Zawgyi

Huawei ဟာ မၾကာခင္မိတ္ဆက္ေတာ့မယ္ Mate 30 ေမာ္ဒယ္ေတြအတြက္ Teaser ဗီဒီယုိႏွစ္ခုကို တင္လာခဲ့ပါတယ္။ တရုတ္အေျခစိုက္နည္းပညာကုမၸဏီဟာ IFA ပြဲမွာ Kirin 990 ခ်စ္ပ္ဆက္နဲ႔ 5G ဗားရွင္း အသစ္ေတြကို မိတ္ဆက္ခဲ့ၿပီးေနာက္ သုံးစြဲသူေတြရဲ႕ စိတ္လႈပ္ရွားမႈျမင့္မားေနတာကို ထိန္းထားဖို႔အတြက္ ျပဳလုပ္လာတယ္လို႔ ယူဆရၿပီး Flagship လယ္ဗယ္ ဟန္းဆက္အသစ္ႏွစ္ခုမွာ အဆုိပါခ်စ္ပ္အသစ္ေတြကို အသုံးျပဳလာမွာျဖစ္ပါတယ္။

Teaser ႏွစ္ခုဟာ ထိထိမိမိ စာသားေတြ အမ်ားအျပားပါဝင္ေနၿပီး “Rethink Possibilities” ဆုိတဲ့ ေဆာင္ပုဒ္ကို အေျခခံထားပါတယ္။ ပထမ Teaser ရဲ႕စိတ္ဝင္စားစရာအေကာင္းဆုံးအခ်က္က အဆုံးသတ္မွာ ေပၚလာတဲ့ ကင္မရာ Lens ျဖစ္ၿပီး သူ႕ရဲ႕ Focal Length ကို 20 – 35mm လို႔ စာရင္းျပထားတယ္။

ဒုတိယ Teaser ကေတာ့ အနည္းငယ္ ပိုရွည္ၿပီး ေပးခ်င္တဲ့ မက္ေဆ့ကို သိသိသာသာေဖာ္ျပလာပါတယ္။ အေမွာင္ထဲမွ ကင္မရာစြမ္းရည္နဲ႔ ႀကိဳးမဲ့ Fast Charging စနစ္တုိ႔ကို ေရာေႏွာျပသလာခဲ့ၿပီး Slo-Mo Feature ကိုလည္း အရိပ္အျမြက္ျပလာခဲ့တာေၾကာင့္ Kirin 990 ဟာ ဒီ Feature ကိုလည္း ေထာက္ပံ့ေပးမယ့္ပုံပါပဲ။ Kirin 990 ဟာ 4K Resolution ကို 60FPS နဲ႔ရုိက္ကူးႏုိင္တဲ့ ပထမဆုံး HiSilicon ခ်စ္ပ္ဆက္ျဖစ္ပါတယ္။

Teaser ေတြက အရမ္းၾကည့္ေကာင္းၿပီး လန္းေနေပမယ့္ Huawei ဟာ ဒီဖုန္းေတြအတြက္ အဓိကျဖစ္တဲ့ Software ပုိင္းကိုလည္း ေၾကညာရမွာပါ။ Mate 30 ဖုန္းေတြဟာ Google ရဲ႕ဝန္ေဆာင္မႈေတြ မပါဝင္ဘဲ ထြက္လာမယ္လို႔ သတင္းေတြၾကားေနရပါတယ္။ လာမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔မွာ ဂ်ာမနီႏုိင္ငံ ျမဴးနစ္မွာ က်င္းပသြားမယ့္ ထုတ္ကုန္သစ္မိတ္ဆက္ပြဲမွာ ဒီသတင္းမွန္မမွန္ကို ေသခ်ာသိႏုိင္ေတာ့မွာပါ။

Ref – GSM Arena

Unicode

Huawei ဟာ မကြာခင်မိတ်ဆက်တော့မယ် Mate 30 မော်ဒယ်တွေအတွက် Teaser ဗီဒီယိုနှစ်ခုကို တင်လာခဲ့ပါတယ်။ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီဟာ IFA ပွဲမှာ Kirin 990 ချစ်ပ်ဆက်နဲ့ 5G ဗားရှင်း အသစ်တွေကို မိတ်ဆက်ခဲ့ပြီးနောက် သုံးစွဲသူတွေရဲ့ စိတ်လှုပ်ရှားမှုမြင့်မားနေတာကို ထိန်းထားဖို့အတွက် ပြုလုပ်လာတယ်လို့ ယူဆရပြီး Flagship လယ်ဗယ် ဟန်းဆက်အသစ်နှစ်ခုမှာ အဆိုပါချစ်ပ်အသစ်တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။

Teaser နှစ်ခုဟာ ထိထိမိမိ စာသားတွေ အများအပြားပါဝင်နေပြီး “Rethink Possibilities” ဆိုတဲ့ ဆောင်ပုဒ်ကို အခြေခံထားပါတယ်။ ပထမ Teaser ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်က အဆုံးသတ်မှာ ပေါ်လာတဲ့ ကင်မရာ Lens ဖြစ်ပြီး သူ့ရဲ့ Focal Length ကို 20 – 35mm လို့ စာရင်းပြထားတယ်။

ဒုတိယ Teaser ကတော့ အနည်းငယ် ပိုရှည်ပြီး ပေးချင်တဲ့ မက်ဆေ့ကို သိသိသာသာဖော်ပြလာပါတယ်။ အမှောင်ထဲမှ ကင်မရာစွမ်းရည်နဲ့ ကြိုးမဲ့ Fast Charging စနစ်တို့ကို ရောနှောပြသလာခဲ့ပြီး Slo-Mo Feature ကိုလည်း အရိပ်အမြွက်ပြလာခဲ့တာကြောင့် Kirin 990 ဟာ ဒီ Feature ကိုလည်း ထောက်ပံ့ပေးမယ့်ပုံပါပဲ။ Kirin 990 ဟာ 4K Resolution ကို 60FPS နဲ့ရိုက်ကူးနိုင်တဲ့ ပထမဆုံး HiSilicon ချစ်ပ်ဆက်ဖြစ်ပါတယ်။

Teaser တွေက အရမ်းကြည့်ကောင်းပြီး လန်းနေပေမယ့် Huawei ဟာ ဒီဖုန်းတွေအတွက် အဓိကဖြစ်တဲ့ Software ပိုင်းကိုလည်း ကြေညာရမှာပါ။ Mate 30 ဖုန်းတွေဟာ Google ရဲ့ဝန်ဆောင်မှုတွေ မပါဝင်ဘဲ ထွက်လာမယ်လို့ သတင်းတွေကြားနေရပါတယ်။ လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဂျာမနီနိုင်ငံ မြူးနစ်မှာ ကျင်းပသွားမယ့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ဒီသတင်းမှန်မမှန်ကို သေချာသိနိုင်တော့မှာပါ။

Ref – GSM Arena