Zawgyi

Huawei ဟာ လာမယ့္ဒီဇင္ဘာ ၅ ရက္ေန႔မွာ Nova 6 မိသားစုဝင္ေတြကို မိတ္ဆက္လာေတာ့မွာပါ။ ဒါဟာ Nova 5 ထုတ္ကုန္ေတြကို မိတ္ဆက္ၿပီး ေျခာက္လေတာင္မရွိေသးတဲ့ အခ်ိန္မွာ မ်ဳိးဆက္သစ္ေတြကို ျမန္ျမန္ဆန္ဆန္ပဲ ထုတ္ျပလာခဲ့တာလည္း ျဖစ္ပါတယ္။

Nova 6 5G စမတ္ဖုန္းမွာ Dual-selfie ကင္မရာအတြက္ Punch-hole Display သုံးစြဲထားတာကို သိခဲ့ၿပီးျဖစ္ေပမယ့္ ယေန႔ထြက္ရွိလာတဲ့ တရားဝင္ Teaser ထဲမွာ ဖုန္းရဲ႕ေရွ႕ေနာက္ဒီဇုိင္းေတြကို ပိုၿပီး ေသေသခ်ာခ်ာ ျမင္လာရပါတယ္။

ေနာက္ဘက္မွာ ေဒါင္လုိက္ထည့္သြင္းထားတဲ့ Triple-cam အတြဲနဲ႔ LED Flash တုိ႔ကို ရွင္းလင္းစြာေတြ႕ရမွာပါ။ Huawei ဟာ ဒီဖုန္းရဲ႕ေက်ာဘက္ဒီဇုိင္းကို Nova စတုိင္လ္ ဒီဇုိင္းအသစ္နဲ႔ထုတ္လုပ္လာေပမယ့္ ေက်ာဘက္မွာ ဘာစာသားမွမပါတဲ့ အျဖဴေရာင္ အေရာင္ေျပးဒီဇုိင္းတစ္ခုကိုလည္း ျမင္ေတြ႕ရပါတယ္။

ဝမ္းနည္းစရာတစ္ခုက Huawei Nova 6 (အနည္းဆုံးေတာ့ Nova 6 မိသားစုဝင္တစ္လုံး) မွာ 3.5mm Audio Jack ေပါက္မပါတာကို ျမင္ရတာပါပဲ။ Fingerprint ကို ဖုန္းရဲ႕ေဘးဘက္က Power ခလုတ္ေပၚမွာ ထည့္သြင္းထားပါတယ္။ ေရွ႕ဘက္ Selfie ကင္မရာထဲမွာ 105-Degree FoV ရွိတဲ့ Wide-angle Sensor တစ္လုံးပါမယ္လို႔ ယူဆရပါတယ္။

ေနာက္ႏွစ္ပတ္ဆုိရင္ Huawei Nova 6 ကို တရားဝင္မိတ္ဆက္လာေတာ့မွာပါ။ အဲ့ဒီအခါမွ Nova 6 မိသားစုဝင္ ဘယ္ႏွစ္ဦးပါဝင္လာမယ္ဆုိတာနဲ႔ နာမည္အတိအက်တုိ႔ကို သိႏုိင္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Huawei ဟာ လာမယ့်ဒီဇင်ဘာ ၅ ရက်နေ့မှာ Nova 6 မိသားစုဝင်တွေကို မိတ်ဆက်လာတော့မှာပါ။ ဒါဟာ Nova 5 ထုတ်ကုန်တွေကို မိတ်ဆက်ပြီး ခြောက်လတောင်မရှိသေးတဲ့ အချိန်မှာ မျိုးဆက်သစ်တွေကို မြန်မြန်ဆန်ဆန်ပဲ ထုတ်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။

Nova 6 5G စမတ်ဖုန်းမှာ Dual-selfie ကင်မရာအတွက် Punch-hole Display သုံးစွဲထားတာကို သိခဲ့ပြီးဖြစ်ပေမယ့် ယနေ့ထွက်ရှိလာတဲ့ တရားဝင် Teaser ထဲမှာ ဖုန်းရဲ့ရှေ့နောက်ဒီဇိုင်းတွေကို ပိုပြီး သေသေချာချာ မြင်လာရပါတယ်။

နောက်ဘက်မှာ ဒေါင်လိုက်ထည့်သွင်းထားတဲ့ Triple-cam အတွဲနဲ့ LED Flash တို့ကို ရှင်းလင်းစွာတွေ့ရမှာပါ။ Huawei ဟာ ဒီဖုန်းရဲ့ကျောဘက်ဒီဇိုင်းကို Nova စတိုင်လ် ဒီဇိုင်းအသစ်နဲ့ထုတ်လုပ်လာပေမယ့် ကျောဘက်မှာ ဘာစာသားမှမပါတဲ့ အဖြူရောင် အရောင်ပြေးဒီဇိုင်းတစ်ခုကိုလည်း မြင်တွေ့ရပါတယ်။

ဝမ်းနည်းစရာတစ်ခုက Huawei Nova 6 (အနည်းဆုံးတော့ Nova 6 မိသားစုဝင်တစ်လုံး) မှာ 3.5mm Audio Jack ပေါက်မပါတာကို မြင်ရတာပါပဲ။ Fingerprint ကို ဖုန်းရဲ့ဘေးဘက်က Power ခလုတ်ပေါ်မှာ ထည့်သွင်းထားပါတယ်။ ရှေ့ဘက် Selfie ကင်မရာထဲမှာ 105-Degree FoV ရှိတဲ့ Wide-angle Sensor တစ်လုံးပါမယ်လို့ ယူဆရပါတယ်။

နောက်နှစ်ပတ်ဆိုရင် Huawei Nova 6 ကို တရားဝင်မိတ်ဆက်လာတော့မှာပါ။ အဲ့ဒီအခါမှ Nova 6 မိသားစုဝင် ဘယ်နှစ်ဦးပါဝင်လာမယ်ဆိုတာနဲ့ နာမည်အတိအကျတို့ကို သိနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena