HUAWEI ဟာ ယခုနှစ်မှာ ပုံမှန်အတိုင်း P Series နဲ့ Mate Series Flagship ၂ မျိုးကို ဆက်လက်မိတ်ဆက်သွားဖို့စီစဥ်ထားပါတယ်။ ဒါကြောင့် HUAWEI P60 Series နဲ့ Mate 60 Series ဖုန်း ၂ မျိုးစလုံးကို ယခုနှစ်အတွင်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ HUAWEI ဟာ လာမယ့် မတ်လအတွင်းမှာ P60 Series ဖုန်းတွေကို မိတ်ဆက်သွားဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဆိုပါ P60 နဲ့ P60 Pro ဖုန်းတွေရဲ့ Specification တွေပါ သတင်းပေါက်ကြားလာပြီဖြစ်ပါတယ်။

HUAWEI P60 Pro ဖုန်းဟာ Resolution အနေနဲ့ 3200 x 1440 Pixels ရှိတဲ့ 6.6″ 120Hz OLED Display ကို အသုံးပြုထားမှာဖြစ်ပြီး အဆိုပါ Display Panel ကို BOE ကနေ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ မျက်လုံးထိခိုက်မှုကို လျော့ချပေးနိုင်ဖို့အတွက် 1920Hz High-frequency PWM Dimming နည်းပညာကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

HUAWEI P60 Pro က Camera ပိုင်းမှာ Triple Back Camera Setup ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Main Camera အနေနဲ့ 50MP Sony IMX888 Sensor ကိုအသုံးပြုထားမှာဖြစ်သလို 50MP Ultrawide Camera ၊ 64MP Telephoto Camera တွေလည်းပါဝင်မှာဖြစ်ပါတယ်။ HUAWEI P60 ရိုးရိုးမှာတော့ Sony IMX888 နဲ့ IMX789 Sensor တွေပါဝင်တဲ့ Dual Camera Setup ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးဟာ Selfie Camera အတွက် 32MP Sensor ကို Punch-hole Design နဲ့ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

HUAWEI P60 Series ဖုန်းတွေဟာ ကိုယ်ပိုင် XMAGE Imaging System ကိုအသုံးပြုထားပြီး သီးသန့် Optical System ၊ Mechanical Structure တွေအပြင် Imaging Processing နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI Mate 50 Pro ဖုန်းမှာ စတင်အသုံးပြုခဲ့တဲ့ Variable Aperture နည်းပညာကိုလည်း P60 Series ဖုန်းတွေမှာ ဆက်လက်မြင်တွေ့ရမှာပါ။

ကျန်တဲ့ Specification တွေအနေနဲ့ Qualcomm Snapdragon 8+ Gen 1 Chipset 4G Version ကို အသုံးပြုထားမှာဖြစ်ပါတယ်။ HUAWEI P60 Pro မှာ 5500mAh Battery ပါဝင်မှာဖြစ်ပြီး 100W Wired Fast Charging အပြင် 50W Wireless Fast Charging ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ P60 Series ဖုန်းတွေဟာ Satellite Connectivity Feature အပြင် ပိုအကြမ်းခံတဲ့ Kunlun Glass ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Ref – Gizmo China