Huawei ကနေ မကြာသေးခင်တုန်းက P Series စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Huawei P40 Series ကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Huawei P40 Series ဖုန်းတွေထဲမှာ 6.1″ Full HD+ 60Hz OLED Display နဲ့ Huawei P40 ၊ 6.6″ 1200×2640 Pixels Resolution ရှိတဲ့ 90Hz Quad-curved Display တွေကို အသုံးပြုထားတဲ့ Huawei P40 Pro နဲ့ P40 Pro+ ဖုန်းတွေပါဝင်တာပဲဖြစ်ပါတယ်။

အဆိုပါ Huawei P40 Series ဖုန်းတွေကို မိတ်ဆက်အပြီးမှာ Display ကုမ္ပဏီတစ်ခုဖြစ်တဲ့ BOE ကနေ Weibo စာမျက်နှာမှာ Huawei P40 Series ဖုန်းတွေမှာ BOE ကနေ ထုတ်လုပ်တဲ့ OLED Display တွေကို အသုံးပြုထားတယ်လို့ ကြေညာသွားခဲ့ပါတယ်။

BOE အတွက်ကတော့ Huawei P40 Pro နဲ့ Pro+ ရဲ့ Display တွေလိုမျိုး ထောင့်လေးဘက်စလုံးကို Curved ပြုလုပ်ထားတဲ့အပြင် Selfie Camera အတွက် Punch-hole မှာပါ Depth/Biometric IR Sensor ကို ထည့်သွင်းနိုင်တဲ့အတွက် ဂုဏ်ယူနေတယ်လို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် နည်းပညာပိုင်းအရရော Quality ပိုင်းအရပါ Huawei P40 Series တွေရဲ့ Display က အဆင့်တစ်ခုမှာရှိနေတယ်ဆိုတာကိုလည်း ငြင်းလို့မရပါဘူး။

ဒါတင်မဟုတ်သေးဘဲ BOE ရဲ့ ပြောကြားချက်အရတော့ လက်ရှိတကမ္ဘာလုံးမှာ Samsung ပြီးရင် ဒုတိယမြောက် AMOLED Display ထုတ်လုပ်သူဖြစ်နေသလို တရုတ်နိုင်ငံစမတ်ဖုန်းတွေရဲ့ Display စျေးကွက်မှာလည်း ၈၆.၇ ရာခိုင်နှုန်းအထိ ရယူထားတယ်လို့ သိရပါတယ်။

BOE ဟာ Huawei Mate Xs ၊ Motorola Razr ၊ OPPO Reno3 Pro 5G နဲ့ LG V60 ThinQ 5G လိုမျိုးဖုန်းတွေအတွက်လည်း Display ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

Ref – GSM Arena