Huawei ရဲ့ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေရဲ့ Display မှာ Selfie Camera အတွက် Notch ပါဝင်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Notch ပါဝင်နေတာက Apple ရဲ့ iPhone X ဖုန်းကို ဒီဇိုင်းပိုင်းခိုးချတယ်ဆိုတဲ့ ဝေဖန်မှုတွေခံရတာပဲဖြစ်ပါတယ်။

ဒါပေမယ့် Huawei ကတော့ အခုလို ဝေဖန်မှုတွေကို ကုမ္ပဏီရဲ့ Huawei Analyst Summit မှာ ငြင်းဆိုခဲ့ပြီး ကုမ္ပဏီရဲ့ Mobile Chief ဖြစ်တဲ့ Li Changzhu က Huawei ကုမ္ပဏီက Notch ပါဝင်တဲ့ စမတ်ဖုန်းတွေကို Apple iPhone X မထွက်ရှိခင်ထဲက ထုတ်လုပ်ဖို့ စဉ်းစားထားတာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဆိုပါ Li Changzhu ရဲ့ ပြောကြားချက်အရတော့ စမတ်ဖုန်းတွေရဲ့ 16:9 Ratio Display ဟာ အသုံးပြုမှုအလွန်များပြားလာပြီးတော့ နောက်ပိုင်းမှာ စမတ်ဖုန်းတွေအနေနဲ့ Display Ratio အသစ်ကို လိုအပ်တယ်လို့ ယူဆတဲ့အတွက် Notch Display တွေကို iPhone X မထွက်ရှိခင်အချိန်ထဲက စမ်းသပ်နေခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် Huawei P20 Pro စမတ်ဖုန်းမှာပါဝင်တဲ့ Twilight Color အရောင်အသစ်ကိုလည်း ပထမဆုံးအနေနဲ့ မိတ်ဆက်သွားခဲ့တာဖြစ်ပြီးတော့ Huawei ကနေ P20 Pro စမတ်ဖုန်းရဲ့ Twilight Color ကို နောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ ခွဲထွက်နေတဲ့အရောင်အသစ်အဖြစ် ရှိနေစေချင်တယ်လို့ သိရပါတယ်။

Huawei ဟာ အခု Huawei P20 Series ဖုန်းတွေကို အလုံးရေ သန်း ၂၀ ကျော်အထိ ရောင်းချရဖို့ ရည်ရွယ်ထားပြီးတော့ Apple ကိုလည်း iPhone X မှာ Notch ထည့်သွင်းပေးလိုက်တာက သူတို့ကို Mainstream Market ထဲကို ရောင်းချဖို့ လွယ်ကူသွားစေတယ်လို့ ပြောခဲ့ပါတယ်။