[Zawgyi]

Kevin Ho, President of Handset Product, Huawei Consumer Business Group မွ MWC Shanghai Global Device Summit ၌ “Huawei ရဲ႕ စမတ္ဖုန္းတင္ပို႔မႈဟာ ေမလ ၃၀ ရက္ေန႔မွာ သန္း ၁၀၀ အထိေရာက္ရွိခဲ့ပါတယ္။ P30 Series တစ္ခုတည္းရဲ႕ ေရာင္းအားဟာ စတင္မိတ္ဆက္ၿပီး ၈၅ ရက္အတြင္း ၁၀ သန္း အထိ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ P20 Series တုန္းက ၁၀ သန္း ရွိတဲ့ ေရာင္းအားကို ေရာက္ဖို႔ ယခုထက္ ၆၂ ရက္ ပိုမိုၿပီး ေစာင့္ဆိုင္းခဲ့ရပါတယ္။” ဟု ေျပာၾကားခဲ့သည္။

Huawei ၏ စဥ္ဆက္မျပတ္သည့္ တီထြင္ဖန္တီးမႈမ်ားေၾကာင့္ P30 Series စမတ္ဖုန္းမ်ားသည္ SuperSensing Leica Quad Camera ၊ 10x Hybrid Zoom ၊ Ultra-Long Battery Life အစရွိသည့္ လုပ္ေဆာင္ခ်က္မ်ား ႏွင့္ Breathing Crystal ၊ Amber Sunrise ကဲ့သို႔ေသာ ဆန္းသစ္သည့္ အေရာင္ေ႐ြးခ်ယ္မႈမ်ားအား ေပးစြမ္းလာႏိုင္ခဲ့သည္။ ထိပ္သီးမီဒီယာ အသီးသီးမွလည္း P30 Series အား “2019 ၏ အေကာင္းဆုံး စမတ္ဖုန္း” ႏွင့္ “ဓာတ္ပုံ႐ိုက္ကူးရန္အေကာင္းဆုံးဖုန္း” အစရွိသည့္ ခ်ီးမႊမ္းေျပာဆိုမႈမ်ားအား ရရွိခဲ့သည္။

Huawei မွ တ႐ုတ္ယြမ္ေငြေပါင္း ၄၈၀ ဘီလီယံ ေက်ာ္အား လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားစြာထဲမွ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး အင္အားႀကီးမားသည့္ နည္းပညာမ်ား ၊ software ႏွင့္ hardware supply chains ပိုင္းဆိုင္ရာ မိတ္ဖက္မႈမ်ားအား ျပဳလုပ္ဖန္တီးႏိုင္ခဲ့ၿပီး ဆန္းသစ္သည့္ နည္းပညာမ်ား ႏွင့္ အေတြ႕အႀကဳံမ်ားအား စမတ္ဖုန္း လုပ္ငန္းခြင္အတြင္းသို႔ သယ္ေဆာင္လာႏိုင္ခဲ့သည္။

Huawei ၏ စဥ္ဆက္မျပတ္သည့္ တီထြင္ဖန္တီးမႈမ်ား ႏွင့္ နည္းပညာပိုင္းဆိုင္ရာ ဦးေဆာင္မႈသည္ စမတ္ဖုန္းႏွင့္ ပတ္သတ္ၿပီး ခ်မွတ္ထားသည့္ တားျမစ္ခ်က္မ်ားအား ေက်ာ္ျဖတ္ႏိုင္မည္ျဖစ္ၿပီး သုံးစြဲသူမ်ားအတြက္ အေကာင္းမြန္ဆုံးေသာ စမတ္က်သည့္ ေနထိုင္မႈအား ဖန္တီးႏိုင္မည္ဟု Huawei သုံးစြဲသူ အမ်ားအျပားမွ ယုံၾကည္လွ်က္ရွိသည္။

[Unicode]

HUAWEI P30 Series ဖုန်းအလုံးရေပေါင်း ၁၀ သန်းအား အချိန်တိုအတွင်း ရောင်းချနိုင်ခဲ့

Kevin Ho, President of Handset Product, Huawei Consumer Business Group မှ MWC Shanghai Global Device Summit ၌ “Huawei ရဲ့ စမတ်ဖုန်းတင်ပို့မှုဟာ မေလ ၃၀ ရက်နေ့မှာ သန်း ၁၀၀ အထိရောက်ရှိခဲ့ပါတယ်။ P30 Series တစ်ခုတည်းရဲ့ ရောင်းအားဟာ စတင်မိတ်ဆက်ပြီး ၈၅ ရက်အတွင်း ၁၀ သန်း အထိ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ P20 Series တုန်းက ၁၀ သန်း ရှိတဲ့ ရောင်းအားကို ရောက်ဖို့ ယခုထက် ၆၂ ရက် ပိုမိုပြီး စောင့်ဆိုင်းခဲ့ရပါတယ်။” ဟု ပြောကြားခဲ့သည်။

Huawei ၏ စဉ်ဆက်မပြတ်သည့် တီထွင်ဖန်တီးမှုများကြောင့် P30 Series စမတ်ဖုန်းများသည် SuperSensing Leica Quad Camera ၊ 10x Hybrid Zoom ၊ Ultra-Long Battery Life အစရှိသည့် လုပ်ဆောင်ချက်များ နှင့် Breathing Crystal ၊ Amber Sunrise ကဲ့သို့သော ဆန်းသစ်သည့် အရောင်ရွေးချယ်မှုများအား ပေးစွမ်းလာနိုင်ခဲ့သည်။ ထိပ်သီးမီဒီယာ အသီးသီးမှလည်း P30 Series အား “2019 ၏ အကောင်းဆုံး စမတ်ဖုန်း” နှင့် “ဓာတ်ပုံရိုက်ကူးရန်အကောင်းဆုံးဖုန်း” အစရှိသည့် ချီးမွှမ်းပြောဆိုမှုများအား ရရှိခဲ့သည်။

Huawei မှ တရုတ်ယွမ်ငွေပေါင်း ၄၈၀ ဘီလီယံ ကျော်အား လွန်ခဲ့သည့် ဆယ်စုနှစ်များစွာထဲမှ ရင်းနှီးမြှုပ်နှံခဲ့ပြီး အင်အားကြီးမားသည့် နည်းပညာများ ၊ software နှင့် hardware supply chains ပိုင်းဆိုင်ရာ မိတ်ဖက်မှုများအား ပြုလုပ်ဖန်တီးနိုင်ခဲ့ပြီး ဆန်းသစ်သည့် နည်းပညာများ နှင့် အတွေ့အကြုံများအား စမတ်ဖုန်း လုပ်ငန်းခွင်အတွင်းသို့ သယ်ဆောင်လာနိုင်ခဲ့သည်။

Huawei ၏ စဉ်ဆက်မပြတ်သည့် တီထွင်ဖန်တီးမှုများ နှင့် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှုသည် စမတ်ဖုန်းနှင့် ပတ်သတ်ပြီး ချမှတ်ထားသည့် တားမြစ်ချက်များအား ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော စမတ်ကျသည့် နေထိုင်မှုအား ဖန်တီးနိုင်မည်ဟု Huawei သုံးစွဲသူ အများအပြားမှ ယုံကြည်လျှက်ရှိသည်။