Huawei Pura 70 Series ဟာ ဧပြီလ ၁၈ ရက်နေ့မှာ စတင် ကြေညာလိုက်ကတည်းက စမတ်ဖုန်း လောကမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒီ Series မှာ မော်ဒယ် ၄ လုံးပါလာပြီး Pura 70 , Pura 70 Pro , Pura 70 Pro+ နဲ့ Pura 70 Ultra တို့ ဖြစ်ပါတယ်။

Huawei Pura 70 Ultra

Digital Chat Station က Huawei Pura 70 Series ရောင်းအားဟာ ၂ သန်းကျော်တော့မယ်လို့ ပြောပါတယ်။ လက်ရှိမှာ Pura 70 ဟာ ၁ သန်းကျော်၊ Pura 70 Pro+ ဟာ ၄၀၀,၀၀၀ ကျော်၊ Pura 70 Ultra ဟာ ၂၀၀,၀၀၀ ကျော်နဲ့ Pura 70 Pro ဟာ ၇၀,၀၀၀ ကျော် ရောင်းချထားပါတယ်။

Huawei Pura 70 Ultra

Huawei Pura 70 Series ဟာ စမတ်ဖုန်း ဈေးကွက်မှာ သက်ရောက်မှုများစွာ ရှိခဲ့ပြီး လေ့လာဆန်းစစ်သူတွေက ရောင်းအားကောင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စတင် ရောင်းချချိန်မှာ ရောင်းအားကောင်းခဲ့ပြီး ပထမ အသုတ်မှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားပါတယ်။ အဲဒီ Series ကို လူတွေ စိတ်ဝင်စားကြတယ်ဆိုတာ သိသာပါတယ်။

Pura 70 Series ဟာ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ဈေးကွက် ဖြစ်တဲ့ တရုတ်မှာ iPhone 15 Series ကို အဓိက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တရုတ်မှာ iPhone ရောင်းအားဟာ ကျဆင်းနေတဲ့အတွက် Huawei က ကျော်တက်သွားနိုင်ပါတယ်။

Ref : gizchina