Samsung ကနေ လာမယ့်ရက်ပိုင်းမှာ Galaxy S20 Series စမတ်ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Galaxy S20 Series ဖုန်းတွေရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် Huawei P40 Series ဖုန်းတွေကတော့ သတင်းတွေအများကြီး ပေါက်ကြားလာခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Huawei P40 Pro လို့ ယူဆရတဲ့ စမတ်ဖုန်းရဲ့ အရှေ့ဘက် Display ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံကပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံအရ Huawei P40 Pro ဖုန်းမှာ Notch အစား Punch-hole Display ကို အသုံးပြုထားပြီး ဘေးဘောင်တွေက ၄ ဖက်စလုံးမှာ မရှိသလောက်ကို ပါးလွှာနေတာဖြစ်ပါတယ်။

ဒါ့အပြင် Display က Huawei Mate 30 Pro လိုမျိုးပဲ Curved Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် Mate 30 Pro လိုမျိုး Volume Key တွေကို Virtual Button တွေအစား Hardware Key တွေကို အသုံးပြုထားမှာပါ။

Huawei P40 Series စမတ်ဖုန်းတွေဟာ Kirin 990 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး P40 Pro Version မှာဆိုရင် In-Display Fingerprint Sensor ပါဝင်တဲ့ QHD+ Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ Periscope Optical Zoom Lens ပါဝင်တဲ့ Quad Camera Setup ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 5500mAh Battery ပါဝင်မှာဖြစ်ပြီး 40W SuperCharge ထက် ပိုမိုမြန်ဆန်တဲ့ Fast Charging နည်းပညာပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China