Huawei Consumer Business Group (BG) သည် HUAWEI Mega Launch Event 2023 အား Lotte Hotel၊ Crystal Ballroom တွင် ၂၀၂၃ ခုနှစ်၊ မေလ (၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး Huawei ၏နောက်ဆုံးပေါ် နည်းပညာမြင့် ထုတ်ကုန်များဖြစ်သည့် DXOMARK Smartphone Camera Ranking တွင် ၁၅၆ မှတ်ဖြင့် ပထမနေရာကိုရရှိခဲ့သည့် HUAWEI P60 Pro၊ ကမ္ဘာ့အပါးလွှာဆုံး ခေါက်ဖုန်းဖြစ်သည့် Huawei Mate X3၊ တရုတ်နိုင်ငံ ပြင်ပဈေးကွက်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးမိတ်ဆက်သည့် HUAWEI nova 11i ၊ HUAWEI nova 11၊ HUAWEI nova 11pro၊ 6.95-inch မျက်နှာပြင်ရှိပြီး ကြီးမားသော 7000 mAh ဘက်ထရီရှိသည့် HUAWEI nova Y91၊ iF Design Award 2023 အားရရှိခဲ့သည့် HUAWEI FreeBuds 5 နှင့် Germany iF Design Award 2023 အပြင် MWC 2023 တွင် အသိအမှတ်ပြုဆု (၈) ခုအား ရရှိခဲ့သည့် HUAWEI WatchBuds စသည့် နောက်ဆုံးပေါ် ထုတ်ကုန်အမျိုးမျိုးအား မိတ်ဆက်ခဲ့သည်။

The Eye of Light Design bringing Industry-leading Aesthetics

HUAWEI P60 Pro ၏ ကင်မရာ Module ဒီဇိုင်းကို “The Eye of Light” ဟူ၍ ပုံဖော်ထားပြီး အသုံးအများဆုံး ပင်မကင်မရာကို မှန်ဘီလူး Module ၏ အလယ်ဗဟိုတွင် နေရာချတပ်ဆင်ထားသည်။ သဘာ၀တရားမှ စိတ်ကူးယူအခြေခံထားသော HUAWEI P60 series သည် ခေတ်မီသော အလှတရားများကို ပြန်လည် အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ Rococo Pearl အရောင်နှင့် HUAWEI P60 Pro သည် ပထမဆုံး Pearl Texture Design ကို အသုံးပြုထားပြီး အရောင်စိုစိုနှင့် တောက်ပမှုရှိစေရန် စမတ်ဖုန်းတွင် သဘာ၀တွင်းထွက်ပုလဲမှုန့်ကို ပေါင်းစပ်ထားကာ Mother of Pearl ကဲ့သို့ ထူးခြားသော သဘာ၀အရောင်အသွေးကို ရရှိစေသည်။

Ultra-Lighting XMAGE Camera: Revolutionary Imaging Breakthroughs

Ultra Lighting ပင်မကင်မရာအနေဖြင့် အကောင်းဆုံးသောရှာဖွေတွေ့ရှိမှုအပြင် HUAWEI P60 Pro သည် Night Vision Telephoto ဓာတ်ပုံရိုက်ရာတွင်လည်း အကြီးမားဆုံးသောတိုးတက်မှုတစ်ခုရရှိထားပြီး မိုဘိုင်းဖုန်း၏ periscope telephoto ကင်မရာအတွက် အကြီးမားဆုံးဖြစ်သော F2.1 အလင်း၀င်ပေါက်ပါရှိသည့် Ultra Lighting Telephoto Camera ကို ယူဆောင်လာပါသည်။

Telephoto Super Macro: Goes the Distance so You Don’t Have to

HUAWEI P60 Pro တွင် Macro photography ပါဝင်ပြီး Long Travel Slide Zoom မှန်ဘီလူးများပါ ထပ်မံထည့်သွင်းထားသည့်အတွက် အကွားအဝေးချိန်ရာတွင် အတိုးအလျော့များကို အလွယ်တကူချိန်ညှိနိုင်သည်။ Telephoto ကင်မရာသည် အဝေးမှာရှိသော အရာဝတ္ထုများအား အနီးကပ်ဆွဲယူရိုက်ကူးသည့် အခါတွင် ကြည်လင်ပြတ်သားစေပါသည်။

Upgraded HUAWEI XD Fusion Pro for Better Detailing

HUAWEI P60 Pro အား ဒီဇိုင်းပြုလုပ်ထားသော အင်ဂျင်နီယာများမှ လက်တွေ့ဘဝမှ အရာဝတ္ထုများနှင့် တူညီစေရန် နောက်ဆုံးပေါ် Texture Engine ပါဝင်သော XD Fusion Pro Algorithms အားထည့်သွင်း ထုတ်လုပ်ထားသည်။ လက်ဝတ်ရတနာများ၊ မှန်ဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများနှင့် မတူညီသောအရာများမှ ပြုလုပ်ထားသည့် နေ့စဉ်သုံးပစ္စည်းများအား ဓါတ်ပုံရိုက်ရာတွင် Texture Engine မှ AI machine learning ဖြင့်တည်ဆောက်ထားသော Deep Neutral Network မှ သတင်းအချက်အလက်များအား ထုတ်ပေးပြီး အသေးစိတ်တူညီသော ဓါတ်ပုံများအား ရရှိစေပါသည်။

ချောမွေ့ပြီး ကြာရှည်ခံသော အတွေ့အကြုံများဖြင့် အားကောင်းသော ဆက်သွယ်ရေးနည်းပညာ

P60 Pro တွင် 8.3 mm အထူသာရှိသည့် ကျစ်လျစ်သော ကိုယ်ထည်တွင် 4815 mAh စွမ်းရည်မြင့် ဘက်ထရီကို ထည့်သွင်းထားပြီး 88W wired HUAWEI SuperCharge ကို ပံ့ပိုးပေးထားပါသည်။ ၄င်းသည် 50W wireless fast charging နှင့် 7.5W reverse wireless charging တို့ကိုလည်း ပံ့ပိုးပေးထားပြီး အချိန်မရွေး နေရာမရွေး စိတ်ချလုံခြုံစွာ အားသွင်းနိုင်မည်ဖြစ်သည်။ Turbo mode ကိုအသုံးပြုခြင်းဖြင့် HUAWEI P60 Pro သည် ပေါ့ပါးသည့် ကိုယ်ထည်ကို ထိန်းထားနိုင်ခြင်းနှင့်အတူ ၁၀ မိနစ်အတွင်း ထက်၀က်အထိ အားသွင်းနိုင်သည့်အတွက် အရံသင့်ရှိနေသည့် ဘက်ထရီအားနှင့် အားသွင်းမြန်ဆန်မှုနှုန်းအကြား အကောင်းဆုံးသော ဟန်ချက်ညီမှုကို ရရှိစေသည်။ HUAWEI P60 Pro အား Rococo Pearl (ပုလဲရောင်/ အဖြူရောင်)နှင့် Black (အနက်ရောင်) အရောင်နှစ်မျိုးရရှိနိုင်သည်။

Huawei P series: A Leading Track Record for Imaging Technology Developments

ယခင် Huawei P Series များ၏ကင်မရာများတွင် multi-camera fusion technology အား မိတ်ဆက်ခဲ့ပြီး Dual camera ခေတ်ကို ဦးဆောင်ခဲ့စဉ်ကတည်းက Huawei P Series သည် မိုးဘိုင်းဓါတ်ပုံပညာ ဖွံ့ဖြိုးတိုးတက်မှုအား ဦိးဆောင်ခဲ့ခြင်းဖြစ်သည်။ P Series ၏ Generation များနှင့်အတူ Huawei သည် ၎င်းတို့၏ စဉ်ဆက်မပြတ် အသစ်တီထွင်ဖန်တီးထားသော နည်းပညာများအား အံ့အားသင့်စေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဓါတ်ပုံဆရာများနှင့် သုံးစွဲသူများလည်း HUAWEI P60 Pro အား ယခုလအတွင်းမကြာခင် တွေ့မြင်ရတော့မှာပဲဖြစ်သည်။

DXOMARK Ranking

ထို့ပြင် HUAWEI P60 Pro သည် DXOMARK မှ ၂၀၂၃ ၏ အကောင်းဆုံး စမတ်ဖုန်း Features များအားရွေးချယ်ပေးသည့် DXOMARK Awards 2023 ၏ DXOMARK Smartphone Camera Ranking တွင် အမှတ်အများဆုံးဖြင့် ပထမနေရာကို ရရှိခဲ့သည်။ လတ်တလောတွင်လည်း TIPA Awards 2023 မှပေးအပ်သော ၂၀၂၃ တွင် အကောင်းဆုံးစမတ်ဖုန်းဓါတ်ပုံဆု (Best Photo Smartphone) အားလည်း HUAWEI P60 Pro မှရရှိခဲ့ပါသည်။ DXOMARK သည် ကင်မရာနှင့် ကင်မရာပစ္စည်းများအား အမှတ်နှင့် အဆင့်သတ်မှတ်ပေးသည့် အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ၎င်း၏ စမ်းသပ်ချက်များမှာ သိပ္ပံနည်းကျ တိုင်းတာယူဆချက်ပေါင်းများစွာအား အခြေခံထားပြီး ကျွမ်းကျင်သူများမှ အကျယ်တစ်ဝင့် အသိအမှတ်ပြုထားသည်။ ၎င်း၏ နောက်ဆုံး လေ့လာဆန်းစစ်ချက်များအရ HUAWEI P60 Pro ၏ ကင်မရာလုပ်ဆောင်နိုင်စွမ်းနှင့် ပက်သတ်ပြီး စုစုပေါင်း ၁၅၆ မှတ်ရရှိခဲ့သည်။

ကမ္ဘာ့ပထမဆုံး ပိုမိုပေါ့ပါး၊ ပိုမိုပါးလွှာ၊ quad-curve ပုံစံ ကြီးမားကျယ်ပြန့်သည့်မျက်နှာပြင်နှင့် ခေါက်ချိုးနိုင်သည့် စမတ်ဖုန်းဖြစ်သော HUAWEI Mate X3 သည် အတွင်း၊ အပြင် screen မျက်နှာပြင်များ၊ လိုအပ်သလို ခေါက်ထားနိုင်သည့် new-generation multi-dimensional hinge နှင့် imaging system (ပုံရိပ်ဖော်စနစ်) စသည်ကဲ့သို့သော အရှေ့မျက်နှာပြင်များအားလုံးကို အဆင့်မြှင့်တင်ပေးထားပါသည်။

HUAWEI Mate X3 သည် မည်မျှပေါ့ပါး၊ ပါးလွှာပြီး စိတ်ချယုံကြည်ရသည့် ခေါက်ဖုန်းတစ်လုံးဖြစ်သည်ဆိုသည့် စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးသည့် လုပ်ငန်းသုံး Foldable ခေါက်ဖုန်းလောကကို ဦးဆောင်လျက်ရှိပါသည်။ ၄င်းသည် လွန်ခဲ့သောနှစ်များအတွင်း ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့် Foldable ခေါက်ဖုန်းများ အသုံးပြုမှုအပေါ် Huawei ၏ လေ့လာစမ်းစစ်မှုနှင့် တိုးတက်အောင် အားထုတ်ကြိုးပမ်းမှုတို့၏ အကောင်းဆုံးရလဒ်ဖြစ်သည့်အပြင် Huawei ၏ နောက်ဆုံးပေါ် ကိုယ်တိုင်တီထွင်ထားသော ပရီမီယံပစ္စည်းများနှင့် မူပိုင်နည်းပညာများပေါင်းစပ်မှုတို့ပင်ဖြစ်ပါသည်။

ခေတ်မီဆန်းသစ်သော ပစ္စည်းများ – ပိုမိုပေါ့ပါး၊ ပိုမိုပါးလွှာ၊ ပိုမိုကြာရှည်ခံခြင်း။

HUAWEI Mate X3 သည် ပိုမိုပေါ့ပါးမှုရှိသော 239g အလေးချိန်၊ ခေါက်ထားသည့်အခါ ပိုမိုပါးလွှာသည့် အံ့အားသင့်ဖွယ် 11.08mm အထူနှင့် ဖွင့်ထားသည့်အခါ 5.3mm အထူစသည်တို့ဖြင့် စိတ်ကူးနိုင်စွမ်း ကန့်သတ်ချက်ကို ဖြန့်ကျက်ထားနိုင်သော ကမ္ဘာ့အကျစ်လျစ်ဆုံး၊ အပေါ့ပါးဆုံး ကြီးမားကျယ်ပြန့်သည့် မျက်နှာပြင်နှင့် ခေါက်ဖုန်းတစ်လုံးဖြစ်လာပါသည်။ ဘေးဘောင်လုံးချောပြီး ကိုင်ဆောင်ရ အဆင်ပြေသော quad-curve ကိုယ်ထည်သည် ပြိုင်ဘက်ကင်း သက်သောင့်သက်သာရှိမှုနှင့် ချောမွတ်စွာ ခေါက်ချိုးထားနိုင်မှုတို့ကို ထောက်ပံ့ပေးပါသည်။

ရှေ့ဦးတီထွင်မှု ဒီဇိုင်း – ရင်သပ်ရှုမောဖွယ် ကြီးမားသော မျက်နှာပြင်၊ အတွင်းပိုင်းနှင့် အပြင်ပိုင်း စိတ်ချရမှု

HUAWEI Mate X3 တွင် အပြင်ပိုင်း Screen အနေဖြင့် 6.4-inch 3D OLED နှင့် ခေါက်ချိုးနိုင်သော အတွင်းပိုင်း Screen ကို 7.85-inch foldable OLED ကို တပ်ဆင်ပေးထားပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းမျက်နှာပြင်နှစ်ခုလုံးတွင် ultra-high resolution နှင့် 426 PPI pixel density ကို ပံ့ပိုးပေးထားသောကြောင့် ၄င်းသည် TÜV Rheinland Certifications (Colour Accuracy & Precise Colour Projection) နှစ်ခုကို တစ်ပြိုင်တည်းရယူနိုင်သည့် ပထမဆုံး Foldable ခေါက်ဖုန်းဖြစ်လာသည်။

တစ်နေကုန် စိတ်အေးချမ်းသာရှိစေရန်အတွက် HUAWEI Mate X3 သည် တာရှည်ခံ Kunlun Glass အပြင်ပိုင်းမျက်နှာပြင်နှင့် ပွတ်တိုက်မှုဒဏ် impact-resistant ကို ခံနိုင်သည့် ခေါက်ချိုးနိုင်သော အတွင်းပိုင်းမျက်နှာပြင်တို့ကို ရယူထားခြင်းဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ SGS dual five-star certifications တို့ကို ပထမဆုံးရရှိထားပါသည်။ အပြင်ပိုင်းမျက်နှာပြင်သည် အလွန်စိတ်ချရသော Kunlun Glass ဖြင့် တပ်ဆင်ထားသောကြောင့် မတော်တဆ လွတ်ကျမှုဒဏ် drop-resistant ကို ၁၀ ဆ ပိုမိုခံနိုင်ရည်ရှိပါသည်။

ထို့အပြင် microcrystalline တည်ဆောက်ပုံပါရှိသော လက်ဗွေရာ ထင်ကျန်ခြင်း မရှိသည့် anti-fingerprint Feather-Sand Glass သည် သင့်မျက်လုံးများကို အံ့အားသင့်စေကာ ထိတွေ့မှုတိုင်းကို ချောမွေ့ကျေနပ်စေမှာဖြစ်ပါသည်။ ယခုတစ်ခေါက်တွင် HUAWEI Mate X3 ကို black Feather-Sand Glass version နှင့် dark green Vegan leather version တို့ဖြင့် ရရှိနိုင်ပါသည်။

အမြင့်မားဆုံး စွမ်းဆောင်ရည် – အကောင်းဆုံး ချိတ်ဆက်မှုနှင့် ဘက်ထရီ သက်တမ်း

HUAWEI Mate X3 တွင် 4800mAhကြီးမားသော ဘက်ထရီတပ်ဆင်ပေးထားပြီး အားသွင်းရာတွင် 66 W wired HUAWEI SuperCharge၊ 50 W wireless HUAWEI SuperCharge နှင့် 7.5 W Wireless Reverse Charging တို့ကို ထောက်ပံ့ပေးထားသောကြောင့် နေ့စဉ်အသုံးပြုမှု လိုအပ်ချက်များကို လွယ်ကူစွာ ဖြည့်ဆည်းပေးပါသည်။

နောက်ဆုံးပေါ် nova series သည် Huawei ၏ nova product line ထဲတွင် နည်းပညာနှင့် ဒီဇိုင်း ပေါင်းစပ်မှုကို ပုံဖော်ထားသည်။ အလှတရားနှင့်စွမ်းအားကို ပြီးပြည့်စုံစွာပေါင်းစပ်ထားသည့်စမတ်ဖုန်းသည် ရည်မှန်းချက်နှင့် စိတ်ကူးအိပ်မက်များကို အကောင်အထည် ဖော်လိုသူတိုင်းအတွက် ပံ့ပိုးဖြည့်ဆည်းပေးပါသည်။

ထူးခြားသော Double Star Orbit Rings design သင်္ကေတဖြင့် သေသပ်လှပသော အသွင်အပြင်နှင့် ခံစားချက်

HUAWEI nova 11i သည် ယခင်မျိုးဆက်များ၏ ဂန္ထ၀င်ဆန်သော Star Ring ဒီဇိုင်းကို ဆက်လက်အမွေဆက်ခံထားပါသည်။ ၄င်းသည် orbit အတွင်း ကြယ်နှစ်စင်း ပုံသဏ္ဌာန်ကို ပုံဖော်ထားပြီး အာကာသစူးစမ်းလေ့လာရေး သဘောတရားကို သရုပ်ဖော်ထားသည်။

Nova ၏ ထူးခြားကောင်းမွန်သော သတ်မှတ်စံနှုန်းနှင့်အညီ ပါးလွှာသော မျက်နှာပြင်ကို 1mm ultra-narrow bezels များဖြင့် ကာရံထားသောကြောင့် အံ့အားသင့်ဖွယ် 94.9% screen-to-body ratio ကို ရရှိစေသည်။ 8.55mm အထူနှင့် အလေးချိန် 193g သာရှိသောကြောင့် one-hand browsing လက်တစ်ဖက်တည်းဖြင့် ဖုန်းအသုံးပြုနိုင်သည့်အပြင် မည်သည့်အိတ် သို့မဟုတ် အိတ်ကပ်များတွင်မဆို လွယ်ကူအဆင်ပြေစေရန် အံ၀င်ခွင်ကျဖြစ်နေစေပါသည်။ HUAWEI nova 11i ကို သဘာ၀ဆန်သော အရောင်နှစ်မျိုးဖြစ်သည့် Mint Green နှင့် Starry Black ဟူ၍ ရရှိနိုင်ပါသည်။

အားသွင်းမြန်ဆန်ခြင်းဖြင့် အကန့်အသတ်မရှိ ဘက်ထရီသက်တမ်း

HUAWEI nova 11i တွင် 40 W HUAWEI SuperCharge Turbo ပါ၀င်ပြီး မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီအား ၆၀ % အထိ ရရှိနိုင်သည်။ ၁၀ မိနစ် အားသွင်းထားခြင်းဖြင့် ၁၂ နာရီ ဖုန်းခေါ်ဆိုခြင်း၊ ၆ နာရီ ဗီဒီယိုကြည့်ခြင်း၊ ၂ နာရီ ဂိမ်းကစားခြင်းနှင့် ၂၃ နာရီ သီချင်းနားထောင်ခြင်းများအတွက် လုံလောက်စေပါသည်။

HUAWEI nova 11i တွင် 22-layer battery charging protection system လည်း ပါ၀င်သည့်အတွက် စိတ်အေးချမ်းသာမှုအပြည့်ဖြင့် ဖုန်းကို အမြန်အားသွင်းနိုင်မှာ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် 5,000 mAh စွမ်းရည်မြင့်ဘက်ထရီဖြင့် နေ့စဉ်နေ့တိုင်း စွမ်းအားပြည့်၀စေရန် ဒီဇိုင်းပြုလုပ်ထားသည်။

Dual AI Camera ဖြင့် ထူးခြားကောင်းမွန်သော ဓာတ်ပုံစွမ်းရည်နှင့် ဘက်စုံအသုံးပြုမှု

HUAWEI nova 11i ၏ 48 MP ပင်မအနောက်ကင်မရာတွင် f/1.8 အလင်း၀င်ပေါက်၊ 1/2-inch sensor နှင့် ပိုကြီးသော 1.6 μm pixels ကို ထုတ်လုပ်နိုင်မည့် 4-in-1pixel fusion technology တို့ပါ၀င်သည်။ High-res ကင်မရာသည် မှုန်ဖျော့ဖျော့နှင့် နောက်ခံအလင်းရောင်ရှိသော ပတ်၀န်းကျင်များတွင် အံ့မခန်းဖွယ်ရာ ပုံရိပ်များကို ရိုက်ကူးနိုင်ရန်အတွက် all-scenario RAW domain solution နှင့် ချောမွေ့စွာ အလုပ်လုပ်ဆောင်သည်။

Selfie ဓာတ်ပုံရိုက်ကူးရန်အတွက် 16 MP selfie ကင်မရာသည် portrait segmentation နှင့် backlit selfies ပုံရိပ်များကို ထောက်ပံ့ပေးသည်။ တစ်ချိန်တည်းတွင် AI Beauty 5.1 နှင့် AI beautification algorithms များသည် မျက်နှာအသွင်အပြင်၊ အသားအရေ ချောမွေ့အောင် ပြုပြင်ပေးပြီး အခြားသော အလှအပဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း ပိုကောင်းအောင် ပံ့ပိုးပေးထားသည်။

အဆင့်မြှင့်တင်ထားသော HUAWEI Multi-Vision Photography သည် အသေးစိတ်ကျသော ပုံရိပ်များနှင့် အ‌ဝေးမှ ပုံရိပ်များကို ဖမ်းယူပေးပါသည်။

nova 11 Pro သည် 60 MP Ultra Portrait Dual Camera၊ 100-degree ultra-wide angle၊ 1/2.61-inch background၊ 4K ရုပ်ပုံအရည်အသွေး၊ အထူးကောင်းမွန်သော ရုပ်ထွက်နှင့် light sensitivity စသည့်လုပ်ဆောင်ချက်များဖြင့် အဆင့်မြှင့်တင်ထားသော HUAWEI Multi-Vision Photography ကို တပ်ဆင်ထားပါသည်။ 8 MP Close-up Portrait Front Camera သည် အကွာအဝေးအသီးသီးမှ အလှတရားများကို ကြည်လင်ပြတ်သားမှုရှိစွာ ဖမ်းယူနိုင်ရန် 0.7x group photo၊ 1x HD selfie၊ 2x textured portrait နှင့် 5x makeup close-up experience စသည်တို့အပြင် 2x optical zoom နှင့် 5x digital zoom အထိ ထောက်ပံ့ပေးပါသည်။

50 MP Ultra Vision Camera တွင် nova မျိုးဆက်၏ အကောင်းဆုံးစွမ်းဆောင်ရည်မြင့် နောက်ကင်မရာကို ထည့်သွင်းပါရှိသည်။

nova 11 Pro နှင့် nova 11 တို့တွင် 50 MP RYYB Ultra Vision imaging unit နှင့် 8 MP Ultra-Wide Macro Camera တို့ပါ၀င်သည့် 50 MP Ultra Vision Camera ကို ၀င့်ကြွားစွာတပ်ဆင်ပေးထားပြီး ထူးခြားကောင်းမွန်သော ပုံရိပ်များကို အကောင်းဆုံး ဖမ်းယူနိုင်မည်ဖြစ်ပါသည်။ အရာ၀တ္ထုကို အလျင်အမြန် ရိုက်ကူးနိုင်စေရန် autofocus ကို ထောက်ပံ့ပေးနိုင်သည့် Laser Focus Sensor လည်း ပါ၀င်ပါသည်။

စတိုင်ကျပြီး အကြမ်းခံသည့် ပုံစံနှစ်မျိုး

Nova 11 Series သည် Flawless OLED Curved Display နှင့် Flawless OLED Flat-Edge Display စသည့် ကွဲပြားသောပုံစံနှစ်မျိုးဖြင့် ရောက်ရှိလာသည်။ Nova 11 Pro သည် 66° golden bending angle ပါရှိသည့် 6.78-inch ring screen ဒီဇိုင်းပုံစံ ထုတ်ထားပြီး ကိုင်ဆောင်ရ အဆင်ပြေစေသည်။ Kunlun Glass screen ကို တပ်ဆင်ပေးထားသည့်အတွက် ၄င်း၏ screen မျက်နှာပြင်သည် nova 10 Pro ထက် မတော်တဆ လွတ်ကျမှုဒဏ် drop resistance ကို ၁၀ ဆ ပိုမိုခံနိုင်ရည်ရှိပါသည်။ Nova 11 တွင် အသစ်အဆန်းဖြစ်သော HUAWEI nova Architecture ကို ထည့်သွင်းပွဲထုတ်ထားပြီး ၄င်း၏ ပေါ့ပါးသော လုပ်ဆောင်ချက်နှင့် 3D stacking technology က ဖုန်း၏ အလေးချိန်နှင့် အထူကို လျှော့ချပေးသည့်အတွက် ပိုမိုကျစ်လျစ်ပေါ့ပါးစေသည်။ HUAWEI nova 11 သည် 6.88 mm အထိ ပါးလွှာကျစ်လျစ်မှုရှိပြီး 168 g အလေးချိန်သာ ရှိပါသည်။ အလွန်ကျဉ်းမြောင်းသော ဘေးဘောင် bezels များသည် 6.7-inch screen ပေါ်တွင် အလွန်မြင့်မားသော screen-to-body ratio 93.4% ကို ထုတ်ပေးပါသည်။ ထို့အပြင် ပရီမီယံဆန်ပြီး အပိုအလိုမရှိ R-angle design ပုံစံသည် အကန့်အသတ်မရှိသော မြင်ကွင်းကို အကောင်းဆုံးခံစားနိုင်စေဖို့ ကူညီပေးထားပါသည်။

လက်ရာမြောက်သော Starry Circle ကြယ်ရောင်စက်၀ိုင်း၏ လှပမှုနှင့် စွမ်းဆောင်ရည်

HUAWEI nova Y91 သည် ခေါက်ချိုးညီ၀င်ရိုး အလှတရားကို ပေါ်လွင်စေသည့် လက်ရာမြောက် Starry Circle ကြယ်ရောင်စက်၀ိုင်းဒီဇိုင်းပုံစံဖြင့် Huawei ၏ အကောင်းမွန်ဆုံးသော ဒီဇိုင်းအလှတရားကို တင်ဆက်ပြသထားသည်။ နောက်ကင်မရာများကို star-ring ကြယ်စက်၀န်းထဲတွင် ထည့်သွင်းထားသောကြောင့် ၄င်းသည် ကျစ်လျစ်တောက်ပပြီး ခေတ်ဆန်းလွန်းလှပါသည်။ HUAWEI nova Y91 တွင် စတိုင်ကျသော 6.95-inch မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး သေးသွယ်ကျစ်လျစ်သော ကိုယ်ထည်နှင့် ယှဉ်တွဲအလုပ်လုပ်နိုင်သောကြောင့် ကြီးမားသော Display မျက်နှာပြင်နှင့် ကိုက်ဆောင်ရ အဆင်ပြေစေသည်။

ချောမွေ့သော အတွေ့အကြုံတွေအတွက် ကြီးမားသော ဘက်ထရီ၊ သိုလှောင်နိုင်စွမ်းနှင့် မြင့်မားသော ပမာဏ

HUAWEI nova Y91 ၏ ဘက်ထရီစွမ်းရည်ကို 7000 mAh အထိ တိုးမြင့်ပေးထားပြီး ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေသည်။ စွမ်းအင်သိပ်သည်းဆမြင့်မားသော dual-cell ဒီဇိုင်းသည် ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးသည့်အပြင် ဖုန်းကို ပိုမိုပေါ့ပါးစတိုင်ကျစေသည်။ 22.5 W HUAWEI SuperCharge က ဖုန်း၏ ကြီးမားသောဘက်ထရီကို အချိန်တိုတိုနှင့် အားသွင်းမြန်ဆန်စေသည်။ HUAWEI nova Y91 ၏ 256 GB သိုလှောင်မှုပမာဏသည် သင်နှစ်သက်သော ဆော့ဖ်၀ဲလ်များ၊ ဂိမ်းများကို ထည့်သွင်းရန်၊ အလုပ်နှင့် စာသင်ကြားရေးအတွက် ဖိုင်ကြီးများကို ဒေါင်းလုဒ်ရယူရန်အပြင် ဗီဒီယိုများနှင့် ရုပ်ရှင်များအတွက်လည်း လုံလောက်ပါသည်။

အံ့သြပျော်ရွှင်ဖွယ် အခိုက်အတန့်များကို ရိုက်ကူးရန် 50 MP AI Dual Camera

50 MP ပင်မ အနောက်ကင်မရာ၏ အားကောင်းသော စွမ်းဆောင်ရည်ကြောင့် HUAWEI nova Y91 သည် အထူးကောင်းမွန်သော ညရိုက်ချက်များအတွက် Super Night 2.0 ထည့်သွင်းပါရှိသည်။ ၄င်း၏ 8 MP ရှေ့ကင်မရာသည် portrait segmentation ကို ထောက်ပံ့ပေးကာ AI Beauty 5.1 က skin texture ကို ချိန်ညှိနိုင်စေသည့်အတွက် ရုပ်ထွက်ပေါ်လွင်စေပြီး သဘာ၀ဆန်ဆန်လှပသော selfies ပုံများကို ရိုက်ကူးနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

အကောင်းဆုံးအသံအရည်သွေးကိုပေးစွမ်းနိုင်ရန် HUAWEI FreeBuds 5 အား သံလိုက်ကွင်းနှစ်ခုဖြင့်အားဖြည့်ကာ အထူးပြုလုပ်ထားသည့် ultra-mag dynamic driver ထည့်သွင်းထားသည်။ သံလိုက်ကွင်းနှစ်ခုမှ အကောင်းဆုံး bass notes များနှင့် ကြည်လင်ပြတ်သားသော လူသံများအား ကြားနိုင်စေရန် Bass Note Turbo နည်းပညာကို အခြေခံထားသည်။ Ultra Wide Frequency Adaptive EQ နှင့် L2HC and LDAC™ codecs တို့ဖြင့် အသေးစိတ်ကျပြီး ကြည်လင်ကောင်းမွန်သောအသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်သည်။ ထို့ပြင် FreeBuds 5 မှ ပတ်ချာလည်မှ အသံကြားရသကဲ့သို့ အသံအရည်အသွေးကိုပေးစွမ်းနိုင်ပြီး AI Noise cancellation လည်းပါဝင်သည့်အတွက် ပတ်ဝန်းကျင်မှအသံများမှ အနှောက်အယှက်မဖြစ်စေဘဲ ကြည်လင်ပြတ်သားစေမှာဖြစ်သည်။

လတ်တလောတွင်လည်း HUAWEI FreeBuds 5 မှ ၎င်း၏ ရေစက်ပုံစံဒီဇိုင်း၊ HD အသံအရည်အသွေး၊ ဝတ်ဆင်ရာတွင် သက်တောင့်သက်သာရှိမှု၊ အကောင်းဆုံး noise cancellation နှင့် အားသွင်းမြန်ဆန်မှုတို့ကြောင့် “Oscars” ဟုသိကြသည့် iF Design Award 2023 အားရရှိခဲ့ပါသည်။

TWS နားကြပ်သည် နာရီတွင် ခေတ်မီဆန်းသစ်သောအဖုံးဖြင့်သံလိုက်နှင့်တစ်ပါတည်းတွဲဆက်ထားသည့်အတွက် ထုတ်ကုန်နှစ်မျိုးအား တစ်နေရာတွင် အတူတကွရှိနေစေမည်ဖြစ်သည်။ အိတ်အဖုံးကဲ့သို့ နာရီ၏အဖုံးမှာ ဖွင့်ပိတ်ရာတွင် ချောမွေ့အဆင်ပြေပြီး နားကြပ်နှင့် နာရီအဖုံးမှာ သံလိုက်ဖြင့်ချိတ်ဆက်ထားသည့်အတွက် နားကြပ်အား သိမ်းဆည်းခြင်းနှင့် ထုတ်ယူခြင်းတို့ကို လွယ်ကူစွာပြုလုပ်နိုင်မည် ဖြစ်သည်။ ဤသို့ ထုတ်ကုန်နှစ်မျိုးအား တစ်ပြိုင်နက်အသုံးပြုနိုင်သည့်အတွက် အလွန်အဆင်ပြေလွယ်ကူစေပြီး နားကြပ်ပျောက်ဆုံးခြင်းတို့မှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

HUAWEI Watch Buds သည်၎င်း၏ သံလိုက်ပါဝင်သည့်အဖုံးဒီဇိုင်းဖြင့် လူသိများကာ MWC 2023 တွင် အသိအမှတ်ပြုဆု (၈)ခု အားရရှိခဲ့ပြီး ဒီဇိုင်းလောကတွင် “Oscars” ဟု လူသိများသည့် ဂျာမနီနိုင်ငံမှ iF Design Award 2023 အားလည်းဆွတ်ခူးရရှိခဲ့သည်။

HUAWEI P60 Pro ကို အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Rococo Pearl (ပုလဲရောင်/ အဖြူရောင်) တို့ဖြင့်ရရှိမှာဖြစ်ပြီး 8+256 GB အား မြန်မာကျပ် ၂,၈၉၉,၀၀၀ နှင့် 12+512 GB အား မြန်မာကျပ် ၃,၃၉၉,၀၀၀ ဖြင့် မေလ (၂၀) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Pre-order တင်ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ Pre-order ကာလမှာ မေလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိဖြစ်ပြီး Pre-order တင်ထားသူများအနေဖြင့် မြန်မာကျပ် ၄၅၉,၀၀၀ တန်ဖိုးရှိသော HUAWEI nova Y70 တစ်လုံးအား မေလ (၂၇) ရက်နေ့မှ ဇွန်လ (၄) ရက်နေ့ထိ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ) လက်ဆောင်ပြန်လည် ရရှိသွားမည် ဖြစ်သည်။

HUAWEI Mate X3 ကို 12+512 GB အမျိုးအစားဖြင့်ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်) နှင့် Dark Green (အစိမ်းရင့်ရောင်)တို့အား မြန်မာကျပ် ၅,၆၉၉,၀၀၀ ဖြင့် မေလ (၂၀) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Pre-orderတင်ဝယ်ယူနိုင်တော့မည်ဖြစ်သည်။

HUAWEI nova 11i ကို 8+128 GB အမျိုးအစားများဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Starry Black (အနက်ရောင်)နှင့် Mint Green (အစိမ်းရောင်)တို့အား မြန်မာကျပ် ၅၉၉,၀၀၀ ဖြင့် မေလ (၂၇) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Pre-order တင်နိုင်တော့မည်ဖြစ်ပြီး Pre-order တင်ဝယ်ယူသူများအနေဖြင့် Power Bank တစ်လုံး လက်ဆောင်ရရှိနိုင်မှာဖြစ်သည်။

ထို့ပြင် HUAWEI nova 11 နှင့် HUAWEI nova 11 pro တို့အား 8+256 GB အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Green (အစိမ်းရောင်)တို့အားလည်းကောင်း၊ HUAWEI nova Y91 ကို 8+256 GB အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Starry Black (အနက်ရောင်)နှင့် Moonlight Silver (ငွေရောင်)တို့အား ဇူလိုင်လမှစတင်၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။ HUAWEI Watch Buds၊ Khaki (အညိုရောင်)အား မြန်မာကျပ် ၉၉၉,၀၀၀ ကျပ် နှင့် HUAWEI Freebuds 5 ၏ Frost Silver၊ Ceramic White နှင့် Coral Orange စသည့် အရောင်များအား မြန်မာကျပ် ၃၉၉,၀၀၀ ဖြင့် ဇွန်လမှစတင်၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် P60Pro နှင့် Mate X3 ဝယ်ယူသူများအတွက် အထူး၀န်ဆောင်မှု (၃) ခုရှိကြောင်းသိရသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် အာမခံကာလအတွင်း အခမဲ့ ပြုပြင်မှု

HUAWEI P60Pro နှင့် HUAWEI Mate X3 တို့အား မြန်မာနိုင်ငံတွင်၀ယ်ယူပါက မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံရှိ မြို့ကြီး ၄၃ မြို့နှင့် ၀န်ဆောင်မှုစင်တာ ၈၀ ခုတို့တွင် ပြုပြင်နိုင်မှာဖြစ်ပြီး တရုတ်နိုင်ငံတွင် ၀ယ်ယူပါက တရုတ်နိုင်ငံတွင်းသာ ပြုပြင်နိုင်မှာဖြစ်ပြီး အာမခံကာလ ၁ နှစ်အတွင်း အကျုံးဝင်မည်ဖြစ်သည်။

တစ်ဦးချင်း VIP Online Chat ၀န်ဆောင်မှု

HUAWEI P60Pro နှင့် HUAWEI Mate X3 တို့အား ၀ယ်ယူသူများမှ အွန်လိုင်း၀န်ဆောင်မှုသို့ ဆက်သွယ်လာပါက ၀ယ်ယူသူ၏ လိုအပ်ချက်ကို အချိန်နှင့်တပြေးညီ ဆက်သွယ်ဖြေရှင်းပေးသွားမည်ဖြစ်သည်။

အခမဲ့ အိမ်တိုင်ရာရောက် သယ်ယူပို့ဆောင်ပေးခြင်း – Door to Door Delivery

HUAWEI P60Pro နှင့် HUAWEI Mate X3 တို့အား ၀ယ်ယူသူများအနေဖြင့် ဖုန်းများအား ပြုပြင်လိုပါက အခမဲ့လာရောက် သယ်ဆောင်ကာ ၀န်ဆောင်မှုပေးမည်ဖြစ်သည်။

Source: HUAWEI