[Zawgyi]

တရုတ္ျပည္တြင္းမွာ Nova 4e အမည္နဲ႔ ထုတ္လုပ္မယ့္ P30 Lite စမတ္ဖုန္းကို ၿပီးခဲ့တဲ့ အပတ္မွာတည္းက အေရာင္းဝက္ဆုိက္ေတြေပၚမွာ ျမင္ေတြ႕ခဲ့ရေပမယ့္ ယေန႔မွာ Huawei ကုမၸဏီမွ တရားဝင္ ေၾကျငာမိတ္ဆက္လိုက္ပါၿပီ။

တရုတ္အေျခစုိက္ထုတ္လုပ္သူဟာ P30 Lite ရဲ႕တည္ရွိမႈနဲ႔ အခ်က္အလက္ေတြကို အတည္ျပဳထားတဲ့ မီဒီယာထုတ္ျပန္စာတစ္ခုကို ထုတ္ျပန္ေပးခဲ့တယ္။ ထြက္ရွိခဲ့တဲ့ သတင္းေတြလိုပဲ သူ႕မွာ Mid-range တန္းဝင္ Kirin 710 ခ်စ္ပ္ဆက္ နဲ႔အတူ 4 / 6 GB RAM မန္မုိရီ၊ 128 GB Storage နဲ႔ 6.15” လက္မအရြယ္ Waterdrop Display တစ္ခုတုိ႔ ပါဝင္ပါတယ္။

P30 Lite ဟာ သူ႕ရဲ႕ကင္မရာေတြေၾကာင့္လည္း ေစ်းကြက္မွာ ထင္ရွားလာမွာျဖစ္ၿပီး ေနာက္ဘက္က ကင္မရာသုံးလုံးတြဲဟာ 24MP f/1.8 အဓိက ကင္မရာ၊ 8MP f/2.4 Ultra-wide ကင္မရာနဲ႔ 2MP Depth Sensor တုိ႔ ပါဝင္တယ္။ ေရွ႕ဘက္မွာေတာ့ 32MP ဆယ္ဖီကင္မရာပါဝင္တာေၾကာင့္ ဆယ္ဖီတစ္ကြက္မွာ သူ႕ထက္ေစ်းႀကီးတဲ့ ၿပိဳင္ဘက္ေတြနဲ႔တန္းတူ ရင္ေဘာင္တန္းေနပါတယ္။

Huawei ရဲ႕ဖုန္းအသစ္ဟာ 3,340 mAh ဘကၳရီနဲ႔အတူ 18W အားသြင္းစနစ္တုိ႔ ပါဝင္ပါတယ္။ ေနာက္ဘက္မွာ Fingerprint တစ္ခုပါဝင္ၿပီး GPU Turbo 2.0 ေထာက္ပံ့ေပးႏုိင္တယ္။

ကုမၸဏီက ႏုိင္ငံတကာေစ်းကြက္အတြက္ ေစ်းႏႈန္းကိုေတာ့ ထုတ္မေျပာေသးေပမယ့္ 4/128GB ဗားရွင္းဟာ ေတာင္အာဖရိကေစ်းကြက္မွာ အေမရိကန္ေဒၚလာ ၃၆၉ (ျမန္မာေငြ ငါးသိန္းခြဲခန္႔) က်သင့္ေနပါတယ္။ P30 Lite ဟာ အျဖဴေရာင္၊ Peacock Blue နဲ႔ Midnight Black ဆုိၿပီး ကာလာသုံးမ်ဳိးနဲ႔ ရရွိႏုိင္မွာပါ။

Ref – GSM Arena

[Unicode]

တရုတ်ပြည်တွင်းမှာ Nova 4e အမည်နဲ့ ထုတ်လုပ်မယ့် P30 Lite စမတ်ဖုန်းကို ပြီးခဲ့တဲ့ အပတ်မှာတည်းက အရောင်းဝက်ဆိုက်တွေပေါ်မှာ မြင်တွေ့ခဲ့ရပေမယ့် ယနေ့မှာ Huawei ကုမ္ပဏီမှ တရားဝင် ကြေငြာမိတ်ဆက်လိုက်ပါပြီ။

တရုတ်အခြေစိုက်ထုတ်လုပ်သူဟာ P30 Lite ရဲ့တည်ရှိမှုနဲ့ အချက်အလက်တွေကို အတည်ပြုထားတဲ့ မီဒီယာထုတ်ပြန်စာတစ်ခုကို ထုတ်ပြန်ပေးခဲ့တယ်။ ထွက်ရှိခဲ့တဲ့ သတင်းတွေလိုပဲ သူ့မှာ Mid-range တန်းဝင် Kirin 710 ချစ်ပ်ဆက် နဲ့အတူ 4 / 6 GB RAM မန်မိုရီ၊ 128 GB Storage နဲ့ 6.15” လက်မအရွယ် Waterdrop Display တစ်ခုတို့ ပါဝင်ပါတယ်။

P30 Lite ဟာ သူ့ရဲ့ကင်မရာတွေကြောင့်လည်း ဈေးကွက်မှာ ထင်ရှားလာမှာဖြစ်ပြီး နောက်ဘက်က ကင်မရာသုံးလုံးတွဲဟာ 24MP f/1.8 အဓိက ကင်မရာ၊ 8MP f/2.4 Ultra-wide ကင်မရာနဲ့ 2MP Depth Sensor တို့ ပါဝင်တယ်။ ရှေ့ဘက်မှာတော့ 32MP ဆယ်ဖီကင်မရာပါဝင်တာကြောင့် ဆယ်ဖီတစ်ကွက်မှာ သူ့ထက်ဈေးကြီးတဲ့ ပြိုင်ဘက်တွေနဲ့တန်းတူ ရင်ဘောင်တန်းနေပါတယ်။

Huawei ရဲ့ဖုန်းအသစ်ဟာ 3,340 mAh ဘက္ထရီနဲ့အတူ 18W အားသွင်းစနစ်တို့ ပါဝင်ပါတယ်။ နောက်ဘက်မှာ Fingerprint တစ်ခုပါဝင်ပြီး GPU Turbo 2.0 ထောက်ပံ့ပေးနိုင်တယ်။

ကုမ္ပဏီက နိုင်ငံတကာဈေးကွက်အတွက် ဈေးနှုန်းကိုတော့ ထုတ်မပြောသေးပေမယ့် 4/128GB ဗားရှင်းဟာ တောင်အာဖရိကဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၃၆၉ (မြန်မာငွေ ငါးသိန်းခွဲခန့်) ကျသင့်နေပါတယ်။ P30 Lite ဟာ အဖြူရောင်၊ Peacock Blue နဲ့ Midnight Black ဆိုပြီး ကာလာသုံးမျိုးနဲ့ ရရှိနိုင်မှာပါ။

Ref – GSM Arena