လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေက ခေါက်ချိုးလို့ရတဲ့ Display ကို အပြင်းအထန်ကို ထုတ်လုပ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုအချိန်မှာ Huawei ကုမ္ပဏီကလည်း စက္ကူတစ်ရွက်လိုမျိုး ခေါက်လို့ရတဲ့ဖုန်းတစ်ခုကို မူပိုင်ခွင့်ရယူလိုက်ပြီဖြစ်ပါတယ်။

အခု Huawei ရဲ့ ခေါက်ချိုးလို့ရတဲ့ Display အသုံးပြုထားတဲ့ စမတ်ဖုန်းဟာ Display ၂ ခုကြားထဲမှာ လစ်ဟင်းနေတဲ့ Gap တစ်ခုရှိနေမှာမဟုတ်ပဲ Screen ၂ ခုကို ဆက်တဲ့နေရာမှာ ကြားထဲမှာ Mechanism တစ်ခုကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Huawei က အရင်တုန်းက ပြောကြားခဲ့သလိုမျိုးပဲ ခေါက်နိုင်တဲ့ Display ကို အသုံးပြုထားတဲ့စမတ်ဖုန်းဟာ Screen ၂ ခုလိုမျိုးထက် Screen ၁ ခုပဲ ရှိသလိုဖြစ်နေမှာဖြစ်ပြီးတော့ မသုံးတဲ့အချိန်မှာ ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတော့ ပြောကြားခဲ့ငြခ်းမရှိသေးပါဘူး။

Huawei အနေနဲ့ အခု ခေါက်ချိုးနိုင်တဲ့ Display အတွက် LCD အစား LED Display ကိုပဲ အသုံးပြုလာမယ်လို့ ယူဆလို့ရပါတယ်။