Huawei က Pocket 2 ကို ဒီလ ၂၂ ရက်နေ့ ကြေညာမယ်လို့ တရုတ်လူမှုကွန်ရက် ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ ၂ လမြောက်နေ့ ၂ ၂ ရက်နေ့မှာ Pocket 2 Version ကို ကြေညာတာက ထူးခြားပါတယ်။

Huawei Pocket 2 is officially launching on February 22

Huawei က မျှဝေထားတဲ့ တရားဝင် Teaser အရ အရင်က ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေနဲ့ တူညီနေပါတယ်။ Huawei Pocket 2 ဟာ Flip Foldable စမတ်ဖုန်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်း ၂ ခု ထည့်သွင်းထားပြီး ၁ ခုက ကင်မရာနဲ့ နောက် ၁ ခုက External Display ဖြစ်ပါတယ်။ Huawei က Pocket 2 ကို ထင်ထားတာထက် စောကာ ကြေညာမှာ ဖြစ်ပြီး တချို့ ပေါက်ကြားသတင်းအရ Pocket 2 ကို စွမ်းရည်မြင့် Huawei P70 စမတ်ဖုန်းနဲ့အတူ ကြေညာနိုင်ပါတယ်။

Huawei Pocket 2 is officially launching on February 22 - GSMArena.com news

လက်ရှိမှာ Huawei Pocket 2 ရဲ့ Specifications တွေကို များများစားစား မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းမှာ Huawei ကိုယ်တိုင်ထုတ် Kirin 9000S Chipset မောင်းနှင်ထားနိုင်ပြီး Huawei ဟာ အဲဒီ Chipset ကို စွမ်းရည်မြင့် Device အားလုံးမှာ ထည့်သွင်းပေးထားပါတယ်။

Huawei Pocket 2 မှာ HarmonyOS 4.0 ထည့်သွင်းထားနိုင်ပြီး အရင်မျိုးဆက်ထက် ပိုမို ကြီးမားတဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။ Huawei Pocket 2 ကို ကြေညာဖို့နီးနေပြီ ဖြစ်ပြီး မကြာခင်မှာ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena