နာမည်ကြီး Tipster Digital Chat Station က Huawei P70 Series ရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။ Huawei P60 Series ကို အရင်နှစ် မတ်လမှာ ကြေညာထားတဲ့အတွက် P70 Series ကို ကြေညာဖို့ ၂ လလောက်ပဲလိုပါတော့တယ်။

Huawei P70 Pro, First Look, Phone Specifications, Features, Specs, Price, Launch Date, Trailer 2024 - YouTube

Digital Chat Station က Huawei P70 Series မှာ လေးဘက်လေးတန် ကွေးညွှတ်တဲ့ OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1.5K Resolution နဲ့ 6.7” အရွယ်အစား ရှိမယ်လို့ ပြောပါတယ်။ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Huawei Begins Development Of The P70 Flagship For Next Year, Starting With A High Refresh Rate Display, But No Word On Its Chipset

အနောက်ကင်မရာ  ၃ လုံးကို တြိဂံပုံသဏ္ဍာန် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Main ကင်မရာက Variable Aperture နဲ့ 1/1.3” Sensor Size ပါတဲ့ OmniVision 50MP OV50H ဖြစ်နိုင်ပါတယ်။

Huawei P70 Series မှာ 5,000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး Kirin 9010 Chip မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Ultrawide ကင်မရာကိုလည်း အဆင့်မြှင့်တင်ထားနိုင်ပါတယ်။

Huawei ရဲ့ P Series စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်မြင့်မားပြီး လူကြိုက်များကြပါတယ်။ နောက်မျိုးဆက် Huawei P70 Series ကို မြင်ရဖို့ လအနည်းငယ်လောက်ပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena