[Zawgyi]

Huawei က စက္တင္ဘာလမွာ Mate 30 နဲ႔ Mate 30 Pro တို႔ကို ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္က Huawei ကို စီးပြားေရး ပိတ္ပင္ထားလို႔ အဲဒီဖုန္းေတြမွာ Google Mobile Services (GMS) မပါတဲ့အတြက္ ကမာၻအဝန္းမွာ ေရာင္းခ်ဖို႔ အခက္အခဲ ျဖစ္ေနပါတယ္။ အခုေတာ့ The Information က Huawei ဟာ ကမာၻအဝန္းမွာ P40 နဲ႔ P40 Pro တို႔ကို ၂၀၂၀ ခုႏွစ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။

တရုတ္က Android ဖုန္းေတြမွာ Google ရဲ႕ Apps ေတြ မပါပါဘူး။ ဒါေပမယ့္ တရုတ္ ျပင္ပက Android ဖုန္းေတြမွာ GMS ထည့္သြင္းထားၾကပါတယ္။ အေမရိကန္က Huawei အေပၚ စီးပြားေရး ပိတ္ပင္တာကို ရက္ ၉၀ သက္တမ္းတိုးေပးထားပါတယ္။ ဒါေပမယ့္ အနာဂတ္ထုတ္ Huawei ဖုန္းေတြမွာ GMS သံုးခြင့္ကိုေတာ့ မရရွိေသးပါဘူး။

Huawei က P40 နဲ႔ P40 Pro ကို ကမာၻအ၀န္းမွာ ေရာင္းမယ္ဆိုရင္ အဲဒီအခ်ိန္ေလာက္မွာ GMS သံုးခြင့္ရရွိႏုိင္မယ့္ အခြင့္အေရးရွိေနပါတယ္။ ေနာက္ထပ္ ျဖစ္ႏုိင္တာက အဲဒီ ဖုန္းေတြမွာ GMS အစား Huawei Mobile Services (HMS) ထည့္သြင္း ေရာင္းခ်ႏုိင္ပါတယ္။ ဒါေပမယ့္ HMS မွာ Gmail, Google Photos, Google Drive နဲ႔ တျခား Google Apps ေတြ ပါမွာ မဟုတ္ပါဘူး။

Huawei က GMS ကလို Apps ေတြ ဖန္တီးေပးမယ့္ ပါတနာေတြ ရွာလာႏိုင္သလို အဲဒီ Apps ေတြကို ကိုယ္တိုင္ ဖန္တီးႏုိင္ပါတယ္။ ဒါေပမယ့္ ဒီလို လုပ္ဖို႔ဆိုတာ သိပ္ေတာ့ မလြယ္ကူဘဲ Huawei ဟာ ေတာ္ေတာ္ ႀကိဳးစားအားထုတ္ရႏိုင္ပါတယ္။

Ref : gizmochina

[Unicode]

Google Services တွေနဲ့ ပွဲထွက်လာနိုင်တဲ့ Huawei P40 Series

Huawei က စက်တင်ဘာလမှာ Mate 30 နဲ့ Mate 30 Pro တို့ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က Huawei ကို စီးပွားရေး ပိတ်ပင်ထားလို့ အဲဒီဖုန်းတွေမှာ Google Mobile Services (GMS) မပါတဲ့အတွက် ကမ္ဘာအဝန်းမှာ ရောင်းချဖို့ အခက်အခဲ ဖြစ်နေပါတယ်။ အခုတော့ The Information က Huawei ဟာ ကမ္ဘာအဝန်းမှာ P40 နဲ့ P40 Pro တို့ကို ၂၀၂၀ ခုနှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။

တရုတ်က Android ဖုန်းတွေမှာ Google ရဲ့ Apps တွေ မပါပါဘူး။ ဒါပေမယ့် တရုတ် ပြင်ပက Android ဖုန်းတွေမှာ GMS ထည့်သွင်းထားကြပါတယ်။ အမေရိကန်က Huawei အပေါ် စီးပွားရေး ပိတ်ပင်တာကို ရက် ၉၀ သက်တမ်းတိုးပေးထားပါတယ်။ ဒါပေမယ့် အနာဂတ်ထုတ် Huawei ဖုန်းတွေမှာ GMS သုံးခွင့်ကိုတော့ မရရှိသေးပါဘူး။

Huawei က P40 နဲ့ P40 Pro ကို ကမ္ဘာအဝန်းမှာ ရောင်းမယ်ဆိုရင် အဲဒီအချိန်လောက်မှာ GMS သုံးခွင့်ရရှိနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ နောက်ထပ် ဖြစ်နိုင်တာက အဲဒီ ဖုန်းတွေမှာ GMS အစား Huawei Mobile Services (HMS) ထည့်သွင်း ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် HMS မှာ Gmail, Google Photos, Google Drive နဲ့ တခြား Google Apps တွေ ပါမှာ မဟုတ်ပါဘူး။

Huawei က GMS ကလို Apps တွေ ဖန်တီးပေးမယ့် ပါတနာတွေ ရှာလာနိုင်သလို အဲဒီ Apps တွေကို ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်ဖို့ဆိုတာ သိပ်တော့ မလွယ်ကူဘဲ Huawei ဟာ တော်တော် ကြိုးစားအားထုတ်ရနိုင်ပါတယ်။

Ref : gizmochina