[Unicode]

လက်ရှိ စမတ်ဖုန်း Trend တွေအကြောင်းပြောရင် Notch တို့ Punch-hole တို့ Full Screen တို့ကို ပြောရမယ် ထင်ပါတယ်။ ဒါတွေအားလုံးက အရှေ့ဘက် မျက်နှာပြင်၊ အရှေ့ကင်မရာတွေနဲ့ ဆက်စပ်နေတာပါ။ Pop-up တွေလည်း ရှိတယ်ဆိုပေမယ့် Flip type ကလည်း တစ်ချိန်မှာ ရေပန်းစားလာနိုင်ပါတယ်။

သေချာတာတစ်ခုကတော့ ကျောဘက်ကင်မရာအလုံးရေ များပြားမှုကနေ အရှေ့ဘက်ကင်မရာအရေအတွက် များပြားမှုဆီ တဖြည်းဖြည်း ကူးစက်လာတာကို တွေ့နေရတာပါ။ Dual punch-hole camera တွေ၊ Dual Pop-up camera တွေ၊ Dual Flip Camera တွေ ပေါ်လာတာက သက်သေဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဦးဆောင်နည်းပညာကုမ္ပဏီကြီး Huawei ကတော့ Triple flip camera နဲ့ ဟန်းဆက်ဒီဇိုင်းကို မူပိုင်ခွင့်လျှောက်ထားလိုက်တာကို တွေ့ရပါတယ်။ အပြစ်အနာအဆာကင်းတဲ့ မျက်နှာပြင်ပြည့်ဆီကိုသွားတဲ့အခါ Pop-up camera တို့ Slider တို့က အကောင်းဆုံးနည်းလမ်းလိုဖြစ်ပေမယ့် Huawei ကတော့ Flip camera type ကိုပဲ ရွေးလိုက်တာပါ။

LetsGoDigital ရဲ့ ဖော်ပြချက်အရ Huawei ရဲ့ Triple flip camera တည်ဆောက်ထားပုံက Asus Zen phone 6 နဲ့ ခပ်ဆင်ဆင် တူညီနေတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့်လည်း ဒီတူညီမှုဟာ အခြေခံသဘောအရ တူညီတာဖြစ်ပြီး Huawei ကတော့ ကင်မရာ သုံးလုံးနဲ့ဖြစ်ပါတယ်။ ဒီကင်မရာသုံးလုံးမှာ Ultra wide angle ကင်မရာလည်း ပါဝင်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း Huawei ရဲ့ P Smart 2020 မူပိုင်ခွင့်တစ်ခု ပေါက်ကြားလာပါသေးတယ်။ ဒီမူပိုင်ခွင့်မျာ ကျောဘက် ကင်မရာသုံးလုံးတပ်ဆင်ထားပေမယ့် ကင်မရာတစ်လုံးကိုတော့ သီးသန့်အဖြစ် Flip type ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ အခုမြင်တွေ့ရတဲ့ မူပိုင်ခွင့်ပုံကလည်း Huawei ရဲ့ ဘယ်မော်ဒယ်အနေနဲ့ ထွက်လာမလဲဆိုပြီး စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ်။

Ref: Gizmochina

[Zawgyi]

Triple Flip Camera ပုံစံကို မူပိုင္ခြင့္တင္ထားတဲ့ Huawei

လက္ရွိ စမတ္ဖုန္း Trend ေတြအေၾကာင္းေျပာရင္ Notch တို႔ Punch-hole တို႔ Full Screen တို႔ကို ေျပာရမယ္ ထင္ပါတယ္။ ဒါေတြအားလုံးက အေရွ႕ဘက္ မ်က္ႏွာျပင္၊ အေရွ႕ကင္မရာေတြနဲ႔ ဆက္စပ္ေနတာပါ။ Pop-up ေတြလည္း ရွိတယ္ဆိုေပမယ့္ Flip type ကလည္း တစ္ခ်ိန္မွာ ေရပန္းစားလာႏိုင္ပါတယ္။

ေသခ်ာတာတစ္ခုကေတာ့ ေက်ာဘက္ကင္မရာအလုံးေရ မ်ားျပားမႈကေန အေရွ႕ဘက္ကင္မရာအေရအတြက္ မ်ားျပားမႈဆီ တျဖည္းျဖည္း ကူးစက္လာတာကို ေတြ႕ေနရတာပါ။ Dual punch-hole camera ေတြ၊ Dual Pop-up camera ေတြ၊ Dual Flip Camera ေတြ ေပၚလာတာက သက္ေသျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ဦးေဆာင္နည္းပညာကုမၸဏီႀကီး Huawei ကေတာ့ Triple flip camera နဲ႔ ဟန္းဆက္ဒီဇိုင္းကို မူပိုင္ခြင့္ေလွ်ာက္ထားလိုက္တာကို ေတြ႕ရပါတယ္။ အျပစ္အနာအဆာကင္းတဲ့ မ်က္ႏွာျပင္ျပည့္ဆီကိုသြားတဲ့အခါ Pop-up camera တို႔ Slider တို႔က အေကာင္းဆုံးနည္းလမ္းလိုျဖစ္ေပမယ့္ Huawei ကေတာ့ Flip camera type ကိုပဲ ေ႐ြးလိုက္တာပါ။

LetsGoDigital ရဲ႕ ေဖာ္ျပခ်က္အရ Huawei ရဲ႕ Triple flip camera တည္ေဆာက္ထားပုံက Asus Zen phone 6 နဲ႔ ခပ္ဆင္ဆင္ တူညီေနတာကို ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္လည္း ဒီတူညီမႈဟာ အေျခခံသေဘာအရ တူညီတာျဖစ္ၿပီး Huawei ကေတာ့ ကင္မရာ သုံးလုံးနဲ႔ျဖစ္ပါတယ္။ ဒီကင္မရာသုံးလုံးမွာ Ultra wide angle ကင္မရာလည္း ပါဝင္ဖြယ္ရွိပါတယ္။

ၿပီးခဲ့တဲ့လတုန္းကလည္း Huawei ရဲ႕ P Smart 2020 မူပိုင္ခြင့္တစ္ခု ေပါက္ၾကားလာပါေသးတယ္။ ဒီမူပိုင္ခြင့္မ်ာ ေက်ာဘက္ ကင္မရာသုံးလုံးတပ္ဆင္ထားေပမယ့္ ကင္မရာတစ္လုံးကိုေတာ့ သီးသန႔္အျဖစ္ Flip type ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒီေတာ့ အခုျမင္ေတြ႕ရတဲ့ မူပိုင္ခြင့္ပုံကလည္း Huawei ရဲ႕ ဘယ္ေမာ္ဒယ္အေနနဲ႔ ထြက္လာမလဲဆိုၿပီး စိတ္ဝင္စားစရာ ျဖစ္ေနပါေတာ့တယ္။

Ref: Gizmochina