumer Business Group ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်မတို့ Huawei P30 Series ဟာဆိုရင် စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံ ကို အဓိပ္ပါယ်ပြန်လည်ဖော်ဆောင်မယ့် ထုတ်ကုန်တစ်ခုဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်မတို့ Huawei Consumer Business Group အနေနဲ့ အခုလိုမျိုး အကောင်းဆုံးသော ဈေးနှုန်းနဲ့ ခေတ်အမှီဆုံးသော ထုတ်ကုန်တွေကို သုံးစွဲသူတွေမှ ဝယ်ယူနိုင်ဖို့အတွက် ညှိနှိုင်းချိန်ဆမှုတွေ အများကြီးပြုလုပ်ခဲ့ရပါတယ်။ ဒါကလည်း customer တွေရဲ့ တုန့်ပြန်ချက်တွေကို အစဉ်တစ်စိုက် လေ့လာနားထောင်နေတယ်ဆိုတဲ့ အချက်ကို ပိုပြီးတော့ ပေါ်လွင်စေမှာပါ။ Huawei P30 Series ကို ဝယ်ယူတဲ့ customer တွေအားလုံးလည်း P30 Series စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် စိတ်ကျေနပ်မှု ရမယ်လို့ ယုံကြည်ပါတယ်။ ဖုန်းကို စမ်းသုံးပြီး မှ ဝယ်ယူဖို့ စိတ်အားထက်သန်တဲ့ customer တွေကိုလည်း အခုဆိုရင် အမြို့မြို့ အနယ်နယ်မှာ ရှိတဲ့ Huawei Showroom တွေမှာ စမ်းသပ်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Huawei P30 Pro အား မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ ၊ Huawei P30 အား မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ နှင့် Huawei P30 Lite အား မြန်မာငွေကျပ် ၃၉၉,၀၀၀ ဖြင့် မြန်မာပြည် ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်နေပြီဖြစ်သည်။ အရောင်အားဖြင့် Huawei P30 Pro နှင့် Huawei P30 အား Breathing Crystal နှင့် Aurora ဟူသော အရောင် နှစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး P30 Lite အား Midnight Black ၊ Pearl White နှင့် Peacock Blue ဆိုပြီး အရောင် ၃ မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။