Zawgyi

Huawei ကုမၸဏီဟာ လာမယ့္ ဇြန္လ ၂၁ ရက္ေန႔မွာ Nova 5 စီးရီးကို မိတ္ဆက္ဖို႔ရွိေနၿပီး သူ႕ရဲ႕ Mid-range အျမင့္စားစီးရီးကို ပရုိမုိးရွင္းလုပ္တဲ့အေနနဲ႔ Teaser ဗီဒီယိုအမိုက္စားတစ္ခုကို အခုလိုတင္ခဲ့ပါတယ္။

တရုတ္အေျခစိုက္စမတ္ဖုန္းကုမၸဏီဟာ လမ္းမထက္ကို သူ႕ရဲ႕အမွတ္တံဆိပ္အား ယူေဆာင္လာၿပီး Street အႏုပညာရွင္ေတြက Nova 5 အတြက္ ေဆးေရာင္စုံျခယ္ခဲ့ၾကတာကိုပဲ ၁၅ စကၠန္႔စာ ဗီဒီယုိထဲမွာ ခပ္မုိက္မုိက္ေလး တင္ျပခဲ့တာပါ။

ေနာက္အပတ္ ေသာၾကာေန႔မွာ မိတ္ဆက္လာမယ့္အထဲမွာ ဟန္းဆက္အသစ္ႏွစ္ခု အနည္းဆုံးပါဝင္မွာ ျဖစ္ၿပီး Huawei Nova 5 နဲ႔ Nova 5i တုိ႔ပါ။ Nova 5i ရဲ႕အခ်က္အလက္ေတြကေတာ့ TENAA ေပၚမွာ အျပည့္အစုံ ေပါက္ၾကားခဲ့ၿပီးသားပါ။

သူ႕မွာ Punch-hole ဆယ္ဖီကင္မရာနဲ႔ 6.4” LCD Display တစ္ခုပါဝင္ကာ ေနာက္ဘက္မွာေတာ့ ကင္မရာသုံးလုံးကို ToF Sensor တစ္ခုနဲ႔တြဲထားတဲ့ Quad-camera လို႔ပဲေျပာရမယ့္ ပုံစံပါဝင္လာပါတယ္။ ခ်စ္ပ္ဆက္က Kirin 710 ကိုမွ 6GB RAM နဲ႔တြဲဖက္ထားတာပါ။

ေနာက္ဆုံးထြက္ခဲ့တဲ့ Nova စီးရီးေတြကို ျပန္ၾကည့္မယ္ဆုိရင္ Huawei Nova 5 ဟာ အျခားဗားရွင္းထက္ နည္းနည္းေလးပိုၿပီး Specs ပုိျမင့္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ 48MP အဓိက ကင္မရာနဲ႔ ေနာက္ဆုံးထြက္ Kirin 980 ခ်စ္ပ္ဆက္တုိ႔ကို ေမွ်ာ္လင့္မိသလို RAM နဲ႔ Storage မန္မုိရီပုိင္းမွာလည္း ပိုမ်ားႏုိင္ေျခရွိပါတယ္။ စမတ္ဖုန္းႏွစ္လုံးဟာ တူညီတဲ့ဒီဇုိင္းပုိင္ဆုိင္ၿပီး Nova 5 ကေတာ့ ႏုိင္ငံတကာေစ်းကြက္သို႔ Huawei P20 Lite (2019) အမည္ေအာက္ကေန ထြက္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီဟာ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ Nova 5 စီးရီးကို မိတ်ဆက်ဖို့ရှိနေပြီး သူ့ရဲ့ Mid-range အမြင့်စားစီးရီးကို ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ Teaser ဗီဒီယိုအမိုက်စားတစ်ခုကို အခုလိုတင်ခဲ့ပါတယ်။

တရုတ်အခြေစိုက်စမတ်ဖုန်းကုမ္ပဏီဟာ လမ်းမထက်ကို သူ့ရဲ့အမှတ်တံဆိပ်အား ယူဆောင်လာပြီး Street အနုပညာရှင်တွေက Nova 5 အတွက် ဆေးရောင်စုံခြယ်ခဲ့ကြတာကိုပဲ ၁၅ စက္ကန့်စာ ဗီဒီယိုထဲမှာ ခပ်မိုက်မိုက်လေး တင်ပြခဲ့တာပါ။

နောက်အပတ် သောကြာနေ့မှာ မိတ်ဆက်လာမယ့်အထဲမှာ ဟန်းဆက်အသစ်နှစ်ခု အနည်းဆုံးပါဝင်မှာ ဖြစ်ပြီး Huawei Nova 5 နဲ့ Nova 5i တို့ပါ။ Nova 5i ရဲ့အချက်အလက်တွေကတော့ TENAA ပေါ်မှာ အပြည့်အစုံ ပေါက်ကြားခဲ့ပြီးသားပါ။

သူ့မှာ Punch-hole ဆယ်ဖီကင်မရာနဲ့ 6.4” LCD Display တစ်ခုပါဝင်ကာ နောက်ဘက်မှာတော့ ကင်မရာသုံးလုံးကို ToF Sensor တစ်ခုနဲ့တွဲထားတဲ့ Quad-camera လို့ပဲပြောရမယ့် ပုံစံပါဝင်လာပါတယ်။ ချစ်ပ်ဆက်က Kirin 710 ကိုမှ 6GB RAM နဲ့တွဲဖက်ထားတာပါ။

နောက်ဆုံးထွက်ခဲ့တဲ့ Nova စီးရီးတွေကို ပြန်ကြည့်မယ်ဆိုရင် Huawei Nova 5 ဟာ အခြားဗားရှင်းထက် နည်းနည်းလေးပိုပြီး Specs ပိုမြင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် 48MP အဓိက ကင်မရာနဲ့ နောက်ဆုံးထွက် Kirin 980 ချစ်ပ်ဆက်တို့ကို မျှော်လင့်မိသလို RAM နဲ့ Storage မန်မိုရီပိုင်းမှာလည်း ပိုများနိုင်ခြေရှိပါတယ်။ စမတ်ဖုန်းနှစ်လုံးဟာ တူညီတဲ့ဒီဇိုင်းပိုင်ဆိုင်ပြီး Nova 5 ကတော့ နိုင်ငံတကာဈေးကွက်သို့ Huawei P20 Lite (2019) အမည်အောက်ကနေ ထွက်လာနိုင်ပါတယ်။

Ref – GSM Arena