Huawei က ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒူဘိုင်းမှာ ထုတ်ကုန် မိတ်ဆက်ပွဲ တစ်ခု ကျင်းပမှာ ဖြစ်ပါတယ်။ လူမှုကွန်ရက်က Teaser အရ Innovative Product Launch လို့ အမည်ပေးထားပြီး “ Creation of Beauty” ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ ထုတ်ကုန်ဟာ MatePad Pro 13.2 သို့မဟုတ် MatePad Pro 11 2024 ဖြစ်နိုင်ပါတယ်။

Huawei Global Product Launch Event Announced For December 12: New MatePad  Pro Expected - MySmartPrice

Teaser ဓါတ်ပုံရဲ့ ညာဘက်ထိပ်မှာ ထူးခြားတဲ့ Accessory ကို တွေ့ရပြီး HarmonyOS ပါတဲ့  နားကြပ် သို့မဟုတ် စမတ် Gadget ဖြစ်နိုင်ပါတယ်။

HUAWEI MatePad Pro - HUAWEI Philippines

MatePad Pro 13.2 ကို စက်တင်ဘာလက ကြေညာထားပြီး Notched Display , Kirin 9000S Chipset နဲ့ 10,100mAh Battery ပါပါတယ်။ ၂ လအကြာမှာ ၁၁ လက်မ မော်ဒယ်ကို ကြေညာခဲ့ပြီး တူညီတဲ့ SoC ထည့်သွင်းထားကာ ဒီဇိုင်း၊ အရွယ်အစား အပါအဝင် ကျန်တဲ့ Specs တွေဟာ MatePad Pro 11 2022 နဲ့ တူညီပါတယ်။

တက်ဘလက် ၂ ခုစလုံးမှာ ပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်တွေ ထည့်သွင်းထားပြီး Screen က Visualization တွေက တူညီကြပါတယ်။ ဘယ်တက်ဘလက်ကို ကြေညာမလဲဆိုတာ တရားဝင် မသိရသေးပါဘူး။ Teaser အရ Huawei ဟာ အဲဒီ မိတ်ဆက်ပွဲမှာ Wearable တွေကိုလည်း ကြေညာနိုင်ပါတယ်။

Ref : gsmarena