[Zawgyi]

၂၀၁၉ ခုႏွစ္ဟာ 5G ႏွစ္လို႔ ေျပာႏိုင္သလို၊ Foldable ႏွစ္လို႔လည္း ေျပာႏိုင္ပါတယ္။ ေဖေဖာ္ဝါရီလကုန္ပိုင္းေရာက္ရင္ ဘာစီလိုနာမွာက်င္းပမယ့္ MWC ပြဲနီးလာေတာ့ နည္းပညာမီဒီယာေတြရဲ႕ စာမ်က္ႏွာေတြထက္မွာ Foldable စမတ္ဖုန္းေတြအေၾကာင္းက အေတာ္ေလး ေနရာယူလာၾကၿပီ ျဖစ္ပါတယ္။

ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီးႏွစ္ခုအနက္ Samsung ကေတာ့ MWC 2019 မွာ သူတို႔ရဲ႕ Foldable ဖုန္းကို ေသခ်ာေပါက္ မိတ္ဆက္သြားမွာပါ။ (Foldable ဖုန္းအေၾကာင္းလည္းပါဝင္တဲ့ Teaser video ေတာင္ ေပါက္ၾကားလာခဲ့ပါၿပီ) ဒီေပါက္ၾကားမႈ ျဖစ္ေပၚၿပီး မၾကာခင္မွာပဲ Huawei က သူတို႔ရဲ႕ Foldable ဖုန္းကို ဘာစီလိုနာၿမိဳ႕က MWC ပြဲမွာ ျပသမယ္လို႔ တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

Huawei က ထုတ္လိုက္တဲ့ Teaser image မွာ Foldable ဖုန္းပုံကို “V” ပုံသ႑ာန္ ေတြ႕ျမင္ရပါတယ္။ ဒီ Foldable ဖုန္းအတြက္ Huawei ကမွတ္ပုံတင္ခဲ့တဲ့ နာမည္ေတြဟာ Mate F, Mate Flex, Fate Flexi နဲ႔ Mate Fold တို႔ ျဖစ္ၾကပါတယ္။ ၿပီးခဲ့တဲ့လတုန္းက Huawei ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္အရဆိုရင္ေတာ့ ဒီ Foldable ဖုန္းဟာ 5G ကြန္ရက္နဲ႔လည္း ခ်ိတ္ဆက္ အသုံးျပဳႏိုင္မယ္လို႔ ယုံၾကည္ရပါတယ္။

ေကာလာဟလသတင္းေတြအရေတာ့ Huawei ဟာ သူ႔ရဲ႕ Foldable ဖုန္းေတြအတြက္ ေတာင္ကိုရီးယားက Carrier ေတြနဲ႔ ခ်ိတ္ဆက္ထားတယ္လို႔ သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေတာင္ကိုရီးယားဟာ လာမယ့္ မတ္လမွာ 5G ကြန္ရက္ကို ျဖန႔္က်က္ႏိုင္ဖို႔ ႀကိဳးစားေနလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယားေဈးကြက္ကို ထိုးေဖာက္ဖို႔ Huawei အေနနဲ႔ Samsung နဲ႔ LG တို႔ကို ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

MWC 2019 မှာ Foldable ဖုန်းကို မိတ်ဆက်မယ့် Huawei

၂၀၁၉ ခုနှစ်ဟာ 5G နှစ်လို့ ပြောနိုင်သလို၊ Foldable နှစ်လို့လည်း ပြောနိုင်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းရောက်ရင် ဘာစီလိုနာမှာကျင်းပမယ့် MWC ပွဲနီးလာတော့ နည်းပညာမီဒီယာတွေရဲ့ စာမျက်နှာတွေထက်မှာ Foldable စမတ်ဖုန်းတွေအကြောင်းက အတော်လေး နေရာယူလာကြပြီ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးနှစ်ခုအနက် Samsung ကတော့ MWC 2019 မှာ သူတို့ရဲ့ Foldable ဖုန်းကို သေချာပေါက် မိတ်ဆက်သွားမှာပါ။ (Foldable ဖုန်းအကြောင်းလည်းပါဝင်တဲ့ Teaser video တောင် ပေါက်ကြားလာခဲ့ပါပြီ) ဒီပေါက်ကြားမှု ဖြစ်ပေါ်ပြီး မကြာခင်မှာပဲ Huawei က သူတို့ရဲ့ Foldable ဖုန်းကို ဘာစီလိုနာမြို့က MWC ပွဲမှာ ပြသမယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Huawei က ထုတ်လိုက်တဲ့ Teaser image မှာ Foldable ဖုန်းပုံကို “V” ပုံသဏ္ဍာန် တွေ့မြင်ရပါတယ်။ ဒီ Foldable ဖုန်းအတွက် Huawei ကမှတ်ပုံတင်ခဲ့တဲ့ နာမည်တွေဟာ Mate F, Mate Flex, Fate Flexi နဲ့ Mate Fold တို့ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့လတုန်းက Huawei ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရဆိုရင်တော့ ဒီ Foldable ဖုန်းဟာ 5G ကွန်ရက်နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ကောလာဟလသတင်းတွေအရတော့ Huawei ဟာ သူ့ရဲ့ Foldable ဖုန်းတွေအတွက် တောင်ကိုရီးယားက Carrier တွေနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကိုရီးယားဟာ လာမယ့် မတ်လမှာ 5G ကွန်ရက်ကို ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားဈေးကွက်ကို ထိုးဖောက်ဖို့ Huawei အနေနဲ့ Samsung နဲ့ LG တို့ကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Ref: Android Authority